မာနများရောင်းရန်ရှိသည် (အပိုင်း ၃၂ ဇာတ်သိမ်း)

1.1K 54 4
                                    

မာနများရောင်းရန်ရှိသည်
အခန်း(၃၂)
ဇာတ်သိမ်းပိုင်း
ရှာတာကတော့မမကိုပဲဖြစ်သည်။ဒါပေမယ့်မြင်လိုက်တော့သူ့ခြေလှမ်းတွေတုံ့သွား၏။မတုံ့လို့လည်းမရတော့ပေ
မမနှင့်သူရင်ဘတ်ချင်းတိုက်မိတော့မလိုတည်းတည်းလေး.....။
“မင်းဒီဘက်ကိုဘာလာလုပ်တာလဲ”
မ‌ရှောင်သာသည့်လမ်းကျဥ်းလေးမှာလီဆာကဘေးကနရံကိုလဲကိုင်ထားသေးသည်။
“မမ”
ဂျန်းနီကမျက်နှာမမော့ပါ......၊ရှောင်တိမ်းထွက်ခွာဖို့သာခြေလှမ်းပြင်၏။ထိုမျက်ဝန်းတွေကိုသူမြင်ချင်သည်။မြင်ရမှဖြစ်မည်။
“မမနဲ့ကျွန်တော်ရှင်းရှင်းသိသွားချင်တယ်၊ခဏလောက်မော့ပါ”
ဂျန်းနီကမော့မလာပေ....။ထို့ပြင်ရေချိုးပြီးစနုမွတ်ပြေပြစ်သောလှပသည့်ညအိပ်ဂါဝန်လေးနှင့်ရင်ဘတ်လှလှမှာ
လက်ခနဲ့ကြွေဆင်းသွားတာကမျက်ရည်တစ်ပွင့်...။
“မမကိုဒီစကားလေးတွေမပြောရဘဲနဲ့ကျွန်တော်ဒီနေရာကတစ်ဖဝါးမှရွေ့မှာမဟုတ်ဘူးနော်”
စိတ်နောက်ကိုယ်ပါရှိခဲ့သည့်အကျင့်အတိုင်းလီဆာကဂျန်းနီပခုံးလေးနှစ်ဖက်ကိုဆုပ်ကိုင်ပစ်လိုက်ပြီးမျက်နှာမော့ပါလာအောင်ကြိုးစား၏။
ဂျန်းနီသည်သူ့လက်ကိုဆတ်ခနဲပုတ်ချပစ်ကာလက်တစ်ဖက်မြောက်တက်သွားတာရိပ်ခနဲ၊ဖောင်းခနဲမြည်သံနှင့်ရိုက်ချက်ကနားထဲမှာအူထူစပ်ဖျဥ်းသွား၏။ထို့ပြင်ရိုက်ချက်နောက်ပါသွားသည့်လီဆာမျက်နှာတစ်ဖက်ကိုစိုက်ခနဲ့ဆင်း၏။
“မမ”
“ဖယ်......၊လွှတ်”
ဂျန်းနီအတင်းတိုးတိုက်ထွက်တော့လီဆာကစွေ့ခနဲဆွဲဖက်ထားလိုက်ကာ....
“မမကို ကျွန်တော်ချစ်တယ်”
“ဘာပြောတယ်”
ဂျန်းနီကသူ့ကိုထုနှက်ရုန်းနေရင်းအသံစူးအောင်အော်၏။ပြီးတော့လူပ်ရှားမူတွေတဖြည်းဖြည်းရပ်တန့်သွားခဲ့ပြီး
မျက်ဝန်းမှာဖိတ်ဖိတ်စင်စင်ပြည့်တက်လာကြသည့်မျက်ရည်တွေကအားကောင်းမောင်းသန်ပြိုဆင်းကြလေသည်။
“မငိုပါနဲ့.....၊အဲဒီမျက်ရည်တွေကိုမြင်ရင်ကျွန်တော်လူသတ်ချင်စိတ်တွေဖြစ်ဖြစ်လာလို့”
ကြည်ဖြူခြင်းမရှိသည့်ကိုယ်လေးကိုလီဆာအတင်းထွေးဖက်ထားမိသည်။ပြီးတော့ဘယ်သူ့ကိုမှမပေးလိုက်နိုင်သောရယူပိုင်ဆိုင်လိုခြင်းအတွက်တိတ်တခိုးဆုတောင်းမိသည်က.......
