မာနများရောင်းရန်ရှိသည် (အပိုင်း၂၄)

255 25 3
                                    

Unicode

မာနများရောင်းရန်ရှိသည်
အခန်း (၂၄)
" ဂျန်းနီက ပြောထားတယ် လီဆာမင်းရဲ.မဂ်လာပွဲကိုတောင်သူဘက်ကလက်ဖွဲ့အုန်းမှာတဲ.ငါအထင်တော့ကျန်ခဲ.တဲ.လက်စွပ်တကွင်းထင်တယ်မင်းကောင်းစားအုန်းမှာပါ ဒါပေမယ့်ငါကတော့မင်းရဲ.အဖေဖြစ်ပေမယ့် သားသမီးကောင်းစားတာကိုမရူစိမ့်နိုင်တဲ.မိဘမျိုးလို.မင်းသဘောထားလိုက်ကွာ ကင်မ်ရဲ.ပစ္စည်းကိုမတရားသဖြင့်ဝါးမျိုနေရတယ်လို.ခံစားရတဲ.ရင်ထဲမှာဘယ်လို.မှမခံနိုင်တဲ.အဆုံးအဝေးကိုထွက်သွားမှာပဲ"
ဖေဖေဤသို့ကြေညာခဲ.သည်။ဒီနေ.တော့ နူတ်ဆက်သွားပါပြီ။ဒါပေမယ့်သူ.ဘာသာထွက်ခွာသွားခြင်းတော့မဟုတ်သေးပါမမကလွှတ်လိုက်လို့ဖြစ်သည်။
" ငါသွားမယ် လီဆာမင်းရဲ.မဂ်လာပွဲဒီကြားထဲမှာဖြစ်ရင်ငါ.ကိုလှမ်းမခေါ်ပါနဲ." တဲ.စိတ်ရူပ်ထွေးစွာမျက်နှ​ာကိုဖိပွတ်နေတုန်းမေမေကရောက်လာသည်။"မင်းနဲ.ဂျန်းနီ ဘာဖြစ်ထားတာကြလဲ" တဲ.
ဒုက္ခတွေကတမျိုးပြီးတမျိုးပါလား။
"ငိုထားတဲ.ပုံပဲ၊ဒီမိန်းကလေးသိပ်ကိုစိတ်ခိုင်တာ၊ဟိုတနေ.ကမင်းရဲ.ယွန်းဒီကိုလာသွားတယ်ဒူးရင်းသီးတွေနဲ.လေ ဂျန်းနီနဲ.လဲမခင်ပဲနဲ.အိမ်နှစ်အိမ်အတွက်ယူလာခဲ.တာတဲ.၊သူကိုယ်တိုင်သွားပေးမလို့ပြင်နေတာ ဂျန်းနီမရှိတော့ကုမ္ပဏီကိုလိုက်သွားမယ်ပြောတယ် မေမေဖြင့်အံ့သြလို့မဆုံးဘူး..တတ်လဲတတ်နိုင်တဲ့မိန်းကလေး..."
လီဆာကိုဒီရက်ပိုင်းမှာစကားမပြောတာ ခုမေမေပြောမှ မအ့ံသြတော့
.....။ပေ။ဒီနေ့မမမျက်နှာမကောင်းတာ​မြင်
မှမေမေဒါတွေလာပြောတာဖြစ်၏။သူဘာမှမသိလိုက်တာတွေ​ကြောင့်မေမေ့ကိုလည်းဘယ်လိုဖြေရှင်းရမှန်းမသိ
"ဒီကိစ္စမှာ ဂျန်းနီနဲ.ဘာမှမဆိုင်ဘူးလို့မေမေထင်တယ်သား၊ဟိုကလဲမင်းတို့ကိုဝင်ရူပ်ပတ်သက်ဖို့ကြိုးစားနေတာမဟုတ်ဘူးဒါကိုထိကပါးရိကပါးသွားလုပ်ခဲ.တယ်ဆိုရင်တော့သိပ်ကိုတရားလွန်တဲ့ကိစ္စပဲ"
မေမေပြောသမျှ ပြန်တွေးရင် ယွန်းလာရင်သူဘက်ကဘာတွေပြောခွင့်ရှိသလဲ...၊ဘာတွေတားဆီးရမလဲ...။
ပြောတာတွေမှားသွားရင်ဘာဖြစ်သွားနိုင်လဲစိတ်ထဲမှာနောက်ကျိနေတော့၏။နေရာမှထကာနာရီကြည့်ပြီးမျက်နှာအမေ့ာ
