Unicode
မာနများရောင်းရန်ရှိသည်
အခန်း(၂၆)
ဒီနေရာမှာတော့ ယွန်းအမေးအမြန်းထူတာကိုလီဆာဒေါသဖြစ်မိ၏။
သူစိတ်ထဲမှာသူဘက်ကိုယ့်ဘက်ကပိုင်ဆိုင်မူတွေထက် ခုချိန်မှာအရေးကြီးဆုံးကလက်ထက်ကြဖို့...။
ယွန်းမေးနေလိုက်တာ မိဘ၊မိတ်ဆွေတွေက အစ စီးပွားရေးအဆုံး....။
“မဟုတ်ဘူး လီဆာရဲ့........၊ဂျန်းနီကင်မ် နဲ့ အတိုက်အခံတွေဖြစ်ပြီးမှလက်ထက်ဖို့ဖြစ်လာတာကိုယွန်းကစိုးရိမ်တာ၊
တစ်အိမ်တည်းမဟုတ်ပေမယ့် တစ်ခြံတည်းနေခဲ့ကြတာဆိုတော့ ဂျန်းနီကင်မ် ဆိုတဲ့သူဌေးမကိုလီဆာရဲ့မေမေကအထင်ကြီးလေးစားနေမှာပဲလေ”
“မေမေနဲ့ သူနဲ့ရင်းနှီးမူမျိုးတော့မင်းမရနိုင်ဘူးယွန်း.......၊ဘာဖြစ်လို့လျှောက်ဝေ့နေတာလဲကွာ၊အဲဒီ ကတောက်ကစတွေကြောင့်ကိုယ်ကစိန်ခေါ်ပစ်ခဲ့တာ၊သူနဲ့ကိုယ်အတူတူလက်ထက်ကြမှာ....”
ညနေခင်းနေရောင်မပျောက်တပျောက်အလင်းအားအောက်မှာချောမွေ့နေသည့်လီဆာမျက်နှာကိုယွန်းကသေချာမော့ကြည့်သည်။
“လီဆာ.....၊လီဆာသူ့ကိုပြိုင်ဆိုင်ချင်နေတာရိုးရိုးသားသားတွေမှဟုတ်ရဲ့လားဟင်၊ယွန်းကသူများအသုံးချတာခံလောက်တဲ့အထိမညံ့ဘူးနော်”
“ဘာလဲ...၊မင်းကိုချစ်လို့ကိုယ်အတူနေချင်တယ်၊သူစော်ကားတာကိုမခံနိုင်လို့ဒီလိုမင်္ဂလာပွဲဖြစ်အောင်ဖန်တီးတယ်ဘာမရိုးသားတာရှိနေလို့လဲ”
ယွန်းမပြောသာပါ၊ဒါပေမယ့်......
“ဒီမင်္ဂလာပွဲကိုလီဆာရဲ့မေမေက ဘာပြောသေးလဲ”
“မင်းနဲ့ ကိုယ်အတူတူပဲယွန်း၊မိဘတွေကမဖျက်ကြပေမယ့်အားမပေးကြဘူး၊ကိုယ့်ဘက်မှာတော့မမနဲ့အတိုက်အခံထလုပ်တဲ့အထိဖြစ်သွားတာကိုသိရင်ဒီထက်ပိုဆိုးမယ်ထင်တယ်”
“အဲဒီတော့.......ယွန်းတို့ဖြစ်ပါ့မလားလီဆာရယ်၊အိမ်ထောင်တစ်ခုတည်ဆောက်ဖို့မှာဒါတွေက.....”
“မင်းကသတ္တိမရှိဘူးလား”
ယွန်းကလီဆာကိုပင့်သက်ရိူက်၍ငေးကြည့်သည်။ပြီးမှ.....
