မာနများရောင်းရန်ရှိသည်(အပိုင်း ၁၄)

214 25 1
                                    

Unicode Font

Facebook Page "Blackpink Myanmar Paradise" Page တွင်လည်း followလုပ်၍ဖတ်လို့ရပါတယ်ခင်ဗျ

မာနများရောင်းရန်ရှိသည်
အခန်း ( ၁၄)
နေ.လယ်ကအပေါ်ထပ်တစ်ထပ်လုံး ဖြူးစ်ပြတ်သွားလို.အန်ကယ်လာပြင်ပေးသွား၏။အလုပ်လုပ်ရင်း မေးခွန်းတစ်ခုမေးသွားပုံက ထူးဆန်းနေသဖြင့် ညဘက်အလုပ်စားပွဲထိုင်တဲ.အထိမကြာခဏ တွေးဖြစ်နေ​ေလ၏။
" သမီး အခု Plan ချနေတဲ.လုပ်ငန်းမှာလက်တွဲနေတဲ. ဂျူဂိုဟော. ကသမီးနဲ.လုပ်ငန်းပူးပေါင်းချင်တာသက်သက်မဟုတ်ဘူးထင်တယ်"
မေးခွန်းလိုလိုဘာလိုလိုက "သမီးလဲ ရိပ်မိနေမှာပါ "လို.မေးသလိုမျက်လုံးများကြောင့် ဂျူဂိုဟော.နှင့်သူမ ဘယ်အတိုင်းအတာထိရင်းနှီးနေကြပြီးလဲဆိုတာကိုသိချင်နေမှန်းသိသာ၏။
ထို.ကြောင့်စိတ်ထဲမှာထူးဆန်းနေတာပါ။
အန်ကယ်ဟာစပ်စုတက်သူမဟုတ်သည့်ပြင်ဒီလိုပြဿနာမျိုးမှာပို၍စည်းကမ်းရှိမယ့်သူမျိုးဖြစ်သည်။ဘယ်တုန်းကမှလည်းဒီစကားမျိုးတွေနှင့်အချိန်မဖြန်းခဲ.သူမို.တစ်နေကုန်ဒါပဲတွေးမိနေခဲ.မိ၏။
ဒါကအိမ်ထောင်ရေး၊သူမလည်းငယ်တော့တဲ.အရွယ်မှမဟုတ်တော့တာ...။ကိုယ်ကဆုံးဖြတ်ဖို.ကြုံလာပြီဆိုမှဖုန်းပြောတိုင်ပင်ရမှာဖြစ်ကာအဲဒီကျမှသင့်မသင့်စဥ်းစားဝေဖန်ရမှာမို.လား....။
ဂျူဂိုဟော.ကကိုယ်အပေါ်မရိုးသားမှန်းလည်းဂျန်းနီသိသည်။သူ.လိုပဲမရိုးသားကြတဲ.ယောကျာ်းတွေလည်းရှိခဲ့​တာပဲ....။
ဒီလူကျမှဂရုစိုက်မိအောင်ဖြစ်သွားတာတော့ဆန်းနေတာအမှန်ပင်။သူမစိတ်ထဲမှာတော့ဂျူဂိုဟော.ကိုထူးခြားဦးစားပေးပြီးဆက်ဆံပြောဆိုခဲ.မိတာမရှိဘူးထင်သည်။ဘာဖြစ်ဘို.ဒီလိုမေးတာလဲ...။
ကိုယ်မေးခွန်းနှင့်ကိုယ်ရူပ်ထွေးနေစဥ်မီးကမျက်တောင်တဖျက်ခတ်လာ၏။ပြီးတော့တစ်အိမ်လုံးမှောင်ကျသွားလေသည်။
" တောက်"
အတွေးထဲမှာနစ်မွန်းသွားမိသည်မို.မီးမျက်တောင်ခတ်နေပေမယ်.အလုပ်တွေကိုသိမ်းဖို.နောက်ကျသွား၏။
လုပ်ထားသမျှတွေအားလုံးသွားပြီ...။မောက်စ်မှာတင်ထားသည့်လက်ကကိုင်ပေါက်ချင်စိတ်တွေဖြစ်အောင်အော်ဟစ်တောင်းဆိုနေသည့်နှယ်...။
" မမလေး"
"အေးဟေ့.....၊ငါအလုပ်စားပွဲမှာကိုယ်ဘာသာမီးအိမ်ရှာထွန်းလိုက်.."