"ဘာဖြစ်နေလို.လဲ"
ဂျန်းနီတိုက်ရှေ.မှာကားနဲ.လူကကြည့်မကောင်းဒီနေ.ဖေဖေမရှိတာသတိရပြီးတံခါးဝထိထွက်ကြည့်မိလိုက်သည်။
ဘွန်းနက်ဖွင့်ပြီးကြည့်ကြည့်နေကာဘာမှန်းမသိသည့်မျက်နှာလေးပြန်မော့လာတော့မကျေနပ်တည်တင်းလျက်...။
ကားပျက်နေတာသေချာတော့သူသွားကြည့်ပေးရဖို့တာဝန်ရှိလာပြီးမှန်းသိသည်။ခြေလှမ်းတွေကမရွေ.ဖြစ်....။
ဂျန်းနီသည်ဆံပင်တွေကိုခပ်မြင့်မြင့်မှာစုစည်းတင်ထားလျက်အနက်ရောင်ကိုယ်ကျပ်အကျီပေါ်မှာအဝါရောင်အပါးသားလေးတစ်ထည်ထပ်ဝတ်ထားသည်ပြီးတော့အဝါရောင်ပန်းပွင့်နားကပ်ကိုပန်ထားကာရိုင်းမသွားပဲယဥ်စစပုံလေးလည်းမပျက်..။
မျက်စိထဲမှာလှတာကိုသတိထားမိတော့ယွန်းကိုသတိရသည်။မမဘယ်လိုပုံစံဖြစ်နေနေ​ေတာက်ပကြွရွနေအောင်အမြဲပြင်ဆင်ထားသည့်ယွန်းလိုတော့ပေါ်လွင်ပါ့မလား။ဒါတောင်ဘာဖြစ်လို့မမဆီကိုယွန်းရောက်သွားတာလဲ....။
ရောက်သွားတယ်ဆိုတာရောမေမေထင်တာသပ်သပ်လားတကယ်လား...၊ဂျန်းနီအထဲပြန်ဝင်သွားတော့သူအပြင်မထွက်တော့ဘဲဘေးတံခါးနေဟိုဘက်ကူးသွားလိုက်သည်။
" မိသီ ငါ.ဆီကိုဖုန်းမဆက်နဲ.နော်ငါ.ဖုန်းဘာဖြ​စ်သွားလဲမသိဘူးအခုကားလဲပျက်သွားပီ"
"မမလေးအပြင်မသွားရတော့ဘူးလား"
"မသွားလို့မဖြစ်ဘူး၊ငါလမ်းထိပ်ကျမှပဲကားငှားသွားမယ်၊မနက်စာပြန်စားမှာသေချာပြင်ထား....."
"ဟုတ်ကဲ.မမ၊ဟို.......စောစောကပဲအကိုလေးကိုမြင်လိုက်တယ်၊အကိုလေးကိုကားပြင်ခိုင်းကြည့်ပါလားမမလေးရဲ.၊ကျွန်မသွားခေါ်ပေးမယ်လေ"
"မိသီ၊ကိုယ်အလုပ်ကိုယ်လုပ်"
"ဟုတ်"
သူဒီဘက်လာတော့စကားသံတွေအရင်ဆီးကြိုနေကာမိသီကတော့မီးဖိုခန်းထဲဝင်သွားပြီထင်တယ်။ဂျန်းနီပြန်ထွက်လာတော့ဧည်ခန်းကိုရောက်လာ၏။
"ခဏစောင့်နေပါ ကျွန်တော်ပြင်ပေးမယ်"
ဂျန်းနီမျက်နာသူ.ကိုမြင်လိုက်တာနှင့်အဆမတန်တည်သွား၏။ဒါပေမဲ.လဲတဖက်ကိုမျက်နာလွဲလိုက်ပြီးပြန်လှည့်လာတော့အေးစက်စက်ပုံလေးနှင့်.......
"ရတယ်...၊မလိုဘူး"
"မမ"
သူကလည်း ပြင်ပေးချင်လို.လား၊အစကတည်းက မသင့်မြတ်ချင်သည်မာနက မျက်နာကိုတင်းလိုက်ပြီးသားဖြစ်လျှက်.......
