မာနများရောင်းရန်ရှိသည် (အပိုင်း-၂၀)

275 28 3
                                    

Unicode font

မာနများရောင်းရန်ရှိသည်..
အခန်း(၂၀)

    သေတမ်းစာဆိုပေမယ့် အရောင်လွင့်ဟောင်းနွမ်း တဲ့အထိတော့မ  ဖြစ်သေးပါ။ ဖေဖေ့  လက်ရေး  နှင့်လက်မှတ်ဆုံးတဲ့အထိဖတ်ပြီးမှ ဂျန်းနီမျက်ဝန်းလေး အန်ကယ်ထံရွှေ့လာ၏။မျက်ခုံးတွန့်တွန့်၊မျက်ဝန်းလက်လက်ကလေးတွေက စကားလုံးတွေ ဆွံ့အနေစေတဲ့အထိအံ့သြသွားခဲ့တာသိသာနေသည်။
      ဒါပေမဲ့ ကိုယ်ရဲ့သားလိမ္မာလိုတော့စူးရှပေါက်ကွဲတာမျိုးမဖြစ်....။ဒီလိုပဲလေ...၊ကိုယ့်သားလေးကကြီးကျယ်မြင့်မားတဲ့လူတော်လူကောင်းလေးကို။အနေရခက်သည့်စိတ်နှင့် မျက်နှာလွှဲလိုက်တာတောင်သားဖြစ်သူရဲ့ဂုဏ်ရည်တွေကိုတွေးမိနေတုန်း...။
            “အန်ကယ်......၊ဒါတွေရှိခဲ့တာ အန်ကယ်ဟိုတုန်းကတည်းကသိနေခဲ့တာလား”
အမေးရှိလာတော့ အဖြေရှိရမည်။လီဆာကဖေကခေါင်းညိတ်လိုက်ရကာ
            “သိတယ်၊ဒါပေမယ့်ဖွင့်ပြောပြဖို့အချိန်ဆိုတာကတော့ သမီးရဲ့ဖေဖေပဲသတ်မှတ်ခဲ့တာပါ၊ဘာလို့လဲဆိုရင်သမီးနဲ့သားရဲ့အခြေအနေတွေတခြားတစ်ယောက်နဲ့ငြိတွယ်သွားကြဖို့ ယိမ်းယိုင်မလာမချင်း.....”
            “ဒါဆို အခုဂျန်းနီက အဲလိုပုံပေါက်လာလို့အန်ကယ်က ဖွင့်ပြောတာလား...”
            “မဟုတ်ပါဘူး”
            “ဒါဆို.....”
            “အန်ကယ်သားပါ၊ဒါအရှင်းဆုံးဝန်ခံတာပါ သမီးရယ်၊လူငယ်တွေစိတ်ယိုင်တက်လို့လဲကာကွယ်မပြောချင်ပါဘူး၊ငယ်တော့တဲ့အရွယ်တွေမှမဟုတ်တော့တာ..”
            ဟုတ်တယ်လို့ ပြောလိုက်သည့်အတိုင်း ဂျန်းနီနူတ်ခမ်းလေးနှစ်လွှာတင်းခနဲ့စေ့၏။မျက်နှာချင်းဆိုင်ပြောဖြစ်ကြရာတွင်ဂျန်းနီ မျက်ဝန်းတွေစူးလက်သွားတာ၊နူတ်ခမ်းစေ့သွားတာကအစ အခုမျက်နှာလွှဲလိုက်တဲ့အထိအခြေအနေတွေက အနီရောင်မီးပွင့်တွေ ပတ်ပတ်လည်မှာ လင်းလက်လာကြသလိုပင်...။
အန်ကယ်က စိတ်မကောင်းဖြစ်သွားခဲ့ပုံ‌ပေါ်၏။အန်ကယ်စေတနာတွေပစ္စည်းဥစ္စာ ပိုင်ဆိုင်ခြင်းတွေကအလျဥ်းကင်းပါ၏။နောက်ထပ်ပြောဖို့စကားအတွက် တင်းကပ်ကပ် နူတ်ခမ်းတို့ကိုမသိမသာ တစ်ချက်ကိုက်ရ၏၊ပြီးမှ......