"မမလေး မီးအိမ်တလုံးကအပေါ်မှာ၊တစ်လုံးကအဲဒီအပေါ်ထပ်မှာလေ.."
" ခက်တော့တာပဲမိသီရယ်....၊အင်ဗာတာဆီစမ်းသွားလိုက်၊ပျက်နေပေမယ့် ခဏတော့လင်းလို.ရသေးတယ်"
" ကျွန်မ အဲဒါကြီးတွေမကိုင်ရဲဘူး မမလေးရဲ."
သေလိုက်တော့မိသီရေ.....။
ဒေါသကတော့ကိုယ်.ဘာသာပဲခုန်ပေါက်အော်ဟစ်ချင်တော့သည်၊စက်ပစ္စည်းတွေဆိုမီးဖွင့်တာပိတ်တာလောက်ပဲမိသီတို.ကျွမ်းကျင်သည်။
ဘယ်ပလပ်ခေါင်းဖြုတ်လိုက်စမ်း၊ဘယ်မီးခုံမှာသွားထိုးလိုက်၊ဘာခိုင်းခိုင်းဘယ်လိုအာမခံခဲ့ပေမယ့်ဒူးတုန်လက်တုန်ကနေ မလူပ်..။
ဒါကိုသိပေမယ်. တစ်ခါတလေမဖြစ်မနေလုပ်ရမှာဆိုသည့်စိတ်လေးများဝင်မလားလို.သူမကလည်းခိုင်းမိခဲ.သည်ချည်း..။
တိုက်ကြီးနှစ်ထပ်စလုံးမှောင်မည်းနေတော့အောက်ထပ်ကိုဆင်းသွားဖို.ကမလွယ်ပေ။စားပွဲကနေထပြီးဘယ်ကိုသွားရမလဲအရင်စဥ်းစားရင်း...
" မိသီ....."
" ရှင်.......မမလေး"
သေချာသည်။အောက်ထပ်မှာမိသီရောက်တဲ.နေရာမှာပဲကျောက်ချနေပြီ....။
" ဘုရားခန်းရှေ.က နှစ်ထပ်စားပွဲလေးရဲ.အောက်ထပ်မှာမမလေး"
ထိုနေရာရောက်ဖို.ကိုသတိထားပြီးသွားနေရသည်။အလယ်မှာလှေကားကြီးတစ်ခုလုံးရှိနေသဖြင့်လှေကားထိပ်နားနီးပြီးအမှတ်တမဲ.ခြေချော်ကျသွားရင်မလွယ်....။
ထိုစဥ် အောက်ထပ်က စကားပြောသံသဲ.သဲ.ကြားလိုက်ရသလိုလို....၊အောက်ကနေတမင်အော်ပြောတာမဟုတ်ဘဲအပေါ်ကမကြားရပေ။ထို.ကြောင့်အန်ကယ်ကူးလာသည်ဟုတွေးလိုက်မိသေးသည်။
" ဒါပေမယ့် သိပ်မကြာလိုက်မိ...
" ဟ..."
" အမယ်လေး...."
" ဒုန်း...."
" အား....."
နောက်ကနေ ပစ်ခတ်တိုက်လိုက်ပြီးဂျန်းနီ ဟပ်ထိုးလဲသွားတော့ မိမိရရ ပြန်ဆွဲဖက်၏။
ပြီးတော့ ခြေဖဝါးစောင်းပေါ်ဘာကြီးပြုတ်ကျမှန်းမသိဘဲနှစ်ယောက်သားလုံးထွေးကျသွားလေသည်။
"ဖယ်စမ်း.....၊မင်း.......မင်း.....ဘယ်လိုလုပ်လိုက်တာလဲ၊ကျွတ်....ကျွတ်......"
မှောင်နှင့်မည်းမည်းပေမယ်.ရေမွှေးနံ့နှင့်တူသောစီးကရက်နံ့ကြောင့် လီဆာမှန်း ဂျန်းနီ သိလိုက်၏။
ကိုယ်ကလည်းဒီနေ.နက်ပြာရောင်ဝတ်ထားခဲ.မိကာသူလည်းဘာရောင်ဝတ်ထားမှန်းမသိပေမယ်.မျက်နှာတစ်ခုမှလွှဲ၍ဘာမှမမြင်ရ....။
" ဘယ်ထိသွားလဲလှေကား ထိပ်နားမှာမမကဘာရပ်လုပ်နေတာလဲ"
" ရပ်နေတာဟုတ်မလားဟဲ.၊ဘုရားခန်းကိုသွားမလို.ဖြတ်လာတာ၊လွှတ်လေလက်ကို....."
