Unicode
မာနများရောင်းရန်ရှိသည်
အခန်း(၃၀)
ကားပျက်နေသည့်ပြဿနာကြောင့်ကိစ္စတွေအားလုံးဖင့်နှေးကုန်ပေမယ့်မင်္ဂလာပွဲချိန်မီအောင်တော့ပြန်လာနိုင်ခဲ့ကြသည်။
“မင်းအဖေကဘာတဲ့လဲသား”
အန္တရာယ်ဘာမှမဖြစ်ခဲ့ကြဘူးဆိုတော့မေမေကလည်းသူသိချင်တာကိုပဲမေး၏။လီဆာမျက်နှာမကောင်းဖြစ်သွားတာကိုစိုက်ကြည့်၍......
“မလာနိုင်ဘူးတဲ့လား”
“ဟိုမှာလဲပြဿနာတွေမပြတ်လို့၊မမက နေခိုင်းတာပါ”
“ဖေဖေပြန်လာမယ်ဆိုရင်လဲဂျန်းနီရဲ့မိဘအနေနဲ့ပွဲတက်ပေးဖို့ပဲဖြစ်မှာလီဆာ၊မင်းရဲ့မိဘငါမလုပ်ဘူး”ဆိုတဲ့နောက်
ဆက်တွဲစကားကိုတော့လီဆာပြန်မပြောတော့ပါ...။
မိဘနှစ်ပါးစလုံးကယွန်းနှင့်မင်္ဂလာပွဲကိုလုံးဝဆန့်ကျင်နေကြ၏။ယွန်းမေမေကလည်းအမိန့်တွေတမျိုးပြီးတစ်မျိုးမပြီးနိုင်......။
ယွန်းကဖုန်းဆက်နေရင်း......
“ခဏနေဦးလီဆာ၊မေမေနဲ့ပြောလိုက် ဦး”တဲ့။
လီဆာစိတ်ညစ်သွား၏။မင်္ဂလာမဆောင်ခင်မမဆီကိုသူသွားချင်သေးသည်။ခရီးကပြန်ကတည်းကမမသိပ်နေမကောင်းတာသူသိသည်။လမ်းမှာလန့်သွားပြီးနားနေဆောင်ရောက်တာနဲ့ကိုယ်တွေခြစ်ခြစ်တောက်ပူလို့ဆရာဝန်
ပြေးပင့်ခဲ့ရ၏။ပြီးတော့နှစ်ယောက်လုံးလက်ထပ်ပွဲရှိနေသဖြင့်ချက်ချင်းပြန်ခဲ့ရသည်။အိမ်ရောက်သွားတာနှင့်အပြင်ပြန်ထွက်လာတာလုံးဝမတွေ့ရတော့စိုးရိမ်နေမိတာဖြစ်၏။
“တော်ကြာဆရာဝန်ရောက်တော့မှာ”
ဟုပြောပြီးမိတ်ကပ်ဆရာရောက်တာမရောက်တာတော့မသိ.....။
“လီဆာ......၊မင်းအန်တီပြောနေတာကြားလား”
“ဟုတ်ကဲ့.......၊ကြားပါတယ်”
“အေး....၊မင်းရဲ့အဖေကခရီးသွားနေတယ်ဆိုတော့မင်းအမေကဘာဖြစ်လို့လဲ”
“မေမေကလဲဒီမနက်ပဲဖေဖေ့နောက်လိုက်သွားရလို့ပါ၊ဟိုမှာအလုပ်သမားတွေအက်ဆီးဒင့်ဖြစ်တာကြောင့်ကျွန်တော်တို့လိုက်သွားရတာလဲအန်တီသိပါတယ်”
“သိတယ်လေ၊ဘာကိုထပ်သိပေးရဦးမှာလဲ၊ပြဿကဂျန်းနီကင်မ်နဲ့လဲဆိုင်တယ်မို့လား၊သူ့မှာမိဘမရှိဘဲနဲ့တောင်
အခုလက်ထပ်ပွဲအတွက်အေးဆေးပဲ”
ဖုန်းကိုင်ရင်းဒေါသကဖြစ်ချင်လာ၏။မမအေးဆေးတာပူပြင်းတာသူကဘာသိနေလို့လဲ။ယွန်းအမေတို့စကားပြော
ပြီဆို”ငါ့စကားနွားရ”...။
“အန်တီတကယ်အံ့သြတယ်ကွာ.....မင်းတို့ဘက်ကဒီလိုပျက်ကွက်မူတွေရှိလာမယ်လို့လုံးဝကိုထင်မထားခဲ့ဘူး”
“ငါ့သမီးလိုမိန်းမျိုးကိုရတာတောင်မှ”လို့ထည့်ပြောသွားသည့်အတိုင်းယွန်းအမေလေသံကတစ်ထပ်တည်းချိုး၏။
“ကောင်းပါတယ်၊အန်တီကလဲသမီးရဲ့ဆန္ဒအတိုင်းသာလိုက်လျောခဲ့ရတာ၊သိပ်တော့ကျေလည်ခဲ့တာမဟုတ်ဘူး၊မင်းမိဘဘက်ကဒီလိုဆိုတာသိရတော့ရှေ့လျှောက်အားနာစရာ၊ငဲ့ညှာစရာတွေနည်းသွားတာပေါ့”
“ဟား......”
