Unicode
မာနများရောင်းရန်ရှိသည်
အခန်း ( ၈)
" ဟေ. လီဆာ "
သူလှည့်ကြည့်လိုက်တော့ ယွန်းကစတော့ကင်ကျပ်ကျပ်လေးနှင့် တင်အောက်မှာအတွန်.ဖက်လေးတွေပါသည့်လက်ပြတ်ကပ်အကျီရှည်ကိုဝတ်ထားသည်။
အနက်ရောင် နားကွင်းဝိုင်းရှည်ကြီးနှင့်မျက်မှန်နက်လေးလည်းတပ်ထားတော့ တစ်ကိုယ်လုံးနက်ဆွေးပြီးထင်းနေ၏။
ထို.ပြင်ကြက်သွေးရောင် နူတ်ခမ်းသားလေးတွေကပြောင်အိအိ၊လှုပ်လိလှုပ်နဲ.နှင့် သူငေးခနဲ.ဖြစ်သွားပြီးမျက်လုံးပြန်လွှဲဖို.ရုတ်တရက်မေ့သွားသည်။
" ယူ တစ်ယောက်တည်းလား "
" အင်း.....မင်းရော...."
" အာမော်နီပါတယ်..."
ယွန်းပြတဲ.ဘက်ကိုလှည့်လိုက်တော့ ယွန်းရဲ.မေမေက သူဘေးနီးနီးလေးကိုရောက်နေပြီဖြစ်၏။
" ေအာ် အန်တီ..."
ယွန်းရဲ.အာမော်နီးကတော့ဟိုတုန်းကထက်တောင်ပို၍ရင့်ရော်ကြမ်းတမ်းလာသလိုထင်ရကာပိုပြီး စူးရဲလာသလိုရှိသည့်မျက်လုံးအကြည့်တွေကြောင့်လီဆာစိတ်ထဲမှာဖျင်းခနဲ.တော့ဖြစ်သွားသည်။
မေ.နိုင်ပါ.မလား...။
" ဟဲ. ကောင်လေး ဘာလာလုပ်တာလဲ၊ ဒါနင့်တို.ဟာတွေလာပြီးတုံးလုံးပက်လက်လှဲရမဲ.နေရာလား၊ထစမ်း..၊သွား..ပြန်တော့.."
" မခေါ် နဲ့..၊အိမ်ထဲခေါ်မလာနဲ.လေ၊ မွေးနေ.မို.ကျွေးချင်ရင်ထည့်ပေးလိုက်၊ချိုင့်တွေဘာတွေလဲထည့်မနေနဲ.၊ရေခဲသေတ္တာထဲထည့်တဲ.အသားဘူးတွေရှိတယ် ၊ပေးပြီး ဘာမှပြန်မတောင်းရအောင် "
"အမယ်လေး...လေး...၊လူပါးဝလိုက်တာ၊ရာရာစစ..၊ဟဲ့...မိယွန်းယွန်း ခေါ်သွားစမ်း၊သွားပြန်လွှတ်လိုက်.."