“လီဆာကယွန်းကိုတကယ်ချစ်တယ်ဆိုရင်ပြီးတာပါပဲ”တဲ့....။
ယွန်းနဲ့လီဆာကန်ပေါင်ကနေလမ်းခွဲပြန်လာတော့ စက်ရုံကိုဝင်ခဲ့သည်။အားလုံးဟာလည်ပတ်နေမြဲအတိုင်းဖြစ်ကာသူ့မှာသာပူလောင်ပြင်းပြနေခဲ့တာဖြစ်၏။
“ပေါ်တော်မူကြီးရောက်လာပြီ........၊ဘယ်သွားမှာလဲ၊ရေတံခွန်မှာသွားထိုင်မှာလား၊နားခန်းထဲလား၊ဘာပို့ပေးရမလဲ
လက်မှတ်ထိုးစရာလေးတွေတော့ထိုးပေးခဲ့ဦးနော်”
မန်နေဂျာနှင့်ဦးစီးအလုပ်တွေရူပ်သွားကြ၏။ပြီးတော့ပန်းပုရုံဘက်ကနေသူရောက်မလာလို့ရပ်တန့်ထားရသမျှအလုပ်တွေအကုန်လုံးရောက်လာကြတာတောင်းတောင်းပန်ပန်..........။
“ရော......တော်ပြီဗျာ၊မန်နေဂျာဂူကလဲအလိုက်ကမ်းဆိုးမသိဘူးဒါတွေထားလိုက်လို့ရသေးတဲ့ဟာ”
စာရင်းဖိုင်တွေကိုတွန်းရွေ့ပစ်လိုက်ပြီးသူညည်းတော့မန်နေဂျာနှင့်ဦးစီးမျက်နှာပျက်သွားကာအကြည့်ချင်းလည်းဆုံသွားလျှက်.....
“မဟုတ်ရပါဘူးလီဆာရာ၊မဖြစ်တာလေးလောက်ပဲယူလာတာပါ၊ယူလာရင်းနဲ့အားလုံးအရေးကြီးတာတွေပဲဖြစ်နေလို့ပါ၊လီဆာဘာတွေစိတ်ညစ်နေတာလဲ၊ဘာလုပ်ချင်တာလဲ”
မေးလာတော့လည်းသူမပြောနိုင်။သူ့စိတ်တွေဘာလို့ဒီလောက်တောင်ထိနောက်ကျိနေတာလဲ....။
“ကျွန်တော်ကိုဘလက်လေဘယ်လ်တစ်လုံးနဲ့စားစရာတစ်ခုခုစီစဥ်ပေးဗျာ”
“ဟင်”
“ဘာ”
မန်နေဂျာမျက်လုံးပြူးသွား၏။တစ်ယောက်ကတံတွေးမျိုချပြီးခေါင်းကုတ်၏။အတွင်းခန်းထဲမှာအရက်သောက်
ရင်းထုဆစ်နေမိတာဂျန်းနီကင်မ်ရဲ့ပုံတူရုပ်တု.....။တင်းတင်းစေ့နေသည်နူတ်ခမ်းကိုမဲ့သွားအောင်အရင်လုပ်သည်။
စင်ရော်တောင်ပံလိုသွယ်သွယ်ကော့ကော့မျက်ခုံးကိုနည်းနည်းယပ်တင်ပေးလိုက်တာနှင့်တွန့်မဲ့တင်းမာနေသည်
မာနကြီးကြီးရုပ်သွင်ကပို၍ပေါ်လွင်သွား၏။
ရုပ်ထုကိုရှေ့မှာချကာသူတစိမ့်စိမ့်မျိုချနေသည့်အရက်ကတငွေ့ငွေ့ယစ်မူးလာစေခဲ့သည်။
