မာနများရောင်းရန်ရှိသည်(အပိုင်း ၇)

281 23 0
                                    

Unicode font

မာနများရောင်းရန်ရှိသည်
အခန်း ( ၇  )
" သူ့ဘာသာဘာတွေပဲထူထောင်ထူထောင်လေ ၊ကျွန်တော့်သစ်စက်နဲ.ချိတ်စရာလား..."
"သားရယ်...၊မိသားစုလို နေလာကြတဲ.လူတွေမို.လို.၊ ခြေရင်းခေါင်းရင်းမခဲွဲခြားဘဲတစ်ပြေးညီတည်းသတ်မှတ်လိုက်တာပေါ. ၊အခုကုန်မာစက်ရုံပြီးသွားပြီ၊သစ်ခွဲစက်ကြီးရှိတယ်၊ဂျန်းနီရဲ.ကြည့်စမ်း..."
အာဘောဂျီး ကပြောလိုက်၊​ေအာ်မောနီးကချီးမွမ်းလိုက်၊သူ.အတွက်တော့ဘာမှမပါပေ။ကိုယ်.ဘာသာသံထည်စက်ရုံမကလို.နတ်ရေကန်ကြီးပဲတည်တည် လုပ်ပေါ.၊ ဒါနှင့်ဟိုဝါနှင့်ချိတ်ဆက်ပြီးကွန်စရပ်ရှင်လုပ်ငန်းထူထောင်ဦးမည်တဲ....။
ဒီမိန်းမ ဘာဖြစ်လို.လောဘတွေဒီလောက်တက်နေတာလဲ၊ယောကျာ်းတွေကြီးကြီးငယ်ငယ်အားလုံးနှင့်ပြေပြစ်အောင်ဆက်ဆံသလိုလုပ်ငန်းအင်ပါယာတွေချဲ.လာလိုက်တာကြောက်စရာ..။
ဒါတောင် ခေါင်းစဥ်တပ်ထားတာကျမိဘမဲ.တစ်ကောင်ကြွက်မိန်းကလေးတဲ့...၊လေးငါးဆယ်ကောင်အစုလိုက်ရှိကြတဲ.ကြွက်တွေထက်ရှေ.ကအများကြီးပြေးချင်နေတာကျတော့ဘယ်မှာလည်းငယ်တဲ.မျက်နှာ..။
" ဒီကိစ္စ ကျွန်တော်မမနဲ.ပြောမယ်.."
" သား....."
သူဖျတ်ခနဲ.ထရပ်လိုက်တော့အော်မောနီး ပါပြိုင်တူပါလာကာ
"ဘာကိုမေးမှာလဲ..၊ မင်းတောင်မှလုပ်ငန်းတွင်ကျယ်လာဦးမယ်.ကိစ္စ၊ယောကျာ်းလေးဖြစ်ပြီးသဘောထားသေးရာကျဦးမယ်ကွယ်..."
"ကျပါစေ..ကျွန်တော့လက်နဲ.ရေးလို.ဘာပုံပဲထွက်လာလာသူများလက်လျှိုပြီးဆရာလုပ်မှာတော့မခံနိုင်ဘူး၊ဟုတ်တယ်..၊ဂျန်းနီကင်မ်ဆိုတဲ.မိန်းမနဲ.ပတ်သက်ရင်သဘောထားသေးတာမဟုတ်ဘူးရှိကိုမရှိတာ.."
သူ ဒီဘက်ကနေ ဟိုဘက်ကိုချက်ချင်းကူးသွားသည်။
"မိသီ တံခါးတွေပိတ်ပြီးရင်နင်အိပ်တော့..."
" ဟုတ်ကဲ.မမ...."
စကားသံကြားလိုက်ရပြီးသူဝင်လိုက်တဲ့ဘက်ကိုအိမ်ဖော်ကောင်မလေးထွက်လာ၏။
သူကိုမြင်တော့ ဒီဘက်မလာပဲဟိုဘက်တံခါးတွေဆီပြန်လှည်သွားသည်။
ဒီအိမ်နှစ်အိမ်ကဘယ်အချိန်ဖြစ်ဖြစ်သူကူးသန်းသွားလာနေကျ။တခါတလေဆိုအာဘောဂျီးကိုယ်တိုင်စာရင်းလုပ်နေရင်းနှစ်ယောက်ထဲမနိုင်လို.သူ.ကိုလှမ်းခေါ်သည့်အခါသားအဖနှစ်ယောက်ဟိုဘက်ကိုပြန်ကူးရတာကညဥ့်နှစ်နာရီကျော်မှ.....