ဖြစ်ရပ်တွေကိုလဲမှတ်မိနေသေးသည်။ဖြစ်စဥ်အလိုက်တင်ကျန်ရစ်အောင် ပြောခဲ.ဖူးတဲ.စကားတွေကလည်း ခေါင်းထဲမှာ အကန့်လိုက်မပျက်မယွင်းရှိနေဆဲပါ။
"အင်း...မှတ်မိပြီ၊လူကောင်ကြီးထွားလာတော့
မနည်းကြည့်ယူရတယ် "
ယွန်းအာမော်နီးကအဲလိုပြောတော့လီဆာကပြုံးသည်။
တကယ်ကိုပြောင်းလဲခဲ.တာလားလို.စူးစမ်းတဲ.မျက်လုံးကြီးကိုမသိဘဲနေမလား...။
ပြီးတော့ကြည့်လိုက်တဲ.အကြည့်ကလက်စွပ်ကိုတန်းခနဲ.ကြည့်ပါဦးယွန်းအမေတကယ်ကွာလတီမှန်ရဲ.လား..။
စိတ်ထဲမှာ ချဥ်နေသည့်လီဆာမျက်လုံးတွေကအေးစက်စက်နှုတ်ခမ်းကပြုံးနေပေမယ်အံကြိတ်ထားတာနဲ.လည်းတူ၏။ယွန်းအာမော်နီနှင့်သူမပီပြင်သည့်အပြုံးတို.နှင့်ဖျတ်ခနဲ.စူးစိုက်ကြည့်မိကြကာ
" နေကောင်းရဲ.လားယွန်းအာမော်နီး "
" ကောင်းပါတယ် ၊ဒါနဲ.မင်းတို.အင်းလျားလမ်းမှာနေတာဆို "
မျက်တောင်ဖျားတို.ကအထက်အောက်ဖျတ်ခနဲ. ဖတ်ခနဲ.အပြေးမှာဟိုတုန်းကလို.အထင်အမြင်သေးဆဲအကြည့်တို.ကယီးလေးခိုနေကြ၏။
" ဟုတ်တယ်.. ၊အင်းလျားလမ်းထဲဝင်ပြီးသိပ်မရှာရပါဘူး၊ဝရန်တာခြောက်ခုနဲ.နှစ်လုံးတွဲတိုက်ကြီးကကျွန်တော်တို.တိုက်ပဲ "
"ေအာ်... "
မပြောင်းလဲအောင်ဟန်ဆောင်နေရပေမယ့် မျက်ဝန်းတွေမှာတော့ပြုံးကြည်သွားခဲ.သည်ထင်၏။
" အေးပေါ.လေ..၊သမီးအတွက်ငယ်ပေါင်းကြီးဖော်တစ်ယောက်နဲ.ပြန်ဆုံရတာအားကိုးရတာပေါ. မင်းအခုဘာလုပ်နေလဲ "
" သစ်စက်မှာထိုင်နေပါတယ် "
" လီဆာရဲ.သစ်စက်က စက်ရုံကြီးတွေထက်တောင်ကြီးသေးတယ်၊ကွတေစထရက်ရှင်တွေ လက်ကိုင်ထားရတဲ.သစ်စက်ပဲ လီဆာတို.ကအရမ်းပြောင်းလဲ နေတာ "
" အင်း.....အင်း...ဝမ်းသာပါတယ်ကွယ် "
သားအမိနှစ်ယောက်ကိုကြည့်၍ လီဆာကတော့နားလည်နေပါသည်။သူ ဘယ်လိုအခြေအနေဆိုတာ ဟိုတုန်းကတည်းကကြိုတင်ပြောပြမထားပဲ ယွန်းအမေလိုမိန်းမကြီးက ခုလိုအရေးတယူနူတ်ဆက်ပြောဆိုဖော်ရမတဲ.လား...။
သိပြီးသားတွေကိုခုမှ မိတ်ဆက်ပေးသလိုလိုလုပ်နေသေးသည်။
ယွန်းကိုတော့ သူ မနာကြည်းနိုင်ခဲ.ပါ။
ဒါပေမယ့် သူမအမေနဲ.ပတ်သက်ပြီး နာကျင်စရာတွေအစပြန်ပေါ်လာတိုင်း ရင်ထဲမှာရှိနေခဲ.သည့် နူးည့ံခြင်းတရားတွေခဏတဖြုတ်ပျောက်ကွယ်တတ်၏။
ထို.နေ. ပလာဇာအပေါ်ဆုံးထပ်မှာညစားသောက်ဆိုင်ထိုင်းရင်းသုံးယောက်သားစကားပြောဖြစ်ခဲ.ကြသည်။နှလုံးသားတစ်ခြမ်းက မီးသင့်သလိုရှိကာတခြမ်းကတော့နံသာသင်းသောကျောက်စက်ရေအိုင်မှာမေးတင်နေရသလို...။
အရမ်းသွက်လက်ပြီးချစ်စရာကောင်းသော ယွန်းကိုသူစိတ်ဝင်စားနေမိပါပြီ..။
ဒါဆိုသူမရဲ.ထည့်မတွက်လို.ရနိုင်သည်လား..။
ESTÁS LEYENDO
Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)
Romanceတစ်ခါတစ်ရံ အချစ်ဆိုသည်မှာ..................