ဂျန်းနီကိုသူမြင်ဖူးကတည်းကဒီရုပ်တုထဲမှာလိုဆံပင်တွေခါးကျော်အောင်မရှည်သေးပါ။ကုတ်ဝဲဆံနွယ်လေးတွေတဝဲဝဲနှင့်ကိုယ်လုံးသွယ်သွယ်၊အပေါက်ဆိုးဆိုးမျက်နှာလေးနဲ့......။
“ဟိုကောင်လေး ဆိုဖာပေါ် ခြေထောက်ပေပေကြီး မတင်နဲ့လေ”
ပထမဆုံးမနှစ်မြို့စွာကြားလိုက်ရသည့်စကားသံသည်အိမ်ကိုရောက်ပြီးထိုင်ချလိုက်ရုံရှိသေးသည်။
မျက်လုံးချင်းဆုံသွားကြတော့မတူမတန်ခပ်မဲ့မဲ့မျက်နှာနှင့်စူးလက်သည့်မျက်ဝန်းတွေကိုလီဆာမုန်းတီးသွား၏။
ယွန်းမေမေဆိုသည့်မိန်းမကြီးနှင့်ဆင်ဆင်တူသောအမူအရာ၊အပြောအဆိုဘာမဆိုသူ့ခေါင်းထဲမှာစွဲထင်နေသမျှ
ကမုန်းစရာတွေသာ၊ထို့ပြင် ဂျန်းနီကင်မ်၏အေးစက်စက်ခွဲခြားတက်သည့်အကြည့်တွေကအမြဲတမ်းပြင်းထန်နေ
ခဲ့လျက်....။
“ဟဲ့ ထမင်းစားတာဖြည်းဖြည်းစားပါလား၊ဟင်းပန်းကန်နှစ်ခုကိုပြိုင်တူလှမ်းကိုင်တာဘယ်လောက်ကြည့်ရဆိုးလဲ”
လူကြီးတွေကတော့ဘာတွေနားဝင်ချိုနေကြသည်မသိ။ဂျန်းနီကင်မ်ပြောဆိုသမျှဆူလည်းနည်းနည်း၊တားလည်း
နည်းနည်းပဲဖြစ်ကာပြုံးလို့ကြည့်လို့ပင်......။
သူ့မှာသာထမင်းစားလည်းမလွတ်၊ခြံထဲမှာဆော့တော့တစ်မျိုး၊ညဘက်စာသင်ချိန်မှာဆိုတုတ်တစ်ချောင်းကိုင်ထားသည့်ဂျန်းနီကင်မ်ကတကယ်ရိုက်၊တကယ်ဆူတာ တကယ့်ဆရာမတွေအရူံးပေးရလောက်သည်။
သူမထံမှာတကယ်မထင်ရတာတွေတကယ်ရှိနေသည့်အဖြစ်ကိုလူကြီးတွေကအမှတ်တမဲ့ပဲနေကြသလောက်
သူပဲလှိမ်ခံ...။
“လေးတန်း၊ငါးတန်းဖြစ်နေပြီခုချိန်ထိဆယ့်ခြောက်အလီမရဘူး၊ဆုပ်......၊လက်သီးဆုပ်...”
“ဟာဗျာ......လက်ဝါးဖြန့်ပေးရင်ပြီးတာပဲ”
“မရဘူး၊လက်ဝါးရိုက်တာထက်လက်ဆစ်ကိုခေါက်တာပိုမှတ်မိတယ်၊ဆုပ်ဆို.....ဆုပ်စမ်း”
“မမ မတရားမလုပ်နဲ့နော်.....၊ကျောင်းကသူငယ်ချင်းတွေပြောတယ်၊ဘယ်အတန်းရောက်ရောက်နှစ်ကနေ
ဆယ်နှစ်အလီထိကျေရင်ရပြီတဲ့၊ပြီးရင်ဆယ့်ခြောက်အလီကိုခုန်ကျော်ကျက်လိုက်၊အလယ်ကဘာမှမလိုဘူးတဲ့”
“အံမာ......သူကလူမိုက်အားကိုးနဲ့၊ကဲ.....ကဲ....”
