မာနများရောင်းရန်ရှိသည်(အပိုင်း၄)

329 26 0
                                    

Unicode.........
မာနများရောင်းရန်ရှိသည်... အပိုင်း၄

မာနတွေရောင်းရန်ရှိသည်
အခန်း ( ၄)
"ဘယ်လိုနေရမှာလဲ..."
"မဆက်ဆံဘဲနေပေါ."
မေးခွန်းတခုမဆုံးခင် အော်မောနီး ဆုံးဖြတ်ချက်ကမြန်မြန်ဆန်ဆန်ကြီးထွက်ကျလာသည်။
"သားအမိတွေဘာဖြစ်နေတာလဲ"
ရေးချိုးခန်းထဲကထွက်လာသည့်လီဂျန်ဟို က သားအမိနှစ်ယောက်အခြေအနေကိုအကဲခတ်၍မေး၏။လီဆာကစီးကရက် လက်ကြားညှပ်လျက် ထိုင်နေရာကနေ အာဘောဂျီးရောက်လာတော့နေရာရွေ.ထိုင်သည်။တစ်သက်လုံး နေခဲ.သည့်ပုံစံအတိုင်း လူကြီးမိဘတွေကမျှော်လင့်နေပေမယ်.သူနဲ.မသက်ဆိုင်သလိုလို၊မသိသလိိုလို။
" အိုးပါးသားကလေ"

" ဘာဖြစ်ပြန်ပြီလဲ"
"ဂျန်ယွန်းန ရဲ.သမီးလေ ၊ဂျန်ဟေယွန်းယွန်း"
" ဂျန်ဟေယွန်းယွန်း....၊ ယွန်းယွန်း...သြော်..."
သူမျက်နာခပ်စောင်းစောင်းငဲ့ပြီးစီးကရက်သောက်နေလိုက်၏ကာဘောဂျီးဆီက ရာသီဥတုကတော့ကိုယ်ဘက်ပါနိုင်ချေရှိတာကိုနားနှင့်ဆုံးဖြတ်လိုက်နိုင်သည်။
"အင်း...ယွန်းယွန်ဆိုမှပဲသတိရတော့တယ် ၊ သူတို.သူငယ်ချင်းတွေပဲကွာ"
" ဘာသူငယ်ချင်းလဲအိုပါး၊ရှင့်သားကိုဟိုးတုန်းကအနူအဝဲသူတောင်းစားလို သူ.သမီးနဲ.အတူတူဆော့ခွင့်မရှိဘူး၊မုန်.အတူတူစားခွင့်မရှိဘူးနဲ ၊ထွီ...ထွမ်..မလုပ်ရုံတမယ်ပဲဆက်ဆံခဲတာ"
" ဂျင်ယွန်းနတို.ကအပြောရိုင်း၊စရိုက်ကြမ်းနဲ.ပါချမ်းသာတဲ.လူတိုင်းအဆင့်အတန်းမြင့်မြင့်မနေနိုင်ဖူးကွ၊ဆုံးမ မနိုင်လို.ဆိုးသွမ်းနေတာတွေရှိတာပဲ"
"ရှိတာပေါ.၊အဲဒီမှာလူရည်မွန်လေးလေ"
လီယူနာကသူ.ကိုမေးငေါ.ပြလိုက်မှန်းသိကာလီဆာကပြုံး၏။မိဘကဆူနေတာကိုစီးကရက်သောက်မပျက်သည့်အပြင်ပြုံးနေလိုက်သေးသည်။
လီယူနာကတော့သားဖြစ်သူကိုအသည်းယားကာ
မျက်နာရှုံမဲ့နေသလောက်ဘီဂျန်ဟိုကတော့ပြုံးတုံ.တုံ.မျက်မှာနှင်....။
" မင်းကဘယ်လိုဖြစ်လာမလဲမသိဖူးရှေ့လျှောက်တော်သင့်ကောင်းမွန်တဲ.သားဖြစ်ဖိုာအာဘောဂျီးမျှော်လင့်နေချင်တယ်"