            “ဒီစာ ရှေ့နေကြီး ဆီမှာလဲရှိပါတယ်၊ဒီလိုပြောဖို့သက်သေတွေထူပြီး လက်ထက်ဖို့အရေးအတွက် မရမက ကြိုးစားတယ်လို့တော့မထင်လိုက်ပါနဲ့ကွယ်၊ကင်မ် နဲ့အန်ကယ်တို့စပြီးလက်တွဲကြကတည်းက သူဆုံးသွားတဲ့အထိအန်ကယ်က ဘာတစ်ခုမှတောင်းဆိုခဲ့တာ မရှိဘူး၊နောင်ဒီလိုစီစဥ်ခဲ့ပါလား၊ဒီလိုလုပ်ပါလားလို့လဲတစ်ခွန်းတစ်ပါးမှအကြံဥာဏ်ပေးမပြောခဲ့ဖူးပါဘူး၊ဒါပေမယ့်သူဘယ်လောက်ထိဖြစ်စေချင်သလဲဆိုတာတော့ သမီးကိုယုံစေချင်တယ်၊အဲတာကြောင့် အန်ကယ်ကဖြစ်စေချင်တာပါ”
            “ဂျန်းနီ ကတော့ မဖြစ်သင့်ဆုံးကိစ္စလိုပဲ ထင်တယ်”
            “ဟင်”
         လီဆာဖေဖေ ဟင်ခနဲ ဖြစ်သွားပေမယ့်လည်း ဒီလိုအခြအနေမျိုးဖြစ်လာခဲ့ရင်သူ့ဘက်ကဘာမှရှေ့ဆက်ကျော်တက်ခြင်းမပြုဖို့က ဆုံးဖြတ်ထားပြီးသား။ဂျန်းနီက လက်စွပ်ဘူးကို ကိုင်ကြည့်နေရင်းတဖြည်းဖြည်းမှ ဖွင့်လိုက်၏။
            “ဟင်”
            မျက်ဝန်းလေးတွေဝိုင်းဝိုင်းလည်သွား၏။ဒါ.......ဒီလက်စွပ်ကလီဆာဆီမှာလည်းရှိနေသည်။သူမအကြည့်တွေဖျက်ခနဲ ပင့်သက်လာတော့အန်ကယ်သည် သက်မဲ့မျက်ဝန်းများနှင့် ခပ်လေးလေးခေါင်းညိတ်ကာ..........
            “သမီးဖေဖေ စီစဥ်ခဲ့တာပါ၊သားကတော့ သူစိမ်းလေ....၊ဒီသူစိမ်းလူဟာ သမီးနဲ့စေ့စပ်ထားတဲ့သူ၊ဘယ်အချိန် ဘယ်ကာလကတည်းက ဒီလိုရည်ရွယ်ထားခဲ့သူ....၊ဒါကို သူကသမီးတို့ကိုလက်စွပ်မြင်တာနဲ့ သဘောပေါက်စေချင်တာ၊အန်ကယ်အသိပေးရတဲ့ အနေအထားမဟုတ်ဘဲ အားလုံးသူဆန္ဒတွေပဲဆိုတာကို သိစေချင်တာထင်ပါတယ်”
            ဂျန်းနီရင်ထဲနင့်သွားသည်။ဖေဖေလက်ရေးကို မြင်လိုက်ကတည်းကငိုချင်နေသည့်စိတ်ကလက်စွပ်ကိုမြင်မှမျက်ရည်တွေဝေ့ တက်လာတာကိုသိမ်းဖို့သတိမရ.....။
            “လက်စွပ်....၊လက်စွပ်အပ်ထားတာလေ၊ပုံစံတူလိုချင်လို့အပ်ခဲ့တာကို အလွဲသုံးစားလုပ်ပစ်တယ်”