........ဘဝဆက်တိုင်း........
........ကိုယ်ညံ့လို့ကိုယ်ခံ......
..........မတော်တဆအသည်းကွဲခြင်းမှ.......
.............ရှောင်ကြဥ်ပါ၏...........
နှစ်ယောက်သားစိတ်လွတ်ကိုယ်လွတ်ဖက်ထားမိကြတုန်းလူသံတွေကြားလိုက်ရသည်။ကြည့်လိုက်တော့ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိသောယွန်းရယ်ယွန်းမေမေနဲ့အခြားသူများရယ်မေမေရယ်ပါ။
ထိုအချိန်ခဏလေးမှာမမရှက်ကြောက်ငေးကြောင်သွားတုန်းကမူးရှူးထိုးလက်ဆွဲပြေးထွက်ခဲ့တာကသူရယ်....။
ကားကိုဝေးလံတဲ့နေရာထိမောင်းထွက်ဖို့ဦးတည်လိုက်လျှင်မမသောင်းကျန်းမှာစိုးကာသူ့သူငယ်ချင်းပိုင်ဟိုတယ်
ကိုပဲမောင်းခဲ့လိုက်တော့ရှင်းပြဖို့၊ပြောဖို့အကြောင်းတွေပဲရှိနေသလိုလို.......။
ဂျန်းနီပါလာခဲ့မိကာကိုယ့်ကိုယ်ကိုဘာတွေလုပ်မိမှန်းတောင်မသိတော့သလောက်ပင်။လူတွေရဲ့ပြူးတိပြူးကြောင်ကိုမြင်လိုက်ရချိန်မှာပူထူရှက်ကြောက်ကာမမြင်ကွယ်ရာကိုပြေးထွက်သွားချင်တဲ့စိတ်ကသာရုန်းရင်းဆန်ဆတ်ကြွတက်လာ၏။
ကားပေါ်တက်လိုက်ခဲ့မိတာမှားပြီဆိုတာတွေးမိပေမယ့်လည်း......
“မမ ခဏလေးငြိမ်နေပါ၊ကျွန်တော်ရှင်းပြပါ့မယ်”
“မမ အရမ်းဆူနေရင်ကျွန်တော်စိတ်တွေလူပ်ရှားပြီးတစ်ခုခုဖြစ်သွားလိမ့်မယ်”
“ခဏလေးပါမမရာ”
စသဖြင့်လီဆာရဲ့ဘာကိုခဏစောင့်ခိုင်းမှန်းမသိဘဲဒါကိုပဲစောင့်နေမိခဲ့သည်။တကယ်ဆိုခြေလှမ်းမှားပြီကတည်းက
လုံးဝပြင်ဆင်ခွင့်မရှိတော့ဘူးဆိုတာကိုအသိစိတ်မှာရှိနေမှာပါ.....။
ဒါပေမယ့်မသိစိတ်မှာအရှက်နဲ့သိက္ခာအတွက်ကာကွယ်လိုခြင်းကမင်းမူနေခဲ့၏။လီဆာကိုထုနှက်ဆူပူနေတော့ရောဘာထူးတော့မှာလဲ။
နောက်ထပ်ကျလာသည့်မျက်ရည်တွေကိုကိုယ့်တရားနှင့်ကိုယ်ဖြေသိမ့်သုတ်ပစ်ရင်း...
လီဆာမေမေဆီဖုန်းဆက်ကာ”ဂျန်းနီတို့မှားပြီ..အန်တီ....အဲဒါ”
မျက်ရည်တွေသုတ်ပြီးမှထပ်ကျပြန်ကာရိူက်သံပါထွက်လာ၏။လီဆာကဂျန်းနီဘေးမှာအရုပ်ကြိုးပြတ်လေးထိုင်ချကာဖုန်းကိုယူ၍စပီကာဖွင့်လိုက်သည်.....