" ကျွန်တော်အခုကြိုးစားနေတာပဲ အာဘောဂျီး"
"မဆိုးကာဘူးဘို.ပြောနိုင်ပေမဲ.ကြိုးစားနေတဲ.လူငယ်တစ်ယောက်တော့မဟုတ်သေးဖူးသား၊အလုပ်လဲလုပ့်တယ်၊ထင်သလိုလိုလဲနေတယ်အဲဒီလိုထင်သလိုနေတဲကိစ္စမှာအသောက်အစားညလောင်းကစားမဖက်တော့လူဆိုးလေးလို့ပြောလို့မရတာပဲ၊ဒီလောက်နဲ.လူငယ်တယောက်ရ​ဲ့အနာဂတ်က အကောင်းဆုံးဖြစ်လာမှာမဟုတ်ဘူး"
အကောင်းဆုံးကိုလက်ထဲကိုချက်ချင်းရောက်မလာနိုင်ဘူးဆိုတာပဲ​၊အာဘောဂျီးတို.ကနားလည်ပေးသင့်ပါတယ်"
"ဘာဖြစ်လို.မရောက်နိုင်ရမှာလဲသား...။မင်းကိုမိကောင်းဖခင်ကမွေးထားတာ၊အာဘောဂျီးတို.ကမချမ်းသာခဲ.ကြပေမယ်.မင်းကလဲသံချေးတက်နေတဲ.သံပြားတစ်ချောင်းမဟုတ်သလိုဖေဖေတို.ကလဲသားတစ်ယောက်ကိုမွေးတော့မွေးထုတ်လိုက်ပြီးလမ်းပေါ်မှာမတော်တဲ.သူကကျွေးဆိုတာမျိုးမွေးမြူခဲတဲ.မိဘမျိုးမဟုတ်ဘူး၊သားရဲ.အသိအာဘောကြီးတို.ရဲ.ဆိုဆုံးမမူတွေ၊မင်းရဲ.ခေါင်းထဲမှာပြည့်ဝနေပြီးသားပါ၊မင်းကိုယောကျာ်းဆိုတာကောင်းတစ်ယောက်ဖြစ်အောင်မွေးမြူခဲ.သလိုယောကျာ်ကောင်းဆိုတာဖြစ်ချင်တာကိုဖြစ်အောင်လုပ်နိုင်ရမှာပေါ. သူများကိုနားမလည်တဲ.သူဟာကိုယ်ကိုသူများနားလည်တာ မလည့်တာကိုလဲဂရုစိုက်တက်ကြဘူး၊ငါသားကျမှ.."
" ဒီလိုမဟုတ်ဖူးကျွန်တော်ကသူများပေးသနားတာကိုအမုန်းဆုံးပဲ၊သူများကနားလည်ပေးတာကို လိုချင်လို.​ပေါတာမဟုတ်ဘူး ၊ တခုဝန်ခံရရင်."
သူစကားထောက်သွားတာကိုလီဂျန်ဟိုကနာစွင့်နေ၏။
"မမကိုဘယ်တော့မှမမီနိုင်တဲ.အပြစ်တခုရှေ.ဆက်မတင်ဘဲမခံချင်စိတ်တွေနဲ.နစ်မွန်းနေခဲ.တယ် ၊အဲဒါအမှန်ပဲ..."
လီဂျန်ဟို အံ့သြသည့်အ ကြည့်တွေဖြစ်သွားပြီးမှလေးပင်စွာခေါင်းခါသည်။
"ဒါကိုတော့မပြိုင်လျင်ပါနဲ.ကွာ၊ဂျန်းနီက မင်းနဲ.ပြိုင်ပြေးမယ်.မျဥ်းပြိုင်တစ်ကြောင်းမဟုတ်ဖူး၊မင်းသူကိုပြိုင်နေတယ်ဆိုရင်တောင်မင်းရဲ.ကောက်ကွေ့စွာဝိုက်ပြေးနေတဲ.ကောက်ကွေးကြောင်းတွေပေါ်မှာသူကတည့်တည့်ပြေးတက်တဲ.မျဥ်းဖြောင့်တစ်ကြောင်းပဲ၊မင်းသူနဲ.နီးလာပြီထင်လိုက်ဝေးကွာလိုက်နဲ.၊မောပန်းလာတာတာပဲအဖတ်တင်မှာ..."
