မာနများရောင်းရန်ရှိသည် (အပိုင်း၁၆)

165 24 0
                                    

Unicode Font
မာနများရောင်းရန်ရှိသည်
အခန်း (၁၆)
“ဒီမှာ ရင်ဘတ်ကိုစမ်းကြည့်ပါလား၊ ခုထိတုန်ခါနေတုန်း”
သူ့လက်ကိုဆွဲယူပြီး ရင်ဘတ်ပေါ်မှာ ကပ်လိုက်တော့လီဆာမျက်နှာပူသွားသည်။
ကစားကွင်းအထွက်မှာမို့ လူတွေလည်းအများကြီးဖြစ်နေ၏။မိုးပျံရထားစီးပြီးတကယ် လန့်ဖျပ်နေသည့်
ယွန်းမျက်နှာလေးနီရဲ တာကတော့အပြစ်ကင်းရှာသည်မို့.........
“ဒါနဲ့ မင်းပဲ ဖြစ်ပါတယ်ဆို......”
“ဟုတ်တယ်.....၊လီဆာပါတယ်ဆိုပြီး အားကိုးနဲ့လေ၊တကယ်တမ်းကျတော့ယူဖက်ထားပေးတာ
ပခုံးမှာပဲရှိတာ၊နှလုံးခုန်နေတာ အထဲကနေ ဇွတ်ကြီးပဲသိလား၊ပါးစပ်ကနေခုန်ထွက်တော့မလားထင်ရတယ်။”
ပြောပုံလေးကို သဘောကျကာယွန်းနှဖူးလေးကိုသူထုလိုက်မိသည်။ပြီးတော့ ပခုံးချင်းတိုက်ကာ ရယ်ကြသည်။
“လီဆာ ပျော်လားဟင်”
“မင်းလိုပဲပေါ့”
တို့တော့အရမ်းပျော်တာပဲသိလား၊ဒီလိုအတူတူလျှောက်လည်ဖို့ကမလွယ်ဖူးလေ၊တို့ကအချိန်ရတဲ့ခါကျတော့လီဆာက မအားဘူး။လီဆာကအားနေတော့လဲ တို့ကအချိန်အကြာကြီးမရပြန်ဘူး၊နောက်ပြီးသူများတွေလို
မဟုတ်ဘဲတိရစ္ဆာန်ရုံထဲ၀င် ၊ ကစားကွင်းထဲရောက်နဲ့ သီချင်းလဲအတူတူဆိုဖြစ်သေးတယ် ပျော်စရာကြီး။
လီဆာက ဘောင်းဘီအိတ်ထဲမှာ လက်နှစ်ဖက်ထည့်ရင်း ယွန်းကလီဆာရဲ့လက်မောင်းကို ဖက်ထား၏။
ပြီးတော့တစ်‌ယောက်နှင့်တစ်ယောက်ဘေးချင်းကပ်ပြီး တစ်လှမ်းချင်းလျှောက်နေကြတာ တစ်လောကလုံးကိုမေ့
နေသလိုပင်.....။ဒါပေမယ့် မေ့လို့မရသည့်အိမ်ပြန်ချိန်ကိုသတိရပြီး အသီးသီးလမ်းခွဲခဲ့ကြတော့ ယွန်းကတော့မသိသော်လည်း လီဆာကတော့နားခဲ့ရတာ သေချင်စော်နံလေသည်။
“ရုပ်ရှင်ထဲကမင်းသားလိုမင်းသမီးနဲ့လက်ချင်းချိတ်ပြီး ပျော်နေတယ်ဟုတ်လား၊ပြောပါအုန်း.....ကန်တော်ကြီးကနေ ဘယ်ကိုဆက်သွားနေကြလို့ အလုပ်ထဲကိုသိမ်းချိန်ကျမှ ပြန်ရောက်ရတာလဲ”