“သိပ်စိတ်တိုနေရင်ဆောရီးပဲ၊လီဆာပြန်မရောက်သေးတဲ့နာရီစက္ကန့်တွေမှာယွန်းအတွက်ငရဲပဲသိလား၊မေမေကတစ်မျိုးလီဆာကတစ်မျိုး....”
“ပြန်ရောက်အောင်ကြိုးစားလာရတဲ့သူကိုတော့မပြောတော့ဘူးလားယွန်း၊တကယ့်ကွိုင်ပဲကွာလုံးဝနားပူတယ်၊အတိအကျကိုညစ်တာတကယ်......၊ဒါပဲမို့လား ကိုယ်ရေချိုးတော့မယ်”
ဖြစ်ချင်ရာဖြစ်ဖုန်းချပစ်လိုက်သည်။ယွန်းကချက်ချင်းပြန်ခေါ်၏။စိတ်ကထောင်းခနဲတိုသွားသည်။အကြာကြီးစိုက်
ကြည့်နေပြီးမှကောက်ယူလိုက်ကာ......
“ပြော.....”
“ဆောရီးပါလီဆာရာ......၊တကယ်ပဲစိတ်ရူပ်လာပြီဆိုဒီလိုပဲပြောမှားဆိုမှားဖြစ်တတ်ကြတဲ့ဥစ္စာဒီလောက်ထိစိတ်တိုသွားရလား”
“အခုမတိုတော့ဘူး၊ဒါပဲနော်.....ကိုယ်အရမ်းစိတ်အိုက်နေလို့”
ဒီတစ်ခါချပြီး ပလပ်ပါဖြုတ်ထားလိုက်သည်။ပြီးတော့သူအခန်းထဲကပစ္စည်းတစ်ခုဝင်ယူကာဟိုဘက်ကိုကူးလာခဲ့
၏။ဂျန်းနီတို့ဘက်မှာတော့ဆရာဝန်ရောက်နေပြီဖြစ်ကာဂျန်းနီသူငယ်ချင်းဆိုတော့အမျိုးသမီးနှစ်ယောက်ပါရှိနေ
သဖြင့်သူ့ဘက်မှာလိုခြောက်ကပ်ကပ်မနေ...။
“မမ”
ဂျန်းနီကအခန်းထဲကနေထွက်လာတာဖြစ်ကာသူမဘေးမှာသူငယ်ချင်းတွေနှင့်....။
“ဘာလဲ လီဆာ”
နှစ်ယောက်မျက်လုံးချင်းဆုံလိုက်ကြစဥ်ငြိတွယ်သွားကြသည့်မျက်ဝန်းတွေမှာဟိုသည်ကလိုဒေါသမာနတွေလွင့်ပြယ်နေကြ၏။မနက်ဖြန်မင်္ဂလာပွဲကြောင့်ယွန်းတက်ကြွစိတ်စောနေသလောက်မမကအေးဆေးနိုင်လွန်းလှသည်
မမလည်းသူ့လိုပဲလား.....၊စိတ်ထဲမှာဖျတ်ခနဲအတွေးဝင်လိုက်ပေမယ့်အေးစက်စက်ဖြစ်သွားသည့်မမမျက်ဝန်း
တွေကြောင့်......