"မမ....."
ထမင်းစားခန်းထဲထိဝင်လိုက်သွားတော့ဂျန်းနီကပန်းသီးတစ်လုံးကိုင်လျက်စားဖို့ရေးဆေးနေသည်။တချက်ပဲလှမ်းကြည့်ပြီးပန်းသီးကိုအခွံခွာခြင်း စတင်ရင်း..
"ဘာလဲ..."
"မမ အခုချမှတ်လိုက်တဲ.ပရော.ဂျက်မှာကျွန်တော်လုံးဝမပါဘူး..."
" မင်းကိုဘယ်သူကခေါ်လို.လဲ..."
ပန်းသီးအခွံခွာရင်းဂျန်းနီကခုံဘေးမှာရပ်နေလျက်ထိုင်လည်းမထိုင် သူ.ကိုလည်းမကြည့်..။
" ထားလိုက်ပါ၊လူကိုမခေါ်သလို အဲဒီလူရဲ.အလုပ်ကိုလဲမစဥ်းစားပါနဲ.၊မမနဲ.ကျွန်တော်ဘာအလုပ်အကိုင်ကြောင့်မှလက်တွဲဖြစ်ဖို.မလွယ်ဘူး..."
ဂျန်းနီ မျက်နှာလေးမော့လာ၏။
" မင်းကိုမလိုအပ်လို.မမေးတဲ.နောက်မှာမင်းဒါတွေကိုဒီထိလာကြေညာနေဖို.မလိုဖူး လီလီ၊ မိဘလက်အောက်မှာပဲရှိနေသေးတဲ.လူတစ်ယောက်ဟာ ဥပမာ မင်းလို....၊အဲဒီမှာသွားထိုင်၊အဲဒါကိုလုပ်လို.မိဘကညွှန်ပြထားလို.မတက်သာစွာပါဝင်ဦးစီးနေရတဲ.သူအတွက်ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး ဦးဆောင်ရမှာ မဟုတ်ဘူး.."
" မမ..."
" နေအုန်းပြောဖို.ကျန်သေးတယ်၊အဲဒါကြောင့်အာဂျောရှီးနဲ.တို.တိုင်ပင်လိုက်တယ်၊အားလုံးညှိနိူင်းကြပြီးမှဆုံးဖြတ်ခဲ.တာ၊ဆိုလိုတာကမင်းဒီနေရာမှာပြောနေရင်အသက်ထွက်သွားလဲ စိတ်မကောင်းရုံအပြင်ဘာမှပြောင်းလဲသွားဖို...."
လီဆာ မျက်ဝန်းတွေကစူးရဲနေလျက်..။
" ကျွန်တော်ကလဲ ကျွန်တော်အရည်အချင်းကောင်းတွေ ဘယ်လောက်ပဲရှိနေပါတယ်လို.မမကိုလာရွတ်ပြနေတာမဟုတ်ဘူး၊အခုကျွန်တော်လုပ်နေတဲ.လုပ်ငန်းဟာမနက်ဖြန်၊သဘက်ခါမှာပဲထင်းပုံဘဝကိုရောက်သွားသွား၊အဲဒါကျွန်တော့်အပိုင်း၊အခုပြောနေတာကမမစီးပွားရေးတွေ သံစုံမြည်ဖို.အတွက်ကျွန်တော်လက်တွဲမပေးနိုင်ဘူး..."
" အား..."
