မာနများရောင်းရန်ရှိသည်(အပိုင်း၅)

286 23 0
                                    

Unicode....
မာနများရောင်းရန်ရှိသည်

အခန်း (၅)

" တကယ်လား..၊တကယ်မရှိသေးတာလား"
" တကယ်ပြောတာ၊ မယုံဘူးလား"
"အင်း.."
ယွန်းကခေါင်းလေးညိတ်ပြီးရယ်သည်။ပုခုံးအောက်လောက်ထိ ပျော.ပျော.စင်းစင်းလေကျနေသော အနီရောင်သမ်း​ေသာဆံပင်တွေကသူမခေါင်းငဲ.လိုက်တိုင်းအရောင်လက်နေသလိုပင်။
ယွန်းကိုသူတွေ့တိုင်းအနီတွေအနက်တွေပဲအဝတ်များကာမျက်ခွံစပ်လေးတွေမှာကာလာတွေထင်းနေအာင်တင်ထားတက်၏။

မျက်ခုံးတန်းသွယ်သွယ်လေးကလည်းအညှိရင့်ရောင်ထင်နေသဖြင့်သူမမျက်ခုံးလေးပင့်ပြီးစကားပြောတိုင်းရင်ခုန်ဖို.ကောင်းသည်။
ယွန်းကသဘော်သီးဖျော်ရည်ကိုဇွန်းနဲ.မွှေရင်းမျက်လွှာလေးပင့်ကြည့်ကာ.......
"မယုံတာကဒီလိုပါ၊ယူကအရမ်းချောလာတယ်၊စီးပွားရေးအရလဲအမှတ်ပြည့်အဆင့်ကိုရနေပြီမို.လား"

"ဘယ်စာမေးပွဲမှာအမှတ်ပြည့်နိုင်တာလဲ"
"သွားပါ...၊သူ.ကိုယ်သူရိုးရိုးသားသားပုံလေးနဲ."
"သြော်........ကဲတကယ်မေးနေတာ၊ကိုယ့်ကိုကိုယ်ဘယ်လိုကောင်မှန်းတောင်ဂရုမစိုက်မိခဲ.ဘူး"
ယွန်းကမဲ.မဲ.လေးကြည့်၍

"ဟုတ်ပါတယ်၊ဒီကတော.ဂရုစိုက်မိတယ်လေ၊ယူ့​အကြောင်းပြောပြတော.မေမေကိုယ်တိုင်အ့ံသြော်နေတာကိုး၊ဒီလိုကြိုးစားသွားရင်ဒီထက်အောင်မြင်မှာတဲ."

"အဲဒီတော့"
"အဲဒီတော့ဤကဲ.သို.သောအထက်ပါအောက်ပါ။အရည်အချင်းတွေများရလိုလျင်တဲ.မိန်းကလေးတွေအများကြီးဖြစ်နေမှာပေါ.

"အဲဒီထဲမှာမင်းလဲပါလား"
" လီနော်....ဘာလဲလူကိုရည်းစားစကားတွေပြောနေတာလားမဖောက်ပြန်နဲ့"
"မပြောသေးပါဖူး၊ ပြောရင်ဖြစ်နိုင်မလားလို.သွေးတိုးစမ်းနေတုန်း....."
"သေလိုက်"

ယွန်းမျက်နှာလေးကပါးမို.လေးတွေရဲနေတော့ပိုလှသည်၊သူစိုက်ကြည့်​တော့ယွန်းမျက်လွှာချနေလေသည်....။
"ဒီမှာဒီကိုကြည့်..မေးစရာရှိတယ်"
"ဘာလဲ"
"မင်းမှာရောချစ်သူရှိနေပြီလား"

ယွန်းက အအေးသောက်လိုက်ရင်းပြုံးသည်။နားနှစ်ဖက်မှလိမ္မော်ရောင်နားကွင်းကြီးတွေလှုပ်ခတ်သွားခဲ.ပြီး......
"အမှန်အတိုင်း ဖြေရမှာလား"
"ဒါပေါ."
"ရှိဖူးတယ်"
"ဘယ်နှစ်ယောက်လဲ"
တစ်ယောက်ပဲပေါ.ဘာညာနှင့်စိတ်ဆိုးမာန်လေးဖြစ်သွားပြီမှဖြေမယ်ထင်သော်လည်းယွန်းကခေါင်းညိတ်လေသည်။

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Onde histórias criam vida. Descubra agora