ဂိမ်းစီးတီးလို့ရင်ထဲမှာတော့ပြောလိုက်မိသည်။ဒါပေမယ့်မဖြေဖြစ်ပါ။မပြောပဲနေတာထက် ကောင်းတဲ့နည်းဒီအချိန်မှာဘာမှမရှိ...။
“မင်းအမဒီလောက်တားနေတဲ့ကြားက လီဆာရာ..၊မင်းဘယ်လိုတောင်လဲဟင်၊ယောက်ကျာ်းမာနဆိုတာ
ရောရှိသေးရဲ့လား၊သူမိဘကြောင့် မင်းရင်ထဲမှာဘယ်တုန်းကမှ ဒဏ်ရာမထင်ခဲ့ဘူးလား”
“ဘာဆိုင်လို့လဲဖေဖေ၊ သူ့မိဘကိုမုန်းတိုင်း သူ့ကိုဆွဲတွေးနေစရာလား”
“မတွေးလို့ရမလားကွ၊မိဘဆိုတာ လူတစ်ယောက်ရဲ့ဘ၀မှာအမြဲတမ်း မေ့လို့မရတဲ့အရာ၊မင်းသူ့သမီးကို
တော့ချစ်မိနေပြီး မိဘကိုသပ်သပ်ထုတ်နုတ်မုန်းတီးနေလို့မရဘူး”
“အဲတာဆိုချစ်လာနိုင်မယ့်တစ်နေ့ရှိလာမှာပေါ့”
“ချစ်လို့မရဘူးလီဆာ မင်းသူ့ကိုချစ်ခွင့်မရှိဘူး”
ထိတ်ထိတ်ပျာပျာလှမ်းပြောရင်း ကိုင်ထားသည့်ဓာတ်ဘူးတောင်လွတ်ကျတော့မလိုဖြစ်သွားသည်။
ဧည့်ခန်းထဲမှာရှိနေသည့်လီဆာ ကိုမိခင်ဖြစ်သူပျာယီးပျာယာပြောပြီးထွက်လာတာကိုအံ့သြံသည့်မျက်နှာ
နှင့်လှည့်ကြည့်၏။
လီဆာမေမေက ဓာတ်ဘူးကိုစားပွဲပေါ်က အပူခံပြားပေါ်မှာအသာလေးချလိုက်ပြီး...........
“မပြောမဖြစ်တဲ့အခြေအနေဆိုတော့ပြောရတော့မှာပဲ၊မင်းကိုမေမေတို့သဘောတူထားတဲ့မိန်းကလေးရတယ်၊စပ်မိစပ်ရာပြောရင်းစကားစပ်မိထားတာမျိုးမဟုတ်ဘူးနော်၊လုံး၀မဖြစ်မနေလက်ထက်ရမှာ......”
လီဆာမျက်နှာတင်းမာသ‌ယောင်ဖြစ်နေရင်းမှပြုံးရိပ်ထင်၏။
“မေမေတို့က မင်းကိုဒါတွေစိတ်၀င်စားမှာမဟုတ်ဘူးဆိုပြီးဘာမှမပြောပဲ ထားခဲ့တာ၊လူကြီးတွေမျက်နှာပျက်အောင်မလုပ်ပါနဲ့သားရယ်....၊ပြီးတော့ ယွန်းတို့မိသားစုရရဲ့ခွဲခြားတက်တဲ့ အကျင့်တွေကိုမင်းကမေ့နိုင်ရင်တောင်မေမေတို့ကမမေ့နိုင်ဘူး”
“မေမေကကျွန်တော် ယွန်းနဲ့လက်ထက်မှာကိုမကြိုက်တာလားဒါမှမဟုတ် ယွန်းမဟုတ်ဘူးဆိုရင်......”