လက်ကိုဓားထိသွားပြီထင်သည်။လီဆာမျက်နာမဲ.ပြုံးတစ်ချက်ဖြစ်သွား၏။
ကိုယ်ဒေါသနှင့်ကိုယ်ပဲ..၊စားပွဲစွန်းမှာလက်ဖက်တင်ပြီးရပ်နေရာကနေလက်ပိုက်ပြောင်း၍သေသေချာချာကိုကြည့်ပေးလိုက်၏။
ဂျန်းနီကလွတ်ကျသွားသည့်ဓားကိုကောက်၍ရေဆေးလိုက်သေးသည်။ပြီးတော့ဓားကိုဓားစင်မှာသေချာစိုက်ထားလိုက်၏။လက်ဖဝါးကိုထောင်ထားကာဘယ်ထွက်သွားမှန်းမသိပေမယ့်မျက်လုံးကသူမကိုပဲလိုက်ကြည့်နေမိတာမို.ဆေးပုလင်းနှစ်လုံးနှင့်ပတ်တီးယူပြီးရိူးကေ.စ်ပုလင်ဘေးနားမှာအလုပ်ရူပ်နေတဲ.အထိမြင်နေရ၏။
သူမတစ်ခုခုဆက်ပြောလာမလားလို.သူထွက်မသွားဖြစ်တာဖြစ်သည်။ဒါပေမဲ.ကြည့်နေရင်း သူ.မျက်နှာတည်သွား၏။
ထောင်ထားသည့် ဂျန်းနီလက်ချောင်းကြားထဲကနေန​ီရဲတ​ဲ့သွေးတွေစီးကျလာတာမီးရောင်အောက်မှာစွေးစွေးနီနေသည်။
"ဘာတွေစိတ်ကူးယဥ်လွန်နေလို.အဲလောက်ထိသွားတာလဲ.....။
မနေနိုင်တဲ.စိတ်ကသူမနားကိုဘယ်လိုရောက်သွားမှန်းမသိ
"ရတယ် ၊ရတယ် ဖယ်...."
" မရလို.၊ခုထိမရဘူးဖြစ်နေတယ်မို.လား၊ဖယ်ပါ လက်က..."
လက်ခလယ်ထိပ်ဖျားမှာမန်ကျည်းစေ.တခြမ်းလောက်ဝိုက်လှီးခံထားရသလို ဓားရာကြီးကထင်နေ၏။
အရက်ပြန်နှင့်ဖိပွတ်၊ဆေးကြောနေရင်းကတောင်သွေးတွေကဖြာခနဲ. ရဲတက်လာလိုက်၊တစိမ့်စိမ့်စီးကျသွားလိုက်။
နူတ်ခမ်းလေးကိုက်ထားသည့် ဂျန်းနီမျက်နာကို နီးနီးကပ်ကပ်လေးမို.တစ်ချက်တော့စိုက်ကြည့်မိသည်။ဒဏ်ရာကသိမ့်တော့မကြီးပေမဲ.မသေးပေ..။
ယောကျာ်လေးတွေတောင်မှ အရက်ပြန်နှင့် ဒဏ်ရာဒီလောက်မိတ်ဆက်နေမှတော့ အသံမထွက်ပဲနေနိုင်မှာမဟုတ်။
ဂျန်းနီကင်ဆိုသည်မိန်းမက တွန့်ကနဲ.တောင်မဖြစ်။ညည်းညူရှုံ.မဲ.ခြင်းလည်မမြင်၊ ဘာလဲ.....၊
ဒီနေရာမှာလည်းဂုဏ်ယူဝင့်ကြွားစွာဟန်ဆောင်ကြီးကျယ်ပြတာပဲလား...။
ပတ်တီးစည်းပေးရင်းဖြတ်ခနဲထဖြစ်ခဲ.သည်။စေတနာတွေ ကြက်ပျောက်၊ငှက်ပျောက်ဖြစ်ကုန်၏။ဒီမိန်းမကြောက်တတ်တဲ.စိတ်ရောရှိရဲ.လား..။
သူကြားဖူးသည်။သူမ ဆယ်တန်းအောင်တဲ.နှစ်က ကားအက်ဆီးဒင့်ဖြစ်ခဲ.သည်တဲ.။မြို.ဆက်ဝေးသည့်နေရာမှာမို.ဖြစ်သည့်ကားကလဲမောင်းပြေးသွား၏။ကားမောင်းသည့်အာဂျောရှီးသည်သတိရတစ်ချက်မရတစ်ချက်ဖြစ်ကာသူမနဖူးမှာလည်းဒဏ်ရာရခဲ.သည်ဟုဆိုသည်။
လာသည့်ကားကိုအကူအညီတောင်းတာမရတော့၊ကားသမားကိုခဲနဲ.ကောက်ထုပြီးသူမကိုယ်တိုင်ထိုကားကိုမောင်းပြန်ခဲ.သည်တဲ့.....။
သတ္တိကတော့ရာဇဝင်နှင့်သမိုင်းနဲ.ပါ..။
"ရပြီ..၊ ပတ်တီးတွေဒီလောက်ထူ​နေအောင်စည်းဖို.မှမလိုတာ..."