“မမနော်......၊ဟာ.......ခင်ဗျားကြီးတအားမရိုက်နဲ့”
သူထပြေးတာတောင်တင်ပါးကိုမှီအောင်လိုက်ရိုက်၏။နာတာများတော့ဖေဖေပြောသလိုတက်စေချင်လို့
မဟုတ်ဘဲဆရာကိုလုပ်ချင်တာ၊ရိုက်ကိုရိုက်ချင်နေတာဟုတစ်ထစ်ချမြင်ခဲ့သည်။
“လီဆာ ရပ်နေစမ်း”
ပြောတဲ့စကားကမညင်သာသလိုခြံထဲကနေကစားပြီးအိမ်ပေါ်ကိုရှေ့ထနေပြေးတက်လိုက်မိတုန်းကမိန်းကလေး
နုပုံနုပန်းနဲ့လီဆာရဲ့ရှပ်အင်္ကျီနောက်ပိုးစကိုနောက်ကနေပြန်ဆွဲချလိုက်တော့လှေကားထစ်ထိပ်ကနေသုံးထစ်အောက်ထိနောက်ပြန်ကျ၏။
ခြေထောက်မှာဒဏ်ရာရခဲ့သလိုသူမကိုလည်းမီးတောက်မတက်ပြန်မော့ကြည့်မိသည်။ဒီတုန်းကလီဆာကခြောက်
တန်းပဲရှိသေးပေမယ့်သူမကဆယ်တန်းဖြေနေပြီ၊ဒါကိုကလေးချင်းမသင့်မြတ်တာလို့ပြောမလား...၊ပြီးတော့ရင်ထဲ
ထိကျူးကျော်ခဲ့တဲ့စကားတွေရှိသေးသည်။
“နင်ဟာလေပြောရင်ကောင်းတဲ့မျက်လုံးနဲ့မကြည့်ဘူး......နင်ငါ့ကိုဖက်ပြိုင်ရန်လိုတဲ့အကြည့်နဲ့ကြည့်ရမှာမဟုတ်ဘူးနားလည်ရဲ့လား၊မတူတာကိုမတုချင်နဲ့၊လူဆိုရင်မြင့်မားချင်ရင်မြင့်မြင့်နေတက်အောင်ကြည့်ရတယ်၊ကိုယ်လာ
ခဲ့တဲ့ဘဝကိုပြန်ကြည့်ပြီးငါ့ဘဝမြင့်မားလှပြီထင်ရင်သွားပြီ.......ငါတို့ကနင်နဲ့ဘာမှတော်စပ်ကြတာမဟုတ်ဘူး၊ပြောချင်တာကကိုယ်ရှာနိုင်မှ ကိုယ်ရမှာ......”
ဆိုသည့်စကားလုံးတွေကဓားလှံလက်နက်တွေနှင့် ရင်ဝကိုပစ်စိုက်တာထက်ဆိုး၏။ဘယ်တော့မှအကောင်းမ
မြင်နိုင်တော့သည့်ခံစားချက်တွေကမျက်နှာမှာအမြဲတမ်းအရိပ်ဖြစ်ကာဂျန်းနီကင်ရှေ့ရောက်ပြီဆိုလီဆာမျက်နှာ
ကတည်ပြီးတင်းပြီးသား.......။
ဂရုမစိုက်တက်သည့်မိန်းမတစ်ယောက်ဟာလည်းသူ့အတွက်နူးညံခြင်းကိုဘယ်သောအခါမှမပေးတက်ခဲ့ပါ။
ဒါတွေဟာဟိုတုန်းကနေခုချိန်ထိဆိုလျှင်ဒီလိုမိန်းမမျိုးနှင့်ဝေးရလေကောင်းလေ၊မုန်းတီးလေကောင်းလေမဟုတ်
ဘူးလား.....။
“လီဆာ.....၊ဒီနေ့ပစ္စည်းနည်းသွားတုန်းအလုပ်သမားတွေကိုတစ်နာရီစောဖြုတ်လိုက်တယ်၊လာဗျာ....စိတ်ပြေလက်
ပျောက်...”