"အဲဒီလောက်ကွာဝေးနေတာဘာလို့လဲအာဘောဂျီး၊သူကမိန်းမသားတစ်ယောက်ပါ၊ကျွန်တော်ထက်အသက်ပိုကြီးတာကငါးနှစ်တည်း အရွယ်ကွာသလိုဂိုက်ဆိုက်တွေထုတ်ထားပေမယ့်ဘာတွေကွာဟနေလို.လဲ"
"လီဂျန်ဟိုကဘယ်လိုနားချရမှန်းမသိသည့်မျက်နာနှင့်သူ.ကိုငေးနေ၏လီဆာကနားလည်သည်။
" ယောကျာ်းဖြစ်ပြီးမိန်းမတစ်ယောက်နဲ.ပြိုင်ဆိုင်အနိုင်လုနေတာမဟုတ်ဖူးအာဘောဂျီး၊ကွာနေတယ်ဆိုတဲ.အဖြေမှာတစ်ခြံတည်းအတူတူလာနေဖြစ်တာကပဟေဠိပဲ၊ပြီးတော့ကျွန်တော်တို.ကဆွေမျိုးတော်စပ်ကြတာလဲမဟုတ်ဖူး"
     " လီဂျန်ဟို မျက်နှာရှုံ့သွားတာကိုလီဆာကအားမလိုအားမရလိုက်ကြည့်၏။
        " ဘယ်သူက ဘယ်သူ.ကိုမှီနေတာလဲ..၊ကျွန်တော်တို.မိသားစုဘက်မှာအားနည်းနေတာကိုသိပေမယ့် အာဘောဂျီးကသူ.ကို့ဦးဆောင်လမ်းပြတဲ.သူဖြစ်နေတယ်၊အော်မောနီးကသူ.အတွက်လုံခြုံတဲ.အရိပ်ကိုပေးထားတယ်၊ဒါပေမယ့် တိုးတက်မူ.ကျတော့ကျွန်တော်တို.ဘက်မှာဘာမှမရှိဘူး၊ပြောပါဦး အာဘောဂျီး ဘယ်လိုနားလည်မူ.တွေနဲ.လူပ်ရှားနေကြတာလဲ၊ဟိုတစ်ယောက်ကပြောလိုက်ရင်တော့ စကားရော၊လူရောကောင်းကင်မှာတက်ချိတ်နေတာ.."
        "ဆက်စပ်မရတာတွေရှိလာရင်မတွေးနဲ.ပေါ.သားရယ်....၊သူနဲ.အာဘောဂျီးတို.မတူရင် မတူတာကိုပဲမှတ်"
        "ကျွန်တော်ကပုံပြင်နားထောင်တဲ.အရွယ်မှမဟုတ်တာအာဘောဂျီးရာ"
လီဆာကမီးသေသွားပြီဖြစ်သည့်စီကရက်ကိုပြတင်းပေါက်ကနေခြံထဲလွှဲပစ်လိုက်ကာ.....
         "တက်နိုင်ရင်ကျွန်တော်ဒီမှာမနေချင်ဘူး၊သစ်စက်တစ်လုံးပဲရှိရှိအိုးဖုတ်တဲ.ဖိုတစ်ခုပဲပိုင်ပိုင်ကိုယ်စီးပွားကိုယ့်ရပ်ဝန်းမှာပဲနေချင်တယ်"
           "ဒါသားရပ်ဝန်းမဟုတ်ဖူးလို့သားကပြောချင်တာလား"
            "မသိဖူးလေ...၊အတူတူနေကြပြီးဘာတွေပတ်သက်နေမှန်းမသိဖူး၊ အာ​ဘောဂျီးတို.ကလျှို.ဝှက်နေသလိုပဲ"
               "အေး.......မင်းမေးလွန်းလို.အာဘောဂျီးတစ်ခုပြောပြမယ်၊ လျှို.ဝှက်ချက်ဆိုတာလူတိုင်းနေရာတိုင်းအရာရာတိုင်းမှာရှိနေတက်တယ်၊ဥပမာကွာ ကြောင်တွေမှာမသေဆေးပင်ဆိုတာရှိတယ်၊သူတို.ဖမ်းဆီးစားသောက်မိတဲ.သတ္တဝါထဲမှာအဆိပ်ရှိရင်ဒါမှမဟုတ် အဆိပ်ရှိတဲ.သတ္တဝါတစ်ကောင်ကောင်ကိုက်ခံလိုက်ရရင်အဲဒီဆေးပင်ဆီရောက်အောင်ရှာပြီးအဆိပ်ကိုဖြေနိုင်တယ်၊ဒါပေမဲ. ဒါကိုသူတို.ကတခြားသတ္တဝါတွေအသိမခံကြဖူးကွ၊အနီးစပ်ဆုံးပြောရရင်လူပေါ.ကွာ....၊လူကြည်​့နေရင်အ