"ဖေဖေမှာခဲ.လို. ကျွန်တော်ကတာဝန်သိသိ ရောက်လာတာအာလုံးကိုရိုးရိုးပဲတွေးစမ်းပါ"
"ဘာကွ"
အနာပေါ်တုတ်ကျသွားမျိုးတာလား၊ရဲတာထက်ညိုသွားသည်လိုပြောရရင်ပိုမှန်နိုင်၏။ဂျန်းနီမျက်နာလေးရုပ်ပျက်ဆင်းပျက်ညိုသွားကား
"မင်းဘာစကားပြောလိုက်တာလဲ လီဆာ"
"ပြောနေကျအတိုင်းပြောတာပဲ...၊ဘာဖြစ်သွားတာလဲ၊တခြံတည်းကပ်လျက်နေကြတာမမနဲ.ကျွန်တော်ကရန်သူတွေလား၊လိုအပ်တာရှိရင်ပြောမယ်၊မရှိရင်မပြောဘဲနေမယ်၊ဒါပဲပေါ့ရိုးရိုးတွေးဆိုတာအဲဒါတာ......."
တက်ခေါက်ပစ်ချင်သည်။နောက်ထပ်ချိုးဖဲ.ပြောလိုက်မှာစိုးတော့ထိန်းနေရ၏။ပြီးတော့သူရှေ.မှာရပ်နေသည့်လီဆာဆိုသည့်ပုံရိပ်မဟုတ်။ယွန်းယွန်း...။
ခုတော့သူမနှင့်လီဆာမဟုတ်နှစ်ယောက်ကြောင့်ကိုယ်မှာ...၊ဂျန်းနီအံလေးကြိတ်၍မျက်စောင်းထိုးတာမဟုတ်ပဲမျက်ဝန်းတွေကိုမှိတ်ကိုမှိတ်ပစ်လိုက်သည်။တဖက်ကိုဆတ်ခနဲ.မျက်နာလွဲ၍.....
"မင်းငါရှေ.ရောက်လာတော့ မပြောတော့ဘူးလို့နေတဲ.စကားတွေကရင်ထဲမှာခုန်ပေါက်နေတယ်"
"ပြောလေ၊မမဆီကိုယွန်းရောက်လာခဲ့တာလား"
"မင်း..."
ရှက်နေသည့်စိတ်က ဒေါသတွေဖြစ်သွားသည်ထင်၏။ထိုအခါနှစ်ယောက်စလုံးကိုခါသီးစွာဖြစ်သည့်ဒေါသကြောင့်တက်ခေါက်လိုက်မိရင်း...
"မင်းကိုငါကသိမ်းပိုက်ချင်နေတယ်လို့ တကယ်ထင်နေတာလား အောက်တန်းကျတဲ.စိတ်နဲ.အသားယူပြီးပြောလိုက်တာလား....ဟင်ယွန်းကိုမင်းဘာတွေပြောခဲ.သလဲ"
  "ဘယ်လို..."
  "ငါထင်တယ်..အဲ့ဒါကြောင့်...အဲ့တာတွေကြောင့် ငါရှောင်သင့်တာကိုရှောင်ခဲ့တာ..ဒီမှာ လီဆာ.."
   ဂျန်းနီက လီဆာရှေ့ကို တစ်လှမ်းတိုးရပ်လိုက်ကာ....
  "မင်းရဲ့ ယွန်း ငါ့ဆီလာသွားပြီး..ဘယ်လိုအောက်တန်းကျသွားလဲဆိုတာ.. ငါမပြောတော့ဘူး....မင်းတို့ကအတူတူပဲလေ..."
  "ဘာဗျ...."
စူးရဲသည့်မျက်ဝန်း၂ခု ဒိုင်းခနဲမိတ်ဆက်၏..
မှုန်အိအိမျက်နှာလေးသည် လှပချောမွေ့မှုများနှင့်ဆန့်ကျင်လျက် တင်းမာပြတ်သားစွာ...
  "နောက်ထပ် ငါ စော်ကားမခံနိုင်ဘူး...လူတွေပြောနေကြတယ်ဆိုတဲ့ ပါးစပ်ကိုလဲပိတ်ချင်တယ်...အဲ့ဒီ့တော့ မင်း အမြန်ဆုံးလက်ထပ်ပါ.. ငါ့ဆီမှာရှိနေတဲ့ လက်စွပ်၁ကွင်းကိုလဲ လက်ဖွဲ့ပေးမယ်..."