            ဖေဖေကရှူးရှုးဒိုင်းဒိုင်းဖြစ်ပြီး ချက်ချင်းကားမောင်းထွက်တာညဆယ့်တစ်နာရီတိတိမှတ်မိနေပါသေးသည်......၊အဲဒီညကဘယ်ကဖုန်းဝင်လာပြီးဖေဖေ သိသွားမှန်းမသိပါ။ညတွင်းချင်းထွက်လို့ ဂျန်းနီကလည်းဇွတ်လိုက်သည်။အဖေတစ်ခု သမီးတစ်ခုဘဝမို့ ဂျန်းနီဖေဖေ့ကို မျက်စိအောက်ကတောင်အပျောက်မခံနိုင်..........။
            ဒါပေမယ့် ဂျန်းနီပါလာတော့ ဖေဖေ လမ်းကနေပဲလှည့်ပြန်လာခဲ့၏။သမီးအထက်တန်းကျောင်းသူပဲရှိသေးသည်မို့ဖအေကလည်းဘာတွေပဲလုပ်လုပ် ဒီသမီးအတွက်သာ.....။
            မနက်ကျတော့သားအဖအတူတူသွားခဲ့ကြသည်။လက်စွပ်ကိုပြန်မရသေးဘဲ စကားတွေပြောရ၊ရင်ဆိုင်ရနှင့်တော်တော်ကြာသွား၏။
            “လက်စွပ်က ဘယ်လောက်တန်လို့လဲဖေဖေ..၊ခုပဲ ဖေဖေတော်တော်ကုန်နေပြီ”
            “တန်ပြီကောသမီးရယ်....၊ပြီးတော့ဒီလက်စွပ်ကသိပ်ကိုအရေးကြီးတဲ့ဖေဖေတို့မျိုးရိုးပစ္စည်း......၊လုံးဝပျောက်လို့မဖြစ်ဘူး”တဲ့...။
            ထိုစဥ်ကပုံစံတူဘာဖြစ်လို့ ထပ်လုပ်တာလဲလို့မမေးဖြစ်ခဲ့ပါ....၊လက်စွပ်အတွက်ဖေ‌ေဖကျန်းမာရေးထိခိုက်တဲ့အထိဖြစ်ခဲ့၏။ထိုပြင် ဟိုတယ်ဖွင့်ဖို့ကိစ္စနှင့်အန်ကယ်လီဂျန်ဟိုကလည်းအနားမှာမရှိ....။လက်စွပ်တန်ဖိုးကိုအတိအကျမသိလိုက်ရသလို ဘယ်လိုလက်စွပ်ဆိုတာလည်းမမြင်ဖူးခဲ့ပါ.....။
            လက်စွပ်နှင့်ပတ်သက်သည့်ပြဿနာကိုရှင်းနေစဥ်နောက်ပိုင်းမှာ ဂျန်းနီကိုဖေဖေမခေါ်သွားတော့ဘဲဘာမှလည်းမပြောတော့ပေ။မေးလိုက်တိုင်းလဲ ‘အဆင်ပြေမှာပါ’ လို့ပဲဖြေ၏။
            ဒီလက်စွပ်နှစ်ကွင်းကိုမြင်မှ ဂျန်းနီစိတ်အာရုံထဲမှာအတိတ်ကပုံရိပ်တွေနှင့်ဆက်စပ်တွဲထင်လာသည်။
ဖေဖေဒီလောက်တောင် လီဆာကိုမျှောင့်လင့်ခဲ့သည်လား......။ရင်ထဲမှာ နင့်သီးကြေကွဲခြင်းကဖေဖေ့ကိုတောင်းပန်နေမိတာလား၊ကိုယ့်ကိုယ်ကို ‌‌ဒေါသထွက်ခြင်းလားဘာမှန်းမသိ။သူမ လီဆာကို လက်မထက်နိုင်ပါ...။
      “အဟမ်း”
အန်ကယ် ၏ချောင်းဟန့်သံကြောင့် ဂျန်းနီစိတ်တွေပြန်ရောက်လာ၏။
“သမီးရဲ့ဆန္ဒကိုအန်ကယ်မသိပေမယ့် အန်ကယ်ဘက်ကတော့သမီးဖေဖေနဲ့ သဘောတူခဲ့တဲ့အတိုင်းဖြစ်စေဖို့ အန်ကယ်သားကို........”
