Unicode Font
မာနများရောင်းရန်ရှိသည်
အခန်း( ၂၂ )
“မမ.......၊ဧည့်သည်မိန်းကလေးတစ်ယောက်က တွေ့ခွင့်တောင်းနေတယ်”
“ဝင်ခိုင်းလိုက်”
ဖုန်းချပြီးသောက်လက်စကော်ဖီကို လက်စသတ်လိုက်သည်။ရှေ့မှာ တံခါးပွင့်သွားတော့ မော့ကြည့်
လိုက်၏။အနီရောင်ရဲတောက်နေသည့်ဝတ်စုံနှင့် နူတ်ခမ်းနီရဲရဲကြောင့် ဂျန်းနီမျက်လုံးလွှဲပစ်လိုက်သည်။
“ထိုင်ပါ........၊ဘာအကြောင်းများ ရှိလို့လဲ”
ထိုင်ပါလို့ ခွင့်ပြုတာကြောင့်မဟုတ်ဘဲ သူမကဝင်လာခြင်း၊ထိုင်ချလိုက်ခြင်းကို မတွန့်မရွံလုပ်သွားတာပါ၊ပြီးမှရဲတင်းသည့်မျက်ဝန်းစူးစူးလေးတွေ လက်ခနဲ့တက်လာပြီး......
“ယွန်းကလီဆာနဲ့ လက်ထက်မယ့် မိန်းမပါ”
ရင့်လှချေလား......။ဂျန်းနီ မျက်ခုံးလေးနှစ်ဖက် တွန့်ချိုးသွား၏။တော်တော်လှသည်နေသည့် မျက်နာကိုယွန်းကလဲစိုက်ကြည့်နေတာပါ။မကျေနပ်တာတွေက မျက်လုံးမှာ စုဝေးနေကြသလောက် ပြောဖို့စကားတွေကမေမေ သင်ပေးလိုက်တဲ့အတိုင်း နူတ်ခမ်းဖျားမှာအသင့်......။
“ဆက်ပြောပါဦး......၊အဲဒါနဲ့ ဒီကိုလာရတဲ့အကြောင်း......”
“ကရင်...”
ဖုန်းသံကြောင့် နှစ်ယောက်စလုံးစားပွဲပေါ်ကို မျက်လုံးရောက်သွားကာယွန်းက
“ယွန်း ပြောမယ့်စကားက အရေးကြီးလို့ပါ၊ ကျေဇူးပြုပြီး စကားပြောနေတုန်း ဖုန်းပြောခြင်းကိုရပ်ထား
ပေးပါလား”
ဂျန်းနီက ပြုံးလိုက်၏။ဖုန်းကိုမကိုင်သေးဘဲ ယွန်းကိုစိုက်ကြည့်၍........
“အသုဘဖိတ်စာရောက်လာတိုင်း ဝိုင်းငိုပေးနေရရင် တို့အလုပ်ချိန်ဘယ်ရှိတော့မလဲ ညီမရယ်.....”
“ဘယ်လို”
“ပြောပြတာ...၊စားပွဲပေါ်မှာ ဖုန်းသုံးလုံးတင်ထားတာကို ကြည့်လေ အလှတင်ထားတာမှမဟုတ်ဘဲ”
“ယွန်းကလဲ နားရေးကြော်ငြာလက်ကမ်းတာမဟုတ်ပါဘူး၊စိတ်ထဲမှာ ထင်နေတိုင်းလူပြောသူပြောတွေ
ရှိထားသလိုထင်ရာဆွဲတွေးရင်း မမနစ်နာမှာစိုးလို့၊မိန်းမသားချင်း စာနာစိတ်နဲ့ ဒီရောက်အောင်လာတာ”
စိတ်ထဲမှာအမျက်သင့်လာတော့ နှုတ်ခမ်းက ဖိဖိတင်းတင်းဖြစ်လာခဲ့ပြီး.......
“မမ သိချင်ရဲ့လား”
“သိချင်သည်ဖြစ်စေ၊မသိချင်သည်ဖြစ်စေ မင်းပြောဖို့လာတာမို့လား ပြောပါ...”
“ဟုတ်တယ်....,၊လီဆာရဲ့ မိဘ နှစ်ပါးကအစ မေးရင် မဖြေချင်ဘူး၊ဖြေတော့ ဘာလိုလိုတွေ၊လီဆာကို
တော့မမေးရက်ခဲ့တာပါ၊သူကတော့ လွတ်မြောက်အောင်ရုန်းထွက်ချင်တဲ့သူကိုး”
ဂျန်းနီ မျက်မှောင်ကြုတ်သွားတာကိုကြည့်၍ ကျေနပ်နေတာခဏလေး ထမြည်ပြီးပြန်ကျသွားသည့်ဖုန်းကိုလည်း ဝေ့ကြည့်မိသေးသည်။ယွန်းကမဲ့ပြုံးနှင့်........
“လီဆာ ဘာမှမပြောပေမယ့် ပတ်ဝန်းကျင်မှာ သတင်းတွေကစုံလို့ပါ ၊ပြောပြမယ်နော်၊ရိုင်းသွားတယ်ဆိုရင်ခွင့်လွှတ်....”
စကားပလ္လင်ခံ လိုက်သေးသည်။ပြီးမှ........