ပါလာပြန်ပြီလက်စွပ်...လက်စွပ်ချင်းကအတူတူဆိူတော့.. ယွန်းပြောသလိုသောင်းကျော်တနိနေတာပဲလား...
  "ဘယ်လောက်တန်လဲဆိုတာတော့ငါမသိဘူး..ဒါပေမယ့် တန်ဖိုးကြီးရတနာဆိုတာတော့ငါသိတယ်..ဒီလက်စွပ်နဲ့ မင်းနဲ့ငါ့ကို စေ့စပ်ခဲ့တာမို့လို့ ဒါကိုဖျက်ပစ်မယ်"
မမတောင်ဘယ်လောက်တန်မှန်းမသိဘူးဆိုပါလား...။စိတ်ထဲမှာ အတွေးတစ်ချက်ဝင်လိုက်ပြီး သူခေါင်းခါလိုက်သည်။
  "မလိုပါဘူး...ယွန်း ကလဲ မိန်းကလေးပီပီ သဝန်တိုတဲ့စိတ်နဲ့ မမ ကို ပြောမှားဆိုမှားတွေလာလုပ်သွားတာ..ကျွန်တော်ဆိုတဲ့ကောင်ကလဲပြည်တန်ပတ္တမြားပဲဖြစ်ဖြစ်..အထူးသဖြင့်ခင်ဗျားလိုမိန်းမဆီက စကားတခွန်းအပြောနဲ့ ပေးလာတာမျိုး လုံးဝ အလိုမရှိဘူး.."
  " မင်း မိုက်ရိုင်းလှချည်လား.."
"ခင်ဗျားလိုမိန်းမ" ဆိုသည့်ပိုင်စိုးပိုင်နင်း ရင့်သီးသောစကားကို နားထဲမှာခါးသွားသည်။ လီဆာပါးစပ်က "ခင်ဗျား" လို့တစ်ခွန်းပါလာတိုင်း ဒီတိုင်းခံစားလိုက်ရသည့်ရင်ထဲမှာ.....
  "မင်းတို့မဂ်လာပွဲကို အမြန်ဆုံးဖြစ်အောင်လုပ်.. မဟုတ်ရင်ငါ ဒီ့ထက်ပုံပေးခဲ့ပြီး ငါ
ဒီကထွက်မယ်..."
  "ဘာ.."
စကားအဖြစ်ပြောတာမဟုတ်ဘူးဆိုတာ လီဆာသိသည်။ သူမတစ်ယောက်တည်းမှာပဲ ဒီလိုမာနတွေရှိတာလား...
  "မမဘာပြောလိုက်တာလဲ"
  "ထပ်ပြောလဲ ဒါပဲ..ဘာလဲနားဝင်ချိုသွားလို့လား.."
  "အဟွန်း.."
လီဆာကမဲ့ပြုံးနှင့်သူ့လက်ကလက်စွပ်ကိုချွတ်ယူသည်။မျက်နှာကြည့်နေသည့် ဂျန်းနီ မျက်နှာ ကွက်ခနဲပျက်သွားသည်။
ပြီးတော့ ဂျန်းနီ လက်ကိုဆွဲယူလိုက်ကာ ဖျတ်ခနဲပေမယ့် ပြန်ရုန်းတာဘယ်လိုမှမရ..။
  "မင်း.."
  "ပိုင်ရှင်ကို ပြန်ပေးတာပါ.."
  "အို...မယူဘူး.."
  "မရဘူး....ယူမှဖြစ်မယ်..."
လက်သီးစုတ်ထားတာကို ရအောင်ဖြေပြီး ဂျန်းနီလက်ထဲကို လက်စွပ်ထည့်လိုက်သည်။
  "ကိုမပိုင်ဆိုင်တာကို ကို့ပစ္စည်းလုပ်ပြီးကြွားဝါတာကို ဝါသနာမပါဘူး"
  "ဘာဆိုင်လဲ... မင်းကို ဖေဖေဟိုးအရင်ကတည်းကပေးခဲ့တာ..."