            “နေအုန်းအန်ကယ် ၊ ဂျန်းနီ ပြောပါရစေ”
            “ပြောပါသမီးရယ်.....၊ပြောပါ....”
            “ဂျန်းနီအန်ကယ့်ကို လေးစားပါတယ်၊ဟိုတုန်းထဲကခုချိန်ထိ ယုံကြည်‌လေးစားနေဆဲပါ၊ဒါကဖေဖေရဲ့မိတ်ဆွေသူငယ်ချင်းအဖြစ်နဲ့ပေါ့နော်”
            “ဟုတ်ပါပြီပြောပါ.......”
            “ဒါပေမယ့်ဆွေးနွေးရမယ့်ကိစ္စကအိမ်ထောင်ရေးဖြစ်နေတော့ အန်ကယ်ကိုတမျိုးတစ်မည်ထင်ပြီး ဂျန်းနီဘက်ကစော်ကားပြောဆိုမိသလိုဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါ”
            ဒီလောက်ဆိုသဘောပေါက်သွားပြီမို့ လီဆာ၏အဖေကလူကြီးပီသသည့်ခွင့်လွှတ်ပြုံးနှင့်
            “ပြောရမယ်သူတွေမှမဟုတ်တာသမီးရယ်......၊သားနဲ့သမီးကိုသဘောတူခဲ့တာကလွဲလို့ သေတမ်းစာမှာကဘယ်လိုရေးထားတယ်ဆိုတာလဲ အန်ကယ်မသိပါဘူး၊အခုသမီးကဖတ်ပြီးပြီဆိုတော့......”
           “သေတမ်းစာမှာကအမွေကိစ္စရေအိမ်ထောင်ရေးရောပါတယ်အန်ကယ်၊အိမ်ထောင်ရေးကိစ္စအဆင်ပြေသွားပြီဆိုမှရှေ့နေနဲ့ နောက်ထပ်ဆွေးနွေးရမှာ......၊ရှေ့နေကလဲဂျန်းနီအိမ်ထောင်ပြုဖို့
အကြောင်းမပေါ်မချင်း အမွေကိစ္စကိုသူစမှာမဟုတ်ဘူး၊အဓီက ကအန်ကယ်နဲ့ဂျန်းနီတို့ ဖေဖေဆန္ဒအတိုင်းရှေ့ဆက်ဖို့ပါ...”
            ဂျန်းနီကရဲရင့်နေတက်သူပီပီ မျက်နှာပျက်သွားတာငိုင်တွေသွားတာ ခံစားချက်တွေအားလုံးကိုသူမ မျက်နှာထက်မှာခဏလေးပဲမြင်လိုက်ရသည်။
            “ဂျန်မျိုးရိုးရဲ့နာခံကြတဲ့ အစဥ်အလာအတိုင်း မိဘရဲ့သေတမ်းစာကိုအလေးထားနာခံသင့်တာမှန်ပေမယ့်ဒီစာဟာဖေဖေမျက်စိနှစ်လုံးမမှိတ်ခင်မှာမြင်တဲ့၊သိတဲ့အတိုင်းခံစားမိတဲ့စေတနာတွေနဲ့ ရေးခဲ့တာပါ၊ဂျန်းနီတို့ချည်းပဲရှေ့ဆက်ရုန်းကန်လာခဲ့ကြတဲ့အပိုင်းမှာတော့ဖေဖေမပါတော့ဘူး”
    တွေးလဲတွေးခေါ်နိုင်စွမ်းပါသည်။ပြောလဲပြောတက်ပါ၏။တခွန်းတလေမှဝင်မပြောနိုင်ဘဲအသာလေးငေးကြည့်နေခဲ့မိသည်။
            “တကယ်တော့ သေတမ်းစာအတိုင်းနာခံကြတဲ့သူတွေဟာမျက်စိမှိတ်ပြီး ချောက်နူတ်ခမ်းကိုနင်းလျှောက်နေကြတာပဲအန်ကယ်၊ဂျန်းနီကတော့ရိုသေကိုင်းရိူင်းမူကို နေရာမကျတဲ့နေရာ မျိုးမှာအရိုးစွဲကျောက်ချမထားချင်ဘူး၊ဖေဖေမြင်ခဲ့တဲ့အပိုင်းမှာ လီဆာနဲ့ဂျန်းနီတို့ ချစ်ခင်နားလည်မူတွေနဲ့ရှိချင်ရှိနေနိုင်ပေမယ့် အခုလုံးဝဆန့်ကျင်အောင်ဖြစ်နေကြပြီဆိုရင် တကယ်လို့ဒါကိုဖေဖေမြင်နိုင်သိနိုင်တဲ့အခြအနေဖြစ်ခဲ့ရင်ပေါ့၊ဖေဖေလဲဆုံးဖြတ်ချက်တွေပြင်ချင်ပြင်မှာပဲ”
            ”သမီးဆန္ဒကိုပွင့်ပွင့် လင်းလင်းပြောပါကွယ်.......၊အန်ကယ်ကိုမျက်နာမငဲ့ပါနဲ့.....”