“ကျွန်တော်....လက်ဖွဲ့လာပို့တာပါ”
ခပ်တွန့်တွန့်ဂျန်းနီမျက်ခုံးလေးတွေပြေကျသွား၏။နူတ်ခမ်းလေးမသိမသာတွန့်မဲ့သွားလျက်.....။
“ငါ့မှာတော့မရှိသေးဘူး၊အတူတူဆောင်ကြမှာဆိုတော့အဲဒါကိုသတိမရတာ၊ဆောရီး”
“ရပါတယ်....၊ကျွန်တော်ကလဲ ပြင်ဆင်ပြီးယူလာတာမဟုတ်ဘူး၊မမစိတ်ဝင်စားရင်ခုဖွင့်ကြည့်လဲရပါတယ်”
လီဆာရှေ့တိုးသွားပြီးမမလက်ထဲကိုထည့်သည်။တစ်ထောင်ကျော်ကျော်လောက်ရှိသည့်ကတ်ထူဘူးအညိုလေး
ကဖဲပြားလေးနှင့်လှလှပပချည်ထားပေမယ့်အလွယ်တကူဖွင့်လို့ရမှန်းသိသာ၏။
မျက်နှာချင်းနီးနီးလေးမှာဂျန်းနီမျက်တောင်လေးတွေသူထံပင့်တက်မလာခဲ့ပါ။လီဆာကတော့စိုက်ခနဲ့ကြည့်ရင်းစွဲနေအောင်မှတ်သည်။
စိုက်ချထားသည့်မျက်တောင်ကော့တို့အောက်မှာမမမျက်ဝန်းတွေမိုးညိုနေသည်လား၊ဖြစ်စေချင်ပေမယ့်မဖြစ်နိုင်ဘူးဆိုတာသူသိသည်။
သူတို့နှစ်ယောက်ကိုကြည့်၍အနားကနှစ်ယောက်ကလည်းအခြားကိုရှောင်ထွက်သွားကြ၏။ကတ်ထူဘူးကိုနှစ်ယောက်စလုံးကိုင်ထားလျက်။ဘယ်သူကမှမလွှတ်၊ဘာမှလဲအပြောတော့မှဂျန်းနီမျက်ဝန်းတွေသူ့ဆီရောက်လာ၏။
လီဆာကလည်းဒါကိုလိုချင်လို့စောင့်နေတာမို့....
“မမ”
မျက်လုံးချင်းဆုံကြည့်ပြီးမှခပ်သဲ့သဲ့ခေါ်၍.....
“မမကိုကျွန်တော်သတိရနေတယ်”
ဂျန်းနီမျက်နှာလေးပျက်သွား၏။လီဆာကသူ့ပုံစံအတိုင်းမထိတထိပြုံးလိုက်ကာ......
“ဘယ်တော့မှ မေ့မထားခဲ့တဲ့ဝဲဘက်ရင်အုံထဲမှာပါ၊ဒါကသက်သေပေါ့”
ပြောပြီးမှဘူးကိုလွှတ်၏။ပြီးတော့သူလှည့်ထွက်လာခဲ့သည်။ဂျန်းနီလက်ဖွဲ့ဘူးလေးကိုကိုင်ရင်းလီဆာရဲ့ကျောပြင်ကိုငေးနေခဲ့၏။ဘာတွေပြောသွားသလဲ.....၊ဘာမှမပြောခဲ့ဘူး၊သူမလည်းဘာမှမကြားခဲ့ပါ......။
ဒီအတိုင်းပဲဖြစ်ပါစေ၊ရင်ထဲမှာကျင်ခနဲစူးရှကာမျက်ဝန်းမှာစိုစိုစွတ်စွတ်ဖြစ်လာ၏။
လီဆာရဲ့ရင်ခွင်ထဲမှာသူမတစ်ညလုံးမှေးစက်ခဲ့သည်။ရိုးသားစွာမဖြစ်နိုင်သောပွေ့ပိုက်ယုယမူတွေကိုလည်းသူမမငြင်းဆန်ခဲ့ပေ......။
ပြီးတော့လူမမြင်နိုင်သောသူမရင်ထဲမှာ......။
“ဟင်”
ဖဲပြားကြိုးလေးလက်ထဲကနေလျှောခနဲ့လွှတ်ကျသွား၏။ဖွင့်လိုက်သောဘူးထဲမှာဆံပင်ဖားလျားနှင့်မိန်းကလေးရုပ်တုတစ်ခု.....။
ဒါ ဘယ်သူပုံလဲဆိုတာသိလိုက်ခြင်းနှင့်အတူအောက်ကစာတမ်းလေးကိုလည်းမြင်၏။
“မာနတွေရောင်းရန်ရှိသည်”
ဟုတ်ပါတယ်.......၊မာနတွေအားလုံးကိုငါရောင်းတော့မှာ.....။
အဲဒါမင်းကြောင့်ပဲလီဆာ.....၊ဂျန်းနီကင်မ်ဆိုတဲ့မိန်းမဟာယောကျာ်းတစ်ယောက်ရဲ့ပါရမီဖြည့်ဖက်ဇနီးမယားအဖြစ်ရှင်သန်ရတော့မယ့်ဘဝတစ်ဆစ်ချိုးမှာ...........။
ESTÁS LEYENDO
Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)
Romanceတစ်ခါတစ်ရံ အချစ်ဆိုသည်မှာ..................