လက်ကိုဘယ်လိုရုန်းရုန်းမရ..လက်ပြန်ဖြန့်လို့မရအောင်လည်းဂျန်းနီလက်ကိုအပေါ်ကအတင်းဖိဆုပ်ကိုင်ထားလေသည်။
  "ဘာမှန်းမသိလို့ လက်ခံခဲ့တာလေ...ကျွန်တော်သိတာက ဖေဖေ့ မွေးနေ့လက်ဆောင်ပဲ...ခုကျမှ မမ ဒါတွေနှစ်ခုစလုံးမြင်ပြီး ပတ်သက်မှုတွေဆက်ဖြစ်အောင် တံတားခင်းခဲ့မှန်းသိတာ"
  "မင်း ဖေဖေ့ကိုမစော်ကားနဲ့..."
မစော်ကားပါဘူး.. အခုဖြစ်စဥ်အတိုင်းမဟုတ်ကြတော့ဘူးဆိုတော့ ​ပိုင်ရှင်လက်ထဲပြန်မရောက်သင့်ဘူးလား..နောက်ပြီးတော့..."
လီဆာသည်ဆုပ်ဆွဲထားသည့်လက်ကို ဖိဆွဲလိုက်၏။ ဂျန်းနီပုခုံးလေးနွဲ့ကျလာကာ သူ့ပုခုံးနှင့်တိုက်မိကာမှ...
  "ခင်ဗျားနဲ့ ဘာမှမပတ်သက်ချင်ဘူး..."
  "အေး ငါလဲမင်းလိုပဲ..."
ဂျန်းနီကသူ့ရင်ဘတ်ကိုအားရှိပါးရှိတွန်းလိုက်ပြီးနောက်ကိုဆုတ်ရပ်လိုက်သည်။
"ဒီလက်စွပ် ငါ့ဆီပြန်ရောက်သွားရင် အနည်းဆုံးမင်းရဲ့ချစ်သူအရင်သိမယ်..သိရင် ဘာပြောမလဲ မင်းတွေးမိလား..."
မတွေးမိသူမို့ လီဆာမျက်မှောင်ကြုတ်၍စိုက်ကြည့်နေသည်။
   "မင်းကငါနဲ့ကင်းချင်တာ မာန..ငါကကင်းချင်တယ်လို့ပြောမိရင် မစားရတဲ့အမဲသဲနဲ့ပက်တယ်လို့ပြောမှာ..ငါမင်းဆီကဘာမှမလိုချင်ဘူး..ငါပိုင်တဲ့ထဲက ဘာဖြစ်ဖြစ် တောင်းရင်တောင်း ပေးဖို့အသင့်ပဲ..အဲ့ဒီတော့ မင်းဒါကို ပြန်ယူမှာလား....မယူဘူးလား..."
  "လုံးဝမယူဘူး........."
ဂျန်းနီအံလေးကြိတ်ပြီးမေးဆက်ငြိမ့်သည်။ ပြီးတော့လက်ကိုလွှဲမြှောက်လိုက်၏။ပြတင်းတံခါးဘက်ကိုမျက်နှာမူလိုက်သဖြင့် ဘာလုပ်တော့မှာကိုသိကာ လီဆာက လက်ကောက်ဝတ်လေးကိုဖမ်းဆွဲလိုက်လျှင် နှစ်ယောက်လက်ထဲက လက်စွပ်က ကြမ်းပြင်ပေါ်ကိုဒေါက်ခနဲပြုတ်ကျ၏။ မျက်ဝန်းတို့သည် လက်စွပ်ဆီပါမသွားပဲ တစ်ယောက်ကိုတစ်ယောက်ရန်လိုစွာ......
  "လီဆာ..."
တံခါးဝမှာပေါ်လာသည့်အရိပ်က အသံပေးခြင်းနှင့်အတူ အထဲကိုတောက်လျှောက်လှမ်းဝင်လာပြီး....
  "ဒါဘာပြသနာတွေရှင်းနေကြတာလဲ...."
သွားပြီ...ရှုပ်ကုန်ပြီဆိုတာသိလိုက်သည်။ဂျန်းနီနှုတ်ခမ်းလေးစိထားရင်း မျက်ဝန်းမှာ အရှုံး၏ရေပူစမ်းတို့ ဝေ့တက်လာသည်။
ဆုပ်ကိုင်ထားသည့်လက်ကိုလွှတ်လိုက်ကာ..လီဆာမျက်နှာလဲပျက်သွားလျက်.. ရုတ်တရပ်အနေထားကမရိုးသားစွာ ရပ်တည်နေခဲ့ပြီး...