“အန်ကယ်နဲ့ လီဆာ မမနားမှာရှိနေကြတာ ကိုလူတွေကပြောနေကြတယ်”
ဂျန်းနီမျက်နာလေး ရဲတက်သွား၏။
“ပြောကြတာ မှန်ပါတယ် မမကသိပ်ကို ထက်မြက်တဲ့မိန်းမပါ၊ဓားသွားလှံသွားတွေနဲ့ ဆော့ကစားနေပေ
မယ့် တုတ်တိုဝါးစတွေလို အန္တရာယ်ကင်းအောင် ဖန်ဆင်းယူနိုင်တယ်၊ခင်းထားတဲ့ရွှေလမ်း၊ငွေလမ်းကလဲကြီးမားကျယ်ပြန့်ပေတာကိုး”
“ယွန်းယွန်း မင်းပြောနေတဲ့ အဓိပ္ပာယ်တွေကိုမင်းနားလည်ရဲ့လား”
“လည်တာပေါ့......၊မမကစင်ပေါ်ကလူပေမယ့် စင်အောက်ကကြည့်နေတဲ့ ပရိသတ်ကပိုမြင်တယ်၊ကျွန်မကပရိသတ်ထက် ပိုပြီးတက်နိုင်တဲ့ လီဆာရဲ့ အိမ်ထောင်ဖက်ချစ်သူ”
ဂျန်းနီ ဘယ်လိုမှလူကြီးလူကောင်းဆန်နေလို့ မရအောင်ဒေါသက လိုက်ဆူလာ၏။
“အားနာပါတယ်ဆိုပြီး လက်ကျဲကြီးနဲ့ဆိုတာမျိုး၊လူတွေသတိထားမိအောင်တစ်ဘာသာ တလွဲစီသွားနေကြပြီး လမ်းဟောင်းကမလိုက်ဘဲ လမ်းသစ်ကောင်းဖွင့်ခဲ့တာ၊ရွယ်တူတန်းတူတွေ ကမ်းလှမ်းစေ့စပ်သမျှရှောင်တိမ်းတယ်၊ဒီဘက်မှာ တစ်အားပိုးပန်းရင်း၊ငယ်ငယ်ရွယ်ရွယ်လေးကို အရကြိုးစားတယ်”
“ဟေ့...........၊မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း”
“ဘာလို့ ပိတ်ရမှာလဲ၊ ရှင် ယွန်းကိုအခု ဒီနေရာကနေ မောင်းထုတ်ကြည့်လိုက်၊ ဒီဝင်းထဲမကျော်ခင်၊ရှင့်ဘဝတစ်ခုလုံးမြောင်းထဲရောက်သွားအောင် စက္ကန့်ပိုင်းအတွင်း လုပ်ပစ်သွားနိုင်တယ်”
“ဘာပြောတယ်”
“မဟုတ်ရင်ငြင်းလေ.....၊ယွန်းကလဲ မဟုတ်ဘူးဆိုတာကိုပဲကြားချင်တာ၊လီဆာရဲ့ လူကြီးတွေမပြောမဝံေဖြစ်နေတာတွေ၊လီဆာ ခုချိန်ထိပြောင်ပြောင်တင်းတင်း ရုန်းမထွက်ရဲတာတွေ....”
“မင်းပြောနေတာတွေ...၊မင်း.......ဘာမှမဟုတ်ဘူးနော် ယွန်းယွန်း....၊ဒါတွေ လီဆာပြောလွှတ်လိုက်တာ
လား၊သူပြောတာလား..”
“မပြောရဲပါဘူး.......၊ဒါပေမယ့် လူကြီးတွေပါးစပ်က ပြောတာကိုတီးခေါက်ကြည့်ပြီး အဖြေထွက်လာတာပတ်ဝန်းကျင်စကားတွေနဲ့ဖြစ် ရပ်ကလုံးဝကွက်တိပဲကိုး”
“ဖြစ်ရပ်.....၊ဘာဖြစ်ရပ်လဲ”
“အဲဒါက လီဆာပြောတာလေ၊သူ့ဘက်မှာ ထောက်ပံ့သမူ အပြုခံထားရတာတွေရယ်၊သူမိသားစု ဘယ်လိုအမြော်အမြင်နဲ့ ကူညီထားခဲ့တာတွေ....”
“တောက်”
“သူက ရှင့်အကြောင်းအတင်းအဖျင်းပြောချင်တာမဟုတ်ဘူး၊ယွန်းရဲ့မေမေနဲ့ လိုက်တွေ့တော့သူမှာဘာမှမရှိတာကို ဝန်ခံခဲ့တဲ့သဘောပါ၊ယွန်းကရှင့်ကိုမသိပေမယ့် လီဆာပါးစပ်က ဂျန်းနီကင်မ်လို့ပြောလိုက်တာနဲ့မေမေကတန်းသိတယ်၊အဲဒီတော့ ဘာပြောလိုက်လဲသိလား၊ဥစ္စာပစ္စည်း ပိုင်ဆိုင်မူ့တွေကို ထားလိုက်ပါဦး၊မင်းမှာငြိတွယ်နေတာတွေကိုပဲရှင်းခဲ့............တဲ့”
“ဘာမှမငြိဘူး၊မင်းတို့ချင်း ပြေလည်ရင်ယူလိုက်ကြ၊တို့နဲ့ ဘာမှမဆိုင်ဘူး၊လီဆာ နဲ့ နီးနီးလေးနေခဲ့ပေ
မယ့်လဲ တို့နှစ်ယောက် ဘယ်တုန်းကမှ မရင်းနှီးခဲ့ဘူး၊ဒါတွေ.....”
YOU ARE READING
Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)
Romanceတစ်ခါတစ်ရံ အချစ်ဆိုသည်မှာ..................