" ဟင်.."
အတွေးလွန်သွားသဖြင့် ဂျန်းနီအသံထွက်လာမှအထပ်ထပ်ပတ်နေမိသည့်ကိုယ်လက်ကိုသတိရ၏။
ဒါပေမဲ. ကိုယ်မှားသွားတာကိုလည်းဝန်မခံချင်..။
" သွေးတွေတအားထွက်နေလို.လေ၊ဘာလဲမမျိုနိုင်၊မသိပ်နိုင်ဖြစ်အောင်နာသွားလို.လား.."
"နာသွားအောင် လုပ်နေတာလားလို.သတိပေးတာ၊ဒီလောက် အသံမထွက်တဲ.မိန်းမ သေစမ်းဆိုပြီးတော့..."
"ဟာ....အဲဒါတော့မမအသားလွှတ်စော်ကားလိုက်တာပဲ၊စေသနာတွေ ဗလပွနဲ.မဟုတ်ပေမဲ. နေမယ်ဆိုအနေသာကြီး.."
"နေလိုက်ပေါ.ကွာ၊ဒါ အသက်ပါသွားနိုင်တဲ.ကိစ္စမှမဟုတ်တာ၊သွားတော့..."
ခံပြင်းစိတ်ကြောင့် ပခုံးနှစ်ဖက်ကနေဆွဲခါပြီးကိုင်ပေါက်ခြင်စိတ်ကိုမနည်းချူပ်တီးနေရသည်။ထိုအခါ ဆက်လက်ရပ်တည်နေဆဲသူ.ရဲ.မီးတောက်မျက်ဝန်းများနှင့်လီဆာနောက်တလှမ်းရွှေ.လိုက်ပြီးမှ...."
" တောက်..!"
"ဟေ. ..."
ချာကနဲ ကျောခိုင်းပစ်လိုက်တော့ ဂျန်းနီထံမှ တားဆီးသံ ဟိန်းထွက်လာ၏...
   " ငါ မင်းထက်အသက်ကြီးတယ် လီဆာ.မျက်နှာ တည့်တည့်ကြည့်ပြီး တတ်ခေါက်တဲ့အထိ မရိုင်းစိုင်းပါနဲ့ "
     " ဟုတ်ပါတယ်..လေးစားပါတယ်..ခင်ဗျားက လေးစားသင့်တဲ့ မိန်းမတစ်ယောက်ပဲ.. ဒါပေမယ့် အဲ့ဒီလို လေးစားကြပေးမယ့် လူတွေထဲမှာ ကျွန်တော် မပါဘူး "
သူ့ကျောပြင်ကိုကြည့်နေရင်း ဒေါသဖြစ်ရခြင်းက ခါးသီးစွာ မုန်းတီးမိတဲ့အထိ ဖြစ်၏။ မျက်နှာချင်းဆိုင်ပြီး မကျေမလည်တွေ ပြောမိကြတိုင်း မကြာခဏကြားရတတ်ကာ ဒီတတ်ခေါက်သံ.....ပြီးတော့ စိတ်မထင်ရင်မထင်သလို ပက်ခနဲပက်ခနဲပြောတတ်တဲ့ " ခင်ဗျား " ချင်းထပ်အော်ပြောပြီဆို ကိုယ့်ကို လှိမ့်ပိန့်ကန်ကျောက်ခံနေရသလို နာကျင်ခံရခက်၏။
        လီဆာဆိုသည့် လူငယ်တစ်ယောက်ဟာ  လီဂျန်ဟိုနှင့်လီယူနာ တို့၏သားဆိုတာတောင် အံ့အောစရာဖြစ်နေပါပြီ။
         အာဂျောရှီးက သူမအပေါ်မဆိုထားနှင့် သူမအာဘောနီးကိုတောင် ရဲဘော်ရဲဘက်တစ်ယောက်လိုရော သူငယ်ချင်းကောင်းတစ်ယောက်လိုပါ အမျိုးမျိုးသော ဂရုစိုက် စောင့်သိခြင်းများနှင့် နေထိုင်လာခဲ့တာ သမီးဖြစ်တဲ့ သူမလက်ထက်အထိ ။..