  "ဒါ..ဘာလဲ"
အစက လှမ်းမြင်ပြီးသားမို့ယွန်းကအနား ရောက်တာနဲ့ ကြမ်းပေါ်မှာလိမ့်ထွက်နေသည့်လက်စွပ်ကိုကောက်လိုက်သည်။ပြီးတော့စူးလက်သည့်မျက်ဝန်းတို့သည် ဂျန်းနီကိုပေါ်မှာ.
  "ယွန်းထင်သားပဲ...ကို့ချစ်သူကိုမပြောရက်လို့မပြောခဲ့တာ...ဒီလက်စွပ်ကို ဟိုးလွန်ခဲ့တဲ့ ခုနှစ်နှစ်ရှစ်နှစ်လောက်က ခိုးမှု ရောင်းဝယ်မှုတွေရှုပ်နေကတည်းက သိခဲ့တာ..အဲ့ဒီ့တုန်းက ခိုးရာပါပစ္စည်းကိုဝယ်မိလို့ ပိုင်ရှင်ဖြစ်တဲ့ မစ်ဂျန်းနီကင်မ် ရဲ့အဖေကို ခြေသလုံးဖက်တောင်းပန်ခဲ့ရတာ ယွန်းမေမေ..."
ပမာတအံ့တသြဖြစ်သွားသည်။လက်စွပ်ကိစ္စဆိုလို့သာ ဖေဖေ့နောက်ကို ပမာလိုက်ခဲ့ပေမယ့် လက်စွပ်ကိုတော့ မြင်တောင်မမြင်ဘူးခဲ့ပါ။
  ဒါကြောင့်ဒီလက်စွပ်ကို လီဆာဝတ်ထားတာလည်း ဖေဖေပေးတာမှန်းမသိခဲ့ပေ။
သိတဲ့သူပေါ်လာခဲ့တာကိုလည်း အံ့သြမိသလို သူမဟာ ယွန်းဖြစ်နေခဲ့တော့ မျက်ဝန်းမှာကြောင့်ကြမှုတွေပေါ်လာသည်။
လီဆာကိုတိုင်လဲဘာမှမသိသူမို့ ဂျန်းနီနှင့်ယွန်းကိုပဲကြည့်နေမိ၏။
  "ယွန်း လက်စွပ်လမ်းကြောင်းကိုကြည်လိုက်တာနဲ့ ယွန်းက အစတည်းကရိပ်မိပြီးသားပါ..ခုတော့ငါနဲ့မတည့် ငါ့ပစ္စည်းပြန်ပေးဆိုတာဖြစ်ပီပေါ့.. "
  "မဟုတ်ဘူး..လုံးဝမဟုတ်ဘူး...."
  "ဒါကြောင့်ပြသနာဖြစ်နေတာကို မျက်စိနဲ့တပ်အပ်မြင်တာတောင်မုန်လာဥလုပ်ချင်သေးတာလား..."
  " မဟုတ်ဘူး...ယွန်း..ကိုပြောပြမယ်..."
  "မပြောနဲ့ခုချိန်မှာ ယူပါးစပ်ပိတ်နေစမ်းပါ...ယောက်ကျား တစ်ယောက်ကို ခုလိုအသက်ကြီးကြီးမိန်းမတစ်ယောက်နဲ့ ပြိုင်လုနေရတာ ယွန်းအနေနဲ့ဘယ်လောက်သိက္ခာကျလဲသိလား..."
ဘယ်သူမှတိုးမပေါက်အောင် ယွန်းခေါင်းရောလက်ရောခါပြီးပြောနေတာတရစပ်...
   "တိုက်နှစ်လုံးကပ်လျက်နေစေပြီး နီးစပ်မှုတွေနဲ့ အစပြုခဲ့တာ...ငွေကြေးဥစ္စာတွေနဲ့ သိုင်းချုပ်ထားတာ...ခုနေလီဆာတခြားတစ်ယောက်နဲ့ ယူလိုက်ရင်ဘာတပြားမှမရတော့ဘူးဆိုတဲ့ပါဝါတွေ ဖြန့်ခင်းပြီးတော့ မသိသလို မမက်သလိုပုံစံနဲ့..."
  "မင်း..."
  " ယွန်း...နေဦး...."