“ဟင်......ဘယ်ကိုတုန်း”
ရုပ်တုနှင့်သူ့ကိုတစ်ချက်ဝေ့ကြည့်ကာမန်နေဂျာဂူကဦးစီးကိုမျက်စပစ်၏။သူတို့လည်းကြားသင့်သလောက်ကြားသည်။သိသင့်သလောက်သိထားတာလည်းရှိ၏။
လီဆာဖြစ်နေပုံကရည်းစားနဲ့လက်ထက်ဖို့အဆင်မပြေတာကိုဂျန်းနီကင်မ်ရဲ့ပုံတူရုပ်တုရှေ့မှာချပြီးပုလင်းထောင်
နေသည်တဲ့.......။
ဘာဆိုင်လို့လဲ...။
“KTV သွားမယ်ကွာဘယ်လိုလဲ”
“ဟုတ်တယ်လီဆာ...၊ကျူပ်လဲလိုက်မှာ၊ဟိုမှာထပ်သောက်လည်းရတယ်ကွာ၊ဝါသနာပါရင် အဲဒီမှာ ဒန်စ်လုပ်လို့
ရတယ်”
ဦးစီးကမျက်မှန်ကြီးတဝင်းဝင်းနှင့်လူငယ်တစ်ယောက်လိုတွန့်ခါပြနေသေးသည်။သူတို့တွေကိုယ့်အတွက်ရေချိန်
မလွန်အောင်စီစဥ်ကြမှန်းသူသိသည်။
သူနူတ်ခမ်းတွေကပြုံးယောင်သမ်းလျက်ခေါင်းညိတ်လိုက်၏။ထလိုက်လာခဲ့ပြီးတကယ်ရောက်လာတော့လည်း
သူဘာကိုမှအာရုံမရှိဘဲငုတ်တုတ်......။
“လာပါလီဆာရာ....၊ခဏဖြစ်ဖြစ်...”
“လာပါ...ဝင်ရောလိုက်ရင်သူ့အလိုလိုတွဲပြီးသားဖြစ်သွားမယ်”
“နေပါစေ၊ကျွန်တော်တအားမသောက်ဘူး၊သွားပါ....၊ကကြပါ”
သူတစ်ယောက်တည်းပဲနေချင်သည်။တစ်စုံတစ်ဦးသို့မဟုတ်လူတစ်စုနှင့်စကားပြောနေရခြင်းထက်တစ်ယောက်တည်းထိုင်ပြီးငေးချင်ရာငေးတွေးချင်ရာတွေးနေချင်၏။
ရောင်စုံတောက်ဖြာပြောင်းလဲနေသည့်မီးရောင်အောက်မှာအလှတွေကရိုင်းနေသည်။ဒီနေရာမှာစုဝေးနေကြသည့်
မိန်းကလေးကတော့ပုရိသတို့၏မျက်စိစားပွဲထိုင်စရာသက်သက်လား.....။
ဒါမှမဟုတ်လျှင်ဒီနေရာမှာအလှစစ်ပြပွဲလို့သတ်မှတ်တာလား......။အဝတ်အစားသာမကလူပ်ရှားမူတွေကပါဆွဲညှို့
နေကြ၏။ဒီလိုညှို့ယူခြင်းဟာအလှအပခံစားမူနှင့်သက်ဆိုင်လို့လား......။စိတ်ကိုဟိုရောက်ဒီရောက် ရောက်ချင်ရာ
ရောက်ခိုင်းနေမိကာမျက်လုံးကလည်းဟိုဒီဝေ့ပတ်နေမိသည်။ထိုစဥ်.....
“မမ”
သူ့ကိုယ်မတ်ခနဲ့ဖြစ်သွားသည်။ယိမ်းထိုးနေအောင်မမူးသေးသည့်မျက်လုံးတွေကိုလက်နှင့်ပွတ်သပ်မကြည့်ပေ
မယ့်မျက်တောင်နှစ်ချက်လောက်တော့ဖိခတ်မိ၏။
ဝင်လာတာမမတစ်ယောက်တည်းရောင်စုံကပ်ကပ်ကျပ်ကျပ်ဝင်းဝင်းစက်စက်တွေစုဝေးနေသည့်နေရာမှာမမက
အဖြူအနက်ပွင့်လက်တိုလည်ကပ်လေးနှင့်ယဥ်နေ၏။
ဆံပင်တွေကိုကျောထက်မှာဒီတိုင်းစုစည်းပြီးချထားသဖြင့်တည်ငြိမ်နေသည့်မျက်နှာလေးနှင့်ဖြစ်နေပြန်သည်။