          “ဟုတ်ကဲ့.......၊ဂျန်းနီက အန်ကယ့်ကိုစော်ကား သလိုဖြစ်မှာတော့အရမ်းစိုးရိမ်ပါတယ်၊ဒါပေမယ့်မရှိတော့သူရဲ့ဆန္ဒအရလုံးဝမနှစ်သက် သဘောမကျနိုင်သူနဲ့ လက်ထက်ပေါင်းသင်းရမယ်ဆိုတာကို မလိုက်နာနိုင်ဘူးအန်ကယ်၊သူကအန်ကယ်သားဖြစ်နေတဲ့အတွက်‌ပြောရတာ အရမ်းကိုအာနာမိပါတယ်”
            “ကိစ္စမရှိပါဘူး.....၊ဒါကအန်ကယ်သားဘက်ကချို့ငဲ့မူတွေရှိလို့ဆိုတာ အန်ကယ်သိတယ်၊ချို့ငဲ့မူ့ဆိုတာလဲငွေကြေးဂုဏ်ဓနနဲ့မဆိုင်ဘူး၊သမီးရဲ့သဘောထားအမှန်ကိုအန်ကယ်နားလည်ပါတယ်ကွယ်၊ရှင်းပြမနေပါနဲ့”
            “ဟုတ်တယ်အန်ကယ်ဂျန်းနီကို နားလည်ပေးပါလို့ပဲပြောပါရစေ၊ဖေဖေရေးထားတဲ့အတိုင်းအိမ်ထောင်ရေးကြေင့်အမွေကိစ္စမှာအဆင်မပြေမူတွေ ရှိလာမယ်ဆိုတာကိုလဲဂျန်းနီမကြောက်ဘူး၊အဓိက ကဂျန်းနီလက်ထက်မယ့်ယောက်ကျာ်းဟာကိုယ့်ထက် ငါးနှစ်လောက်ငယ်မနေရဘူး၊ကိုယ်ကလက်တစ်ဆုပ်ပဲရနိုင်ရင်သူကလက်တစ်ခုပ်ရနိုင်ရမယ်၊အရည်အချင်းအားဖြင့်ဂျန်းနီလိုချင်တာအဲဒီလောက်......”
            “အိမ်ထောင်ရေးအတွက် မေတ္တာတရားကအရေးမပါတော့ဘူးလားသမီး”
            “အရေးပါပါတယ်၊ဒါပေမယ့်လီဆာကဂျန်းနီချစ်တဲ့ယောကျာ်းဖြစ်လာမှာမဟုတ်သလို သူ့မျက်စိထဲမှာလဲဘယ်တော့မှဂျန်းနီဟာချစ်စရာဖြစ်လာမှာမဟုတ်ဘူး၊ဂျန်းနီအတွက်အချစ်ကအရေးမပါပါဘူးခုချိန်ထိလဲအဲဒါတွေစိတ်မဝင်စားဘူး”
            “ကောင်းပါပြီ..၊သမီးဖြစ်စေချင်သလိုဖြစ်ရပါ့မယ်၊ဘာလုပ်ချင်သလဲပြောပါ မဂ်လာကိစ္စမဖြစ်မြောက်ရခြင်းအတွက်အန်ကယ်တို့ဘက်ကလုံးဝပြောင်းလဲသွားမှာမဟုတ်သလို......သမီးကပြောင်းလဲချင်ပါတယ်ဆိုရင်အချိန်မရွေးပြောပါ ဘာမှာမသက်ဆိုင်ကြသူချင်း......”