“မငိုပါနဲ့သမီးရယ်...သားဘာလုပ်ခဲ့တယ်ဆိုတာအန်တီသိပါတယ်သမီးမှာအပြစ်မရှိဘူး”
“မဟုတ်ဘူး”
“ဟုတ်တယ်လို့ထားလိုက်ပါမမရာ....၊ငိုလဲငိုမနေပါနဲ့တော့၊မမဂျူဟော့ကိုမချစ်နိုင်သလိုကျွန်တော်လဲယွန်းကိုမချစ်ဘူး”
“ဘာပြောတယ်လီဆာ၊မင်းကလူကြီးတွေကိုခွေးဖြစ်အောင်လုပ်နေတာလား”
“ဘာမှဖြစ်စရာမရှိဘူး၊ကျွန်တော့်ဇာတ်ကျွန်တော်နိုင်အောင်ကသွားတာဘယ်မိဘမှမပါခဲ့ဘူးနောက်လဲဘာကြောင့်မှပါဘာဖို့မရှိဘူး၊ကျွန်တော်တို့တစ်သက်လုံးစိတ်ဆင်းရဲသွားရမယ့်အစားအခုစွန့်စားထိုက်လို့စွန့်စားတာ၊လူတွေဘာပြောပြောပါးစပ်ညောင်းရင်ပိတ်သွားလိမ့်မယ်”
ဖုန်းထဲကအသံတွေကြောင့်လီဆာမေမေလဲဘာပြောရမှန်းပင်မသိတော့ပါ၊အစကတော့မုန်းပါတယ်၊နာပါတယ်နှင့်ခုကျမှဘာဖြစ်သွားတာလဲ....။
ရိူက်သံလေးထွက်နေတဲ့ဂျန်းနီအသံကိုနားထောင်ကာဒီမိန်းကလေးမထူးစိတ်ပိုက်ပြီးငြိမ်နေလိုက်ရတာလား၊ဒါမှမဟုတ်........
သားကိုပဲတကယ်သံယောဇဥ်မေတ္တာတွေရှိခဲ့တာလား၊ဘယ်လိုမှလဲအကဲခတ်မရသဖြင့်ငြိမ်နေမိပြန်သည်။
“မေမေ”
“ဟေ ပြောသား”
“ဂျူဟော့တို့ဘက်ကိုလဲဖေဖေကတဆင့်တချက်လောက်အကြောင်းကြားပေးပါ”
“ဂျန်းနီကင်မ်ကိုပိုင်ရှင်အမှန်ကသိမ်းပိုက်လိုက်ပြီလို့”
“ဟင်......အေးအေး”
လီဆာမေမေယောင်တောင်တောင်နှင့်အေးအေးဟုပြောပြီးမှတဖက်ကချသွားသည့်ဖုန်းကိုကိုင်ထားမိစဲမို့ပြန်ချဖို့သတိရသည်။ဖြစ်စေချင်တာကတော့သူတို့ချင်းသာချစ်ချစ်ခင်ခင်ကြင်ကြင်နာနာပေါင်းသင်းကြမယ်ဆိုရင်တော့ဘယ်လိုအရေးကိစ္စဖြစ်ဖြစ်ဘယ်လိုပုံစံနှင့်ပဲရှင်းရရှင်းရ ဖြစ်သမျှအကြောင်းရှင်းကြယုံသာ.........
ဘေးမှာဖုန်းမြည်သံနှင့်အတူလီဆာရဲ့တက်ခေါက်သံကြောင့်ဂျန်းနီအသံလေးတိတ်သွားသည်။
လီဆာကတော့ဂျန်းနီစိတ်ညစ်မှာတစ်ခုကလွဲ၍ဘာမှမကြောက်သူမို့.........
“ပြော”
“ပြောရမှာ....ငါမဟုတ်ဘူးလီဆာနင်ပြောရမှာ”
ဒီကိုဆက်ကတည်းကယွန်းပဲဆိုတာသူကလည်းသိပြီးသားမို့......
“ဘာမှပြောစရာမရှိဘူး.....နိုး.....”
“နင်ဘယ်လိုလုပ်လိုက်တာလဲဘာကိုဘာမှပြောစရာမရှိဘူးလဲ”
“ပြောရမယ်ဆိုရင်တော့ မမကိုဟိုအရင်ကတည်းကချစ်နေခဲ့တာ၊အဲဒါကြောင့်မင်းနဲ့လက်ထက်ရခါနီးတော့ကိုယ်
မရှူနိုင်မကယ်နိုင်ဖြစ်ခဲ့ရတာတကယ်ပါ၊အဲဒါတော့ဝန်ခံပါတယ်”
သူပြောပြီးဖုန်းပိတ်ပစ်လိုက်သည်။
ပြီးတော့ဂျန်းနီဘေးမှာပြန်ထိုင်လိုက်တော့ဂျန်းနီကကိုယ့်ကိုကျူံ့၍လက်ပိုက်ပစ်ကာ........