          အာဘောနီးကလဲ မဆုံးခင်မှာ အာဂျောရှီးတို့မိသားစုနှင့် ဒီတိုင်းမခွဲမခွာနေသွားဖို့ အာဂျောရှီးကိုပဲ လူကြီးမိဘ ဆရာသမားလို ယုံကြည်လေးစားစွာ လက်တွဲနာခံဖို့..ဘာမဆို တိုင်ပင်ဖို့..နောက်ဆုံး လီဆာရဲ့နောင်ရေးအထိ မှာကြားသွားခဲ့သေးသည်။
         လူငယ်ချင်းမို့ စိတ်အခန့်မသင့်စရာ..မလိုလားတာ ဘာတွေ့တွေ့..ဘယ်လိုပြသနာမျိုးပဲ ပေါ်ခဲ့ပါစေ အာဂျောရှီးတို့ မိသားစုနှင့် ခွဲထွက်ဖို့ စိတ်မကူးရဆိုတာတောင် ပါခဲ့သေးသည်။
          အာဘောနီးမှာခဲ့လို့ တစ်ခုတည်းလည်း မဟုတ်ပါ။ အာဘောနီး ဆုံးသွားတော့ ကျန်ခဲ့သည့် လုပ်ငန်းကိစ္စတွေ.. ငွေကြေးပြသနာတွေကို ဆက်လက်လှုပ်ရှား ထိန်းသိမ်းတတ်သွားအောင် သူမကို အာဂျောရှီးကပဲ ေန့ညမပြတ် သင်ကြား ပြောပြခဲ့တာဖြစ်သည်။
          ဦးဆောင်ပေးပါ ဆိုတာကျတော့ အာဂျောရှီးက ခေါင်းခါ၏။အကဲခတ်မလွယ်သော လူကြီးတွေရှိခဲ့ကြသည့်အပိုင်းမှာ ဂျန်းနီ မသိခဲ့ရတာတွေလည်း ရှိနိုင်၏။
          ဒါပေမယ့် သေချာတာက ဒီနေ့ထိ အာဂျောရှီးက ဂျန်းနီအတွက် လေးစားအားထားရတဲ့ ဦးလေးသားချင်းလို ဆရာသမားကဲ့သို့လူပါ။
          ဒါကြောင့် လီဆာကို သူမခေါင်းထဲ မထည့်ပဲနေနိုင်အောင် ကြိုးစားခဲ့သည်။ ဖြစ်လာခဲ့ကြတာကလည်း နှစ်အိမ်ကပ်လျက်မှာ အတူနေမိခဲ့ကြတာမို့ ဒါကိုပဲ ထည့်ခံစားနေလို့မရ...။
          ဒီအကြောင်းကြောင်းတွေကို ဒင်းကမသိတတ်နားမလည်စွာ ရိုင်းပျနေပေမယ့် ဂျန်းနီကင်မ် ဘက်က ဒီထက်မပိုသင့်အောင် ထောက်ထားနေရတာတွေရှိသည်။
          ဂျန်းနီကင်မ် ကို့လက်ကဒဏ်ရာကို ငုံ့ကြည့်ပြီး အပြင်ထွက်လာခဲ့သည်.။ ထင်သည့်အတိုင်း အပြင်မှာ အာဂျောရှီးက မျက်နှာမကောင်းစွာရှိနေလျက်......
       " သမီးကို သားကိုယ်စား အန်ကယ်တောင်းပန်ပါတယ်ကွယ်...သူမကျေနပ်ဘူး ဆိုပေမယ့် အလုပ်ကိစ္စကို သမီး စိတ်စနောင့်စနင်းမဖြစ်ပါနဲ့... ခုပြောဆိုသွားတာတွေအတွက်ရော အလုပ်ကိစ္စအတွက်ပါ အားလုံးအတွက် တောင်းပန်တာပါ.. "
       " မဟုတ်တာ အာဂျောရှီးရယ်...  ဒီလောက်တောင်းပန်ရအောင် သူစိမ်းလိုနေကြတဲ့သူတွေမှ မဟုတ်တာ...သူနဲ့ဂျန်းနီ ဖြစ်ကြတိုင်း နှစ်ယောက်စလုံးမှာ အပြစ်ရှိပါတယ်.."
      " မဟုတ်ဘူး....သားက.  ရိုင်းကိုရိုင်းတဲ့ကလေးပါ...."

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Where stories live. Discover now