" မမ အရင်ထထိုင်လိုက်...၊လက်ကကျောအောက်မှာပိနေတာ"
" အို!.... ငါ ထလိုက်ရင် မင်းနဲ."
မျက်နှာချင်း ဝမ်းဆက်ဖြစ်သွားနိုင်သည်ဟုပြောမထွက်ဘဲဖြစ်သွား၏။ထပ်လျက်သားလဲနေကြတာ ကိုယ်ကသူ.ရင်ဘတ်အောက်မှာ....
" ဆောရီး..မမ...၊ ခဏ ခဏလေး...."
"အား.....၊ခြေထောက်ကိုမနင်းနဲ.လေ"
" ဆောရီး"
နှစ်ယောက်သား သံစုံမြည်နေတာ အမှောင်ထဲမှာပဲဖြစ်၏။
" လီဆာ...၊ မင်း ဘာလုပ်နေတာလဲ"
ဟိုစမ်းဒီစမ်းလက်ကခြေထောက်ပေါ်ရောက်လာသဖြင့် ခြေကိုရုတ်လိုက်ရင်း ဒေါသနှင့်အော်လိုက်မိ၏။
" မီးအိမ်ကို စမ်းနေတာလေ၊မမချည်းပဲစွတ်အော်နေ၊မီးပြင်ပေးမလို.ဒီကအကောင်းနဲ.လာတာ"
" မီးပြင်မယ့်လူက ဓာတ်မီလေးတောင်ကိုင်မလာဘူးလား"
" မေမေဇွတ်အော်နေလို. ဘာမှကိုဆွဲချိန်မရဘူး၊မိသီပေးတဲ.မီးအိမ်ကလဲဖွင့်တာ လင်းမှမလင်းတာ၊အဲဒါစမ်းဖွင့်ရင်းတက်လာတာ"
" ဖြစ်ရလေ....၊အဲဒီမီးအိမ်ကြီး ငါ.ခြေထောက်ပေါ်ကျတာပေါ."
" ဟုတ်တယ်.. ၊ဘာလဲ ခုမှဒါကြီးပါလားဆိုပြီးသတိလစ်ချင်သလို ဖြစ်သွားတာလား"
ပြောရင်း မီးရောင်လေးဖွင့်လာတော့နှစ်ယောက်သားကြမ်းခင်းပေါ်မှာပဲ မျက်နှာချင်းဆိုင်ထိုင်နေကြတဲ.ပုံရိပ်လေးတွေထင်းသွား၏။
လီဆာသည် ဆံပင်ရှည်တွေနဲ့ကပိုကရိုလေးဖြန်.ကျလျက်ဝင်းဖန့်ဖြူနုသည့်မျက်နှာလေးနှင့် ဂျန်းနီကိုသေချာစိုက်ကြည့်မိလျက်ဂျန်းနီမျက်လွှာလေးဖျတ်ခနဲ.ပင့်တက်လာပေမယ့်ချက်ချင်းမျက်နှာလွှဲပစ်၏။
တိတ်ဆိတ်သွားသည့်ခဏလေးမှာဂျန်းနီမနေတက်သလိုကြီးခံစားလိုက်ရကာ....နေရာမှထရပ်ဖို.ဖြစ်၏။
" ဟာ! .......နေဦး၊ခြေထောက်မှာသွေးတွေ...."