ဆိပ်ကိုမဖြေတော့ဘဲအသေခံတယ်၊မင်းစဥ်းစားကြည့်လေ..၊ဒါကကြောင်ဆိုတဲ.သတ္တဝါမျိုးရိုးရဲ.တစ်ကိုယ်ကောင်းဆန်ခြင်းတစ်ရပ်၊ဒါမှမဟုတ်လျှိ.ဝှက်ချက်ပေါ.၊ဒါကိုလျှို.ဝှက်ချက်ရယ်လို.သူတို.သိထားတာမှမဟုတ်တာ"
      "ကျွန်တော်အပေါ်မှာမသိစေချင်တဲ.လျှို.ဝှက်ချက်ကဒီလိုအသက်နဲ.ထပ်တူညီတဲ.လျှို.ဝှက်ချက်မျိုးလား အာဘောဂျီး"
လီဂျန်ဟို ကပြုံးလိုက်သည်။
   "တစ်ခါတစ်ရံမှာအသက်ထက်အရေးကြီးနေတာတွေရှိတက်တယ်သားရဲ.၊အဲဒီတော.သားကိုမပြောပြနိုင်တဲ.တစ်စုံတစ်ရာဟာအသက်ထက်အရေးကြီးတာမျိုးလဲဖြစ်ချင်ဖြစ်မှာပေါ.၊ ဒါပေမယ်.မင်းတို. အာဘောဂျီးတို.ရဲ.မိသာစုဘဝအတွက်အရေးပါခြင်း၊မပါခြင်းဘယ်ဘက်မှာပဲထားထားရတယ်၊ဒါကိုမင်းက ဘာလဲဆိုပြီးတစ်ထိုင်ထည်းဆံပင်တွေဖြူသွားအောင်တွေးနေလဲ အာဘောဂျီတို.အတွက်သိပ်.အရေမပါတဲ.အဖြစ်တွေ့မို.လို.နောက်ထပ်မရေရာတဲ.ကောင်းကျိုးမကောင်းကျိုးတွေဖြစ်မလာအောင် ပါးစပ်ပိတ်နေရမှာပဲ "
         အာဘောဂျီး ပြောနေတာတွေကိုသူလိုက်မမှီတော့ပါ။ဒါပေမယ့်မရမက မေးဖို.ကလဲမဖြစ်နိုင်...။
          "အတိတ်ကိုသမင်လည်ပြန်ကြည့်ပြီး တွေဝေရင်းငေးနေမလားဒါမှမဟုတ်ပစ္စုပန်မှာငုတ်တုတ်ထိုင်ပြီးသက်ပြင်းချသံတွေကိုရေတွက်နေတော့မလား၊အေး.. မင်းရဲ.ခေါင်းထဲမှာအနာဂတ်ကိုမေ.ထားလိုက်ရင်တော့ သွားပြီငါ.သား...၊ဘုရားအလောင်းဇနကမင်းသားဟာပင်လယ်ထဲမှာမုန်တိုင်းမိတာနဲ. ဒီခရီးကိုငါမထွက်မိရင်ကောင်းသားလို.နောင်တတွေနဲ.တွေဝေမိူင်းငေးနေခဲ.ရင်အသက်ရှင်ခွင့်ရခဲ.ပါ.မလား
အာဘောဂျီဆီကမင်းလိုချင်တဲ.အဖြေစကားမကြားရလို့၊ဒီဘဝဒီနေရာမှာပဲဒီကျောက်ချနေတော.မယ်ဆိုရင်တော့ သဘောပေါ.ကွာ"
            လီဂျန်ဟို စကားဖြတ်၍ထိုင်ရာမှထသည်။ဒီစကားဒီလိုအခြေအနေရောက်လာတိုင်းလီဂျန်ဟိုဘာမှမမေးရဲအောင်ဖိနှိပ်ပိတ်ဆို.သွဲ.ခဲ.ပါ၏။
            "သြော်..နေဦး"
           သူပဲထပြီးသူ.ဘာသာနေဦးပြေး
ပြောပြီကာလီဂျန်ဟိုကလီဆာရှေ့မှာရပ်လိုက်ပီး....