  "ဟင့်အင်း....ဖယ်....ယွန်းကအခုပတ်ဝန်းကျင်မှာကြေငြာထားတာပြန့်နေပြီ..လီဆာနဲ့လက်မထပ်ဖြစ်ရင်လဲ အရှက်ကွဲတောမယ်...လက်ထပ်ပြီး လီဆာက ဘာမှမဟုတ်တဲ့သူဖြစ်ရင်လဲ မစ်ဂျန်းနီကင်မ်ရဲ့ အရိပ်ကြောင့် အကြွေပန်းကို နမ်းတဲ့သူလို...."
  "ယွန်း...ယွန်း"
  "မမ.."
ဂျန်းနီကိုယ်လေးတဆတ်ဆတ်တုန်ပြီး လဲကျမလိုဖြစ်သဖြင့် လီဆာက လက်မောင်းတစ်ဖက်ကိုလှမ်းကိုင်လိုက်သည်။
   "လီဆာ...ပြန်ဆုတ်ခဲ့နော်... ဒါမျိုးလုံးဝသည်းမခံနိုင်ဘူး...သိလား..."
ယွန်းကဟန်ဆောင်ခြင်းနဲ့စခဲ့တာပါ...ဒါပေမယ့် သဝန်တိုစိတ်ကြီးမားနေခဲ့တာမှာ ဟန်ဆောင်မှုမပါပေ။ လီဆာပျာပျာသလဲလှမ်းဆွဲလိုက်တော့ မျက်လုံးထဲမှာ မီးပွင့်သွားသည်။
  "လီဆာ ဘာဖြစ်ဖြစ်လက်ထပ်ဖို့ဆုံးဖြတ်ထားတဲ့ ယွန်းကိုငဲ့ကြည့်ဦး...."
  "ဘာမှမဟုတ်တာတွေကို မင်းထင်ရာတွေးပြီးပြောနေတာယွန်း...ကျွတ်...ပြန်ပါတော့ကွာ...ကိုယ်တောင်းပန်ပါတယ်...ဘယ်ကနေရှင်းရမှန်းကိုမသိတော့ဘူး..."
  "မရှင်းပါနဲ့...ယွန်းပြန်မှာပါ..ဒီလိုပဲဖြစ်အောင် ဒီဇာတ်လမ်းကစခဲ့တာ...ယွန်းတို့က အသက်ကြီးတဲ့ မိန်းမတစ်ယောက်လောက်တောင်မဖမ်းစားနိုင်ဘဲ...သူတို့လိုမချမ်းသာဘူးလေ..."
ယွန်း ထွက်ပြေးသွားသည်နှင့် ဂျန်းနီမျက်ဝန်းမှာလည်းမျက်ရည်များနှင့်ပြည့်လျှံကာ ပြီးတော့နောက်ကိုနှစ်လှမ်းဆုတ်လိုက်ကာ...
  " မင်း...မင်း...ဘယ်တော့မှ...ဘာဖြစ်ဖြစ်....ငါ့ဆီ ကူးမလာနဲ့...သွား.......သွားတော့...."
ဂျန်းနီရှိုက်ကြီးတငင်ငိုကြွေးသွားတာက ရှုံးတဲ့မျက်ရည်တွေမဟုတ်ပေ...ဒါဖြင့် ယိုစီးလာတဲ့မျက်ရည်စတို့ကိုချုပ်တီးလျက် ဂျန်းနီ အံကြိတ်နေတာကျတော့ ဘယ်လိုခံစားချက်နဲ့လဲ...
တခွန်းမှ စကားမပြန်ပဲ လီဆာ ဂျန်းနီကိုငေးစိုက်ကြည့်သည်...။
အမြဲတမ်းမပျော့ပြောင်းခဲ့သည့်မျက်နှာမှာ မျက်ရည်မိုးတို့သွန်းဖြိုးတော့မလိုနှင့် မရွာ..
မငိုပေမယ့်သည်းအူပြုတ်မတတ်ခံစားနေရမှန်းလည်း သိသာလျက်....
သူဘာလုပ်ရမလဲ....သူမရဲ့မာနတွေပြိုလဲချွေးသိပ်သွားအောင် ကြိုးစားရမှာလား...ငိုချပစ်လိုက်ပါလို့ လူတတ်ကြီးလို အနားသွားပြီးဖျောင်းဖျနားချရမှာလား....
သူ့ရင်ဘတ်ထဲမှာ တစ်စုံတစ်ခုတော့ထိရှခဲ့လေသည်........။

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Where stories live. Discover now