“ယွန်းမို့လို့သဘောမတူတာလဲမှန်တယ်၊တခြားဘယ်သူနဲ့ဖြစ်ဖြစ်လက်မထပ်စေချင်တာလဲ အမှန်ပဲ၊သားနဲ့စေ့စပ်ထားပြီးသားရှိတယ်လို့မေမေ ပြောပြီးပြီလေ”
တကယ်ဆိုတာကိုသိလိုက်တော့ လီဆာမျက်နှာနည်းနည်းတော့ပျက်၏။
“ဘာပဲဖြစ်ဖြစ် ယွန်းနဲ့ချစ်သူတွေဖြစ်သွားတယ်ဆိုတာတော့မေမေသိပ်ကိုအံ့ဩတယ်သားရယ်၊သားဒီ
မိန်းကလေးကိုထည့်စဥ်းစားမှာမဟုတ်ဘူးလို့မေမေကထင်ထားတာ.....”
“မင်း သားကသူ့ကိုယ်သူအထင်ကြီးနေပုံပေါ်တယ်၊မင်းတို့ရဲ့ယွန်း..၊မင်းတို့ပြောတဲ့ပုံဆိုရင်ခုလဲသူ့သမီးနဲ့မင်းသားကိုသဘောကျမယ်ထင်လို့လား”
လီဆာအမေအသံတိတ်သွားကာ လီဆာမျက်လုံးတွေကသူ့အဖေဆီရောက်၏။
“လောဘဆိုတာအတောမသတ်ဘူးကွ၊အစကတည်းကဒီလောက်မြင့်မားနေချင်တဲ့လောဘတွေ၊အခုဆိုပိုပြီးကြီးမားနေဦးမယ်၊ဟိုတုန်းကယွန်းက ကလေး၊အခုလှလှပပအပျိုအရွယ်လေး၊ဟိုတစ်လောကမှ မင်းအိမ်ကိုလာပြီး
ချက်ခ်သွားတယ်လေ”
“အဲတာတွေက အိမ်ထောင်ရေးအဆင်မပြေစေကြတဲ့အကြောင်းတွေပါဖေဖေ၊ဒါတွေဖြစ်လာရင်လဲ
ကျွန်တော်တို့နှစ်ယောက်ပဲဖြေရှင်းရမှာပါ၊ငယ်သူငယ်ချင်းဆိုတော့နားလည်မူ့တွေရှိကြတယ်၊တစ်ယောက်အမှားကိုတစ်ယောက်ခွင့်လွှတ်နိုင်တယ်၊ခုလဲယွန်းနဲ့ကျွန်တော်ငယ်ငယ်ကလိုပဲစိတ်ဆိုးတဲ့အခါဆိုကြတယ်၊ပြီးတော့ပြန်တည့်သွားတာပဲ၊ကျွန်တော်မက်မောတာအဲလိုနားလည်မူ......၊လူကြီးချင်းသဘောတူလို့စေ့စပ်ပေးလိုက်ကြ
တယ်ဆိုတာအလွန်ရှေးကျပြီးစာအုပ်ကြီးဆန်လွန်းတယ်၊တကယ်လက်ထက်ပေါင်းသင်းရမယ့်ကာယကံရှင်တွေကို
ထည့်မစဥ်းစားတာလဲ အဲဒါတံခါးပိတ်၀ါဒတွေပဲ”
“ဘာကွ”
“ပြောပြတာ”ဆိုပြီးမျက်နှာပုပ်သိုးနေတာကြီးကိုလွဲပစ်သည်။လင်းမယားနှစ်ယောက်တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကြ၏။ဒါတောင်ပြောဖို့စကားကမကုန်သေး၊ရှေ့ဆက်ပြောဖို့မပြောဖို့ပါးစပ်ပြင်ရင်း ပြော
လည်းမပြောဖြစ်တော့ပါ။ကိုယ့်သားအ‌ကြောင်းကိုယ်အသိဆုံး ဒါကိုဖွင့်ပြောလိုက်လျှင်......။

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Donde viven las historias. Descúbrelo ahora