“ဟိုအဆောင် ဒီအဆောင်ကူးလူးပျော်ပါးနေရအောင်မင်းကိုယ်မင်းဘုရင်တစ်ပါးလို့ထင်နေသလား၊ငါနဲ့ဝေးဝေးမှာ
နေ”
“ဘာလို့နေရမှာလဲ၊ညာမနေပါနဲ့မမရာ......၊မမကျွန်တော်နဲ့အတိုက်အခံတွေပြောမိပြီးဒီလိုလုပ်ဖို့တည်ဖြစ်သွားတာ၊မမရင်ထဲမှာကျွန်တော်ရှိနေပါတယ်”
ဂျန်းနီကဆတ်ခနဲ့လှည့်ကြည့်၏။ကျောပေါ်ချထသည့်ဆံနွယ်တို့ကဖြာခနဲ့ဖြစ်သွားသဖြင့်သူ့မျက်လုံးထဲမှာဂျန်းနီ
ကပိုလှသွားသည်။
“ငါ့ဆုံးဖြတ်ချက်တွေမှားချင်မှားသွားလိမ့်မယ်၊ဒါပေမယ့်ပထမဆုံးနဲ့နောက်ဆုံးပဲ၊မှန်ဖို့ကြိုးစားခဲ့ပေမယ့်မှားသွားရင်လဲ.......”
“ဟာ........မှားသွားတာတော့ပြင်ရမှာပေါ့၊မမ မချစ်ဘဲ လက်ထပ်ဖို့ကြိုးစားရဲပေမယ့် ကျွန်တော်ကမစွန့်လွှတ်နိုင်
ဘူး၊ကျွန်တော်ဘဝအတွက်တကယ်လိုအပ်တာဟာမမပဲဆိုတာသေချာသိလိုက်တဲ့အချိန်မှာကျွန်တော်လုပ်ခဲ့သမျှ
အမှန်အမှားအားလုံးကဘာမှမဟုတ်တော့ဘဲဖြစ်သွားပြီ၊ဘာကိုမှလဲဂရုမစိုက်ဘူး၊ဒါဟာပြင်လို့မရတဲ့အမှားမဟုတ်သေးဘူးမမ၊မနက်ဖြန်ဆိုတဲ့အချိန်မှာသာအားလုံးနောက်ကျကုန်မှာ.....”
“မင်း....ကိုယ်လိုချင်တဲ့ဘက်ကိုပဲယူတွေးနေတာ၊အခုအားလုံးအရှက်ကွဲကုန်ပြီသိရဲ့လား...”
“ဘာ....ကွဲကွဲဗျာ”
စကားကောင်းပြောနေရင်းလီဆာစဖောက်လာသည်။နေရာမှဝုန်းခနဲထရပ်ကာဘောင်းဘီထဲလက်နိူက်လိုက်၊ခါးထောက်မိလိုက်......။
ပြီးတော့မမရှေ့မှာမို့ပြန်ဖြေချကာခေါက်တုံ့ခေါက်ပြန်လျှောက်၏။ထို့နောက်......
“မမကအဲဒီအရှက်သိက္ခာတွေကိုကာကွယ်ရင်းနဲ့တစ်သက်လုံးမချစ်တဲ့သူကိုပေါင်းသွားမှာလား”
ဂျန်းနီရှေ့မှာခြေဖျားထောက်လိုက်ပြီးလက်ဖဝါးလေးနှစ်ဖက်ကိုဖိညှစ်ဆုပ်ကိုင်၏။
“မမလဲသူ့မိန်းမ မဟုတ်သေးဘူး၊ကျွန်တော်မလဲမိန်းမ မရှိဘူး၊ဒီအချိန်ပိုင်းလေးမှာကျွန်တော်တို့မစွန့်စားသင့်ဘူး
လား”
“ဘာစွန့်စားတာလဲ......၊ဖယ်....လွှတ်.....၊မင်းကိုတော့ငါက ချစ်တယ်ပြောမိလို့လား”
“မပြောဘူးလေ......၊မပြောပေမယ့်သိနေတာ မမနေ့ခင်းကငိုနေခဲ့တယ်မလား”
ဂျန်းနီမျက်နှာလေးပျက်လျက် တစ်ဖက်လှည့်ဖို့ပြင်၏။လီဆာကဘေးမှာဝင်ထိုင်လိုက်ပြီး ဂျန်းနီခါးလေးကိုဆွဲ
သိမ်းဖက်ထားကာ.....