           ထိုစကားပြောလိုက်ရခြင်းမှာတော့ရင်ထဲမှာတကယ်ကိုဆိုနစ်မိသည်။မလိမ္မာဘူးဆိုတဲ့ သားအပေါ်မှာလည်းဒေါသမဖြစ်မိဘဲ ဂရုဏတွေသာဖြစ်ခဲ့သည်။ဘာပဲဖြစ်ဖြစ်ကိုယ်ကတော့သားရဲ့ဘက်ကနေမျက်နှာငယ်စွာပြောခဲ့ရတာဖြစ်သည်။သားသမီးမျက်နှာငယ်နိမ့်ပါးရတာမိဘနှင့်လည်းသက်ဆိုင်သည်မို့...........
            “ဟင်”
            တံခါးဝကနေလှည့်ထွက်လိုက်တော့သားအဖနှစ်ယောက်မျက်နှာချင်းဆိုင်မိလိုက်ကြ၏။နီရဲသုန်မူန်နေသည့်သားဖြစ်သူမျက်နှာကိုနားလည်လိုက်ကာ........
            “သား”
            လက်မောင်းကိုစိုးရိမ်စိတ်နဲ့ဖမ်းဆုပ်ဆွဲလိုက်၏။လီဆာကဖယ်ချကာ.........
            “ကျွန်တော်တို့ချင်း ဆွေးနွေးခွင့်မရှိဘူးလား ဖေဖေ”
            လီဆာဖေဖေတချက်ငိုင်သွားခဲ့ကာလီဆာကအခန်း ထဲကိုတောက်လျှောက်ဝင်သွားခဲ့ပြီး.........
            “မမ”
            ဂျန်းနီသည် လက်စွပ်ကိုဆွေးမြည့်တမ်းတသည့်မျက်ဝန်းလေးများဖြင့် စိုက်ကြည့်နေကာသူချက်ချင်းဝင်သွားတော့ဖျတ်ခနဲမော့ကြည့်၏။ပြီးတော့မျက်မှောင်ကြုတ်သွားကာ လက်စွပ်ကိုဘူးထဲပြန်ထည့်ပြီးထရပ်လိုက်သည်။ဘူးကိုသိမ်းမလို့လား၊ဂရုမစိုက်တာကိုတမင်ပြတာလားမသိပေမယ့် လီဆာကဆိုဖာတွေကိုကွေ့သွားကာသူမဘေးမှာရပ်လိုက်၏။
            “ဂျန်းနီကင်မ်ကိုလည်း ကျွန်တော်ကလဲ လက်ထက်ဖို့ဘယ်တော့ မှမကြိုးစားဘူးဆိုတာသိစေချင်တယ်”
            ဂျန်းနီက ခေါင်းညိတ်၏။
            “ဒါဆို ပြီးတာပဲ၊ဘာလို့လာပြောနေတာလဲ”
            “တစ်ယောက်တည်း ကြေညာချက်တွေထုတ်နေတာ အကြားမတော်သူနားထဲမှာ ကြွားနေသလိုကြီးပါဗျာ၊ဒီမှာမမ မှတ်ထားစမ်းပါ....ကျွန်တော်လက်ထက်ဖို့ရည်ရွယ်ပြီးသားရှိတယ်၊အဲဒါ မမလဲသိပြီးသားပဲ၊အခုကျွန်တော့်ကွယ်ရာမှာမမ အားရပါးရပြောနေတာတွေကကျွန်တော်ရှေ့မှာ ဆိုရင်ဘယ်အဓိပ္ပာယ်သက်ရောက်သွားမယ်ထင်လဲ”
            ဂျန်းနီကိုယ်လေးတောင့်မတ်သွား၏။
            “မမ သိပြီးသားတွေပဲလေ၊ဘာပဲဖြစ်ဖြစ်ထူးလာမှာမှမဟုတ်တာ”

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Where stories live. Discover now