"စကားတွေအများကြီးပြောဖြစ်သွာပြီးအစကပြောနေတဲ.အကြောင်းကပျောက်ဲသွားတယ်၊ယွန်းယွန်းတို့ကရန်ကုန်ကိုပြောင်းလာကျတာလား၊မင်းနဲ.ခုမှဆုံဖြစ်တာလား"
         "သူနဲ.ကျွန်တော်ဆုံဖြစ်တာကြာပါပြီ"
          "ဘယ်လောက်ကြာလဲ...၊တန်းမှတ်မိကြတာလား"
          "ဟုတ်တယ်..အာဂျောရှိဆိုတဲ.လူကြီးနဲ.သစ်စက်ထဲရောက်လာကြတာ၊စကားပြောရင်းနဲ.တစ်ယောက်ကိုတစ်ယောက်အကဲခတ်ရင်းမှတ်မိသွားတာပဲ၊သူ.အမေပဲပါတယ်တဲ.၊ခုတော့သူတို.တစ်မိသားစုလုံးရန်ကုန်မှာအခြေချနေကြမှာလို.ပြောတယ်"
          "ခုဒီမှာလူမစုံသေးဘူးပေါ.
လီဆာကခေါင်းညိတ်သည်
            " အေး.. အာဘောဂျီးစကားအများကြီးမပြောချင်ဖူးကွာ၊မင်းအာမောနီးကတော့မိန်းမသားပီပီမကျေနပ်နိုင်တာတွေကိုပြောပြီးမင်းနားပူအောင်ပြောမှာပဲ၊အဓိက ကအရုပ်ရေးတယ်ဆိုတာလဲ အရောင်ခြယ်မှရုပ်လုံးပေါ့်တာပါ၊ငယ်ဘဝလေးတွေဟာသရုပ်ဖော်ပုံလေးတွေလိုပဲကွအရောင်တင်ပြီဆိုတာကတော့အရွယ်ရောက်တဲ.အချိန်ပေါ.၊ကိုယ်ရေးတဲ.အရုပ်ကကိုယ်ခြယ်မှူန်းတဲ.အတိုင်းထွက်လာမှာပဲ၊အကောင်းဆုံးဖြစ်အောင် စဥ်းစား..."
                 အာဘောဂျီးထွက်သွားပေမဲ.သူငုတ်တုတ်မေ.ကျန်ရစ်ခဲ.၏။ပြောသွားသမျှယောကျာ်းကောင်းအလက်ာတွေ၊ချိန်ထိုးစဥ်းစားဖို.အတွက်ကသမာဓိချိန်ခွင်ကြီးလိုတာလား၊လျှပ်စစ်ကွန်ပျူတာလိုဦးနှောက်လား...။
ခေါင်းထဲမှာရှုပ်ယှက်ခတ်ကျန်ရစ်ပြီး
အာမောနီး ပြောသွားတဲ.မကျေနပ်ခြင်းတရားတွေထဲမှာလီဆာချိန်ထိုးဆုံးဖြတ်ခွင့်မပါတာသူသိသည်။တစ်ရံဆီအခါကဂျန်ယွန်းန၏မောက်မာရိုင်းစိုင်းခဲ.သမျှအပေါ်မှာလဲနာကြည်းနေခဲ.၏။ယွန်း သူ.အပေါ်အနိုင်ယူတက်တာကိုလည်းမကြိူက်ပေ..။
                     "လာစမ်း..၊မင်းအပြင်ကိုလုံးဝမထွက်နဲ.၊မအေခင်ကြီးကျယ်သမီးကဆတ်ဆလူးလေး ၊ဖြစ်ပြီဆို အသားမထိရသေးဖူးအသံပြဲ​ကြီးနဲ...၊တောက်....."