“တီတီတာတာတွေ ပြောနေကြတာဘာလုပ်ဖို့လဲမမရာ၊ကျွန်တော်ကမျက်ဝန်းထဲမှာဒီတိုင်းပေါ်နေတဲ့ရင်ထဲကသယံဇာတတွေကိုပဲလိုချင်တာ၊ပြောနေဖို့ထက်ချစ်နေဖို့ပဲလိုတာပါ၊ဟုတ်တယ်မို့လားဟင်”
“စကားတက်တိုင်းလှည့်ပတ်ပြောမနေနဲ့လီဆာ၊ငါအရမ်းစိတ်ညစ်နေတယ်၊ဝေးဝေးသွားနေပေး”
ဂျန်းနီကအတင်းတွန်းဖယ်ရုန်းနေရင်းမျက်နှာကိုဒီဘက်နည်းနည်းမှမလှည့်.....။
လီဆာကလည်းဇွတ်တရွတ်ဖက်ထားကာ.......
“မဖြစ်နိုင်ဆုံးကအဲဒါပဲ၊မမတစ်ယောက်တည်းနေရင်ရှက်တာတွေ၊သိက္ခာတွေချည်းပဲပါလာပြီးဒီကောင်ကနောက်ရောက်သွားမှာ၊လုံးဝနေခွင့်မပေးနိုင်ဘူး”
ဇွတ်ပြော၊ဇွတ်ဖြစ်နေသည့်လီဆာသည်ဂျန်းနီလည်တိုင်မွေးညက်ညက်လေးကိုငုံ့နမ်းပစ်လိုက်၏။
“အို......”
ဂျန်းနီမျက်လုံးထဲမှာလျှပ်စီးကြောင်းတွေဖြစ်ကုန်သည်။လည်တိုင်မှာနွေးသွားသော်လည်းတစ်ကိုယ်လုံးအေးစိမ့်ကျင်ခဲသွားသလိုပင်......။
အချစ်နှင့်စိမ်းသတ်ခဲ့သောလူမှာသတိလစ်မတက်မေ့မူးပြာဝေသွားစဥ်လီဆာရဲ့အနမ်းတွေကဆင့်ကဲဆင့်ကဲကျ‌
ရောက်လျှက်။ပတ်ဝန်းကျင်အလင်းရောင်အားလုံးပျောက်ဆုံးကုန်ပြီလား။လီဆာသည်သူမနားနားမှာနူတ်ခမ်း
‌ဖျားကိုဖိကပ်ရင်း........
“ကျွန်တော့်ကို သိမ်းပိုက်ခွင့်ပြုပါ”
“ဟင့်အင်း.......၊ဟင့်အင်း.....”
သူနှင့်အတူလဲကျသွားခဲ့သောအခါ နူးညံ့နွေးထွေးနေသည်အရာသည်အိပ်ရာတစ်ခုလား.....၊ရင်ခွင်ကျယ်လား....။
ရင်ခုန်သံတွေဗရမ်းဗတာဗြောင်းဆန်နေသမျှရှက်မျက်ရည်တို့သွင်သွင်စီး၏။လီဆာကထိုမျက်ရည်တွေကိုရပ်
တန့်ခြောက်သွေ့ကုန်အောင်ကြိုးစားရင်း.......
“ကျွန်တော့်ကိုချစ်တာတွေပဲတွေးနော်၊ဘဝတစ်လျှောက်လုံးမှာချမ်းသာပျော်ရွှင်ကြဖို့အတွက်မာနတွေကိုရောင်းချပစ်လိုက်တော့ကွာ”
ငုံ့မိုးစိုက်ကြည့်လာသည်လီဆာ၏ ရီဝေစူးရဲနေသောမျက်ဝန်းများကြောင့် ဂျန်းနီမျက်ဝန်းတွေကို မှိတ်ပစ်လိုက်မိ
သည်။သူမပျော်နေသည်လား......၊ကြောက်ရွံနေခဲ့သည်လား......၊သေချာတာတစ်ခုကအရာအားလုံးသည်သူ့ရဲ့
အနမ်းများအောက်မှာ မေ့လျော့ပျောက်ဆုံးသွားခဲ့ပြီ.....။
တကယ်ပဲ  ချစ်တော့ ချစ်ခဲ့သည်မို့........။
လေးစားစွားဖြင့်
Admin Pink

You've reached the end of published parts.

⏰ Last updated: Apr 12, 2022 ⏰

Add this story to your Library to get notified about new parts!

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Where stories live. Discover now