" ရပါတယ်"
" မဟုတ်ဖူး၊ တော်တော်များတယ်ထင်တယ်"
ထိုညက မီးပြင်ဖို.ရောက်လာသည့်လီဆာက ကျန်းမာရေးမှုုးဖြစ်သွားခဲ.၏။လူပ်လီလူပ်လဲ.မီးအိမ်လေးအရောင်နှင့်ဆေးပုလင်းနှင့်ပစ္စည်းတွေသွားရှာ၊ပြန်လာ၊ဂျန်းနီတကယ်.ကိုမထနိုင်တော့ပေ...။
ညာဘက်ခြေစောင်းမှာတစ်လက်မလောက်အရေခွံလန်ထွက်သွားသည်ဟုပြောတော့ မိသီသတင်းပေးမူ.ကြောင့် လီဆာမေမေရင်ဘတ်ဖိပြီးပြေးလာ၏။
နေမကောင်းဖြစ်နေ၍မှိန်းနေသည်ဟုဆိုသောလီဆာအဖေဖြစ်သူကလည်းလီဆာကိုနမော်နမဲ.နိုင်တာကိုဆူလို.မပြီးနိုင်...။
လီဆာကတော့အဆူခံနေရတာထက် ဂျန်းနီကင်မ်ဆိုသည့်မိန်းမရဲ.မျက်နှာကိုပဲစိတ်ဝင်စားနေခဲ.၏။ချောလွန်းလှလွန်းလို.မဟုတ်ပါ။
သူ.ရှေ.ကျမှသွေးထွက်သံယိုဖြစ်တာမြင်ရတာဒါနဲ.ဆိုနှစ်ခါ။တခြားသောထိခိုက်နာကျင်စရာတွေဖြစ်ရတာလည်းမြင်ခဲ.ဖူးသည်။
မိန်းမတစ်ယောက်ဖြစ်ပြီးမျက်ရည်တောက်တောက်ကျဖို.သင့်ပေမယ့်မကျ။အော်ဟစ်ညည်းညူသင့်တာတွေမှာလည်းမျက်နှာလေးတစ်ချက်လောက်မဲ.လိုက်ရုံနဲ.ပြီး၏။
သိမ့်မထူးဆန်းဘူးထင်ရပေမယ့်ဒီမိန်းမဆန်းတော့ဆန်းလေသည်။
" ဆရာဝန်ပင့်ပြီး ဆေးထိုးထားမှထင်တယ်၊တော်ကြာ ညကျသမီးအရမ်းနာနေလိမ့်မယ်"
" ဒဏ်ရာကအားလုံးပြီးသွားပြီပဲ အန်တီရပါတယ်...၊ပြီးတော့အရေခွံလန်သွားတာပဲ သိပ်အကြီးအကျယ်ကြီးမှမဟုတ်တာ"
" ဒီလိုတော့ မဟုတ်သေးဘူးသမီး၊သွေးကြောကြီးတွေမလွတ်ရင်အနာရင်းတက်တယ်၊ခုဆိုတော်သေးတာ၊တော်ကြာညဥ့်နက်မှဆိုရင်...."
"ရပါတယ်၊ဂျန်း ဘာမှမဖြစ်ပါဘူး၊ အန်ကယ်ဒီတခါမီးသေချာလုပ်ပေးခဲ.ပါနော်၊သန်းခေါင်သန်းလွဲကျမှဖြစ်ရင်ပိုဆိုးမှာ..."
ဂျန်းနီက မီးပျက်မှာကိုပဲစိုးရိမ်သံနှင့်ဆိုနေ၏။
" မင်း သေချာလားသား"
"ရပါပြီ၊ဘာမှဖြစ်တာမှမဟုတ်တာ၊မိန်းခုံမှာပလပ်ခေါင်းချောင်နေတာ၊အားလုံးလဲထားလိုက်တယ်"
" အေး......အေး..."
လီဆာမေမေကတော့စိတ်မချနိုင်သေးဘဲမီးအိမ်တွေကိုအိမ်ကအကောင်းတွေနှင့်လဲပြီးမိသီဘေးမှာတစ်လုံး၊ဂျန်းနီဘေးမှာတစ်လုံး ထားအိပ်ဖို.စီစဥ်ပေး၏။
လီဆာဖေဖေကလည်းလက်ကိုင်ဓာတ်မီးလေးတွေခေါင်းအုံးအောက်မှာထားဖို.ပေးသေးသည်။လီဆာကတော့မီးပြင်ပြီးတာနှင့်ဖုတ်ဖတ်ခါထွက်သွားပြီဖြစ်၏။
သူမျက်လုံးထဲမှာဆေးထည့်ပေးနေသည့်ဒဏ်ရာကိုငုံကြည့်ကာမျက်ခုံးနှစ်ဖက်တွန့်ရုံနှင့်အသံတိတ်ငြိမ်သက်နေခဲ.သောမျက်နှာကိုသတိတရ ဖြစ်လာ၏။
  ရှားတဲ.မိန်းမ....။

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Where stories live. Discover now