                  ကိုယ့်ကလေးကိုဖိချုပ်ထိန်းသိမ်းပေမယ့်သူကလည်းယွန်းကိုခင်တွယ်နေခဲ.၏။ယွန်းအဖေကသမီးကိုယောကျာ်းလေးဖြစ်စေချင်ခဲ.တာမို.ကြိုတင်ဝယ်ခြမ်းထားခဲ.သည့်ကသားစရာတွေကရောနောက်မှဝယ်ပေးတဲ.အရုပ်တွေရော၊အားလုံးကစက်ရုပ်တွေရော၊ပြိုင်ကားတွေပဲဖြစ်နေ၏။
    ဒါကိုသူသဘောကျမဆုံး၊ယွန်းရောက်လာမှကစားစရာတွေပါသည်။ယွန်းနဲ.ဆော့မှဒါမျိုးတွေကိုသူကိုင်ခွင့်ရသည်။
ယွန်းတို.တို.တိုက်ကြီးရဲ.နောက်ဖေးလမ်းထဲကခြံကျယ်ကြီးမှာလီဆာဆိုတဲ.ကောင်းလေးနေခဲ.၏။အဖေဖြစ်သူကသူများတွေနိုင်ငံခြားထွက်ပြီးစီးပွားရှာတာမဟုတ်ရန်ကုန်မှာအလုပ်လုပ်နေသည်၊လစဥ်ပို.ပေးတဲ.ငွေတွေကလဲမနည်းလှအမေရယ်လီဆာရယ်အတွက်ဘာမှမပူပင်ခဲ.ရပေ...။
ကိုယ်ဘာဝလေးနှင့်ကိုယ်ပြည့်စုံနေသော်လည်းဂျန်ယွန်းနအမြင်မှာတော့နောက်ဖေးချောင်ကအနုပ်စုတ်ကုပ်စုတ်တွေဆိုတာပါးစပ်ကမချ....။
           ယွန်းနဲ.သူငယ်ပေါင်းကြီးစစ်စစ်ကြီးမဟုတ်ဘဲယွန်းတို.နောက်ဖေးခြံတံတိုင်းခတ်ကာမှတအားရင်းနှီးသွားခဲ.တာဖြစ်သည်။
             ယွန်းတို.၊လီဆာတို.တခြံထဲကူးလူးဝင်ထွက်တက်တာမကြိုက်တော့တခြမ်းပြိုကျနေသည်တံတိုင်းကိုအားလုံးဖြိုပစ်လိုက်ပြီးအသစ်ပြန်ခတ်၏။သိုသော်တံတိုင်းဖြိုပြီးမှတစ်ဖက်ကဆက်သွယ်ရေးရုံးဝင်းနှင့်မလွတ်မလပ်ဖြစ်နေသောကြောင်ဟိုရှင်းဒီရှင်းဖြစ်နေသဖြင့်တော်တော်ကြာသွား၏။
                  ဒီပြဿနာကြားမှာလူကြီတွေအလုပ်ရူပ်နေတုန်းယွန်းနှင့်လီဆာကပျော်လို.မဆုံးနိုင်။မခွဲနိုင်မခွာရက်ခင်တွယ်ကြတာမျိုးတော့မဟုတ်ပါ...။
                    အဘွားဆုံးတော့လီဆာတို.ရန်ကုန်ကိုပြောင်းကြဖိုအာဘောဂျီးကအကြောင်းကြား၏။သူနူတ်ဆက်ဖို.လည့်ဖို.လည်းယွန်းကိုရှာမတွေ့ယွန်းလည်းသူဆီရောက်မလာ..။
အိမ်ကိုပြန်ကြည့်ရင်ကလေးဘဝမှာက​လေးဘဝမှာကလေပီပီဝမ်းနည်းသလိုခံစားခဲ.ရသည့် ချစ်ခင်ခြင်း၊ကွဲကွားခြင်းကတော့ဒါပါပဲ..။
                       ခက်သည်ကပြန်တွေ့ကြ​ေတာ့ယွန်းဆိုတဲ.ကောင်မလေးကမူမူနွှဲ့နွှဲ့ချစ်စရာလေးဖြစ်နေခဲ.၏။
ချစ်တော့မချစ်မိသေးဖူးထင်တာပါပဲ ။

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Where stories live. Discover now