မမဘာလာလုပ်တာလဲ...။စူးစူးစိုက်စိုက်ကြည့်နေတာကိုမမကမမြင်ပေ။သူမရှာနေတာကဂျူဂိုဟော့ညီမစင်ဒီ..။
ဒီဆိုင်ကိုအပြင်ကနေပဲမြင်ကာနိုက်ကလပ်တစ်ခုဖြစ်မယ်မှန်းလည်းသူမ မသိ။
“ဖုန်းမဆက်ပါနဲ့သမီးရယ်.....၊ဖုန်းဆက်ရင်သူလာမှာမဟုတ်ဘူး၊ဦးလေးလုပ်သူကလဲတူမကိုအရမ်းအလိုလိုက်တော့အန်တီဖုန်းဆက်တာမှန်းသိရင်လုံးဝလာမှာမဟုတ်လို့ပါ၊အရေးတကြီးတိုင်ပင်စရာရှိလို့ဒီညညဉ့်မနက်ခင်
လာပါလို့နော်၊နေ့လည်ကသူမောင်အက်ဆီးဒင့်ဖြစ်တဲ့ကိစ္စကိုပါလိုရင်းတိုရှင်းပြောပြခဲ့ပါ”
ဂျန်ဟော့အမေကဖုန်းဆက်တောင်းပန်ထားခဲ့၏။ကိုယ်သွားတဲ့လမ်းမှာလည်းကြုံနေသည်။ပြီးတော့ဂျူဂိုဟော့
မေမေကကိုယ်အကြာခင်တော်ရတော့မယ်ယောက္ခမလောင်း....။စင်ဒီကတော့ယောက်မလောင်းပေါ့ဂျူဂိုဟော့နှင့်
သူမလက်ထက်သွားဖို့သေချာသွားတာရက်ပိုင်းလေးပဲရှိသေးပေမယ့်ဒါဟာသူစိမ်းလိုမျက်နှာလွဲနေလို့မရတော့
သည့်ပတ်သက်မူဖြစ်သည်။ထို့ကြောင့်ဒီဆိုင်ကြီးထဲကိုဝင်လာခဲ့မိသည်။အထဲရောက်မှ..........
“တစ်ယောက်ယောက်ကိုလာရှာတာလား”
“ဟုတ်တယ်.........၊ကျွန်မညီမ”
“ညီမ”
မေးသည့်လူရွယ်ကတစ်ကိုယ်လုံးနက်မှောင်နေသည့်အဝတ်အစားနှင့်အသားကဖြူစွတ်နေ၏။ပြီးတော့မူးယစ်
ရီဝေနေသည့်မျက်နှာများနှင့်ဂျန်းနီကိုခြေဆုံးခေါင်းဆုံးကြည့်ကာ.....
“ဘယ်သူလဲပြောလေ၊ကိုယ်ရှာပေးမယ်၊ဒီကပွဲထဲမှာကိုယ်မသိတဲ့မိန်းကလေးမရှိဘူး”
တကယ်ရှာခိုင်းလိုက်ရမလား၊ခပ်တည်တည်ခေါင်းခါလိုက်ရမလား.......။ထွက်ပေါ်နေသည့်မြူးဇစ်သံကြောင့်ရင်
တွေတော့တဒိန်းဒိန်းဆောင့်ခုန်နေပြီဖြစ်၏။
ဝင်လာမိသည့်ခြေလှမ်းကိုပြန်ဆုတ်ရခက်နေသလိုဒီကပွဲထဲမှာစင်ဒီတကယ်ရှိနေနိုင်ပါ့မလားလို့လည်းတွေးမိသည်။
“ဟိတ်.......ပြောလေ၊ဘယ်သူလဲ၊ဒီကမေတ္တာနဲ့ကူညီမှာနော်”
ထပ်မေးတော့ပြောသင့်ပြီထင်သည်။မဟုတ်လျှင်တင်းလိုက်မှပိုဆိုးနိုင်တာမို့
“စင်ဒီ”
“ဪ......စင်ဒီလား”
ဘာကိုသဘောကျသွားသည်မသိဘဲလူရွယ်ကနှစ်ခြိုက်စွာပြုံး၏။
“ရှင်ရှာပေးနိုင်မလား”
“ရှာစရာမလိုဘူး၊သူ ဒီထဲမှာကနေတာ၊ခဏပဲစောင့်...”
လူရွယ်ထွက်သွားတော့လွတ်နေသည့်စားပွဲမှာ ထိုင်လိုက်ရမလို၊ဒီတိုင်းရပ်နေရမလိုနှင့်ထိုင်လည်းမထိုင်ဖြစ်ပါ။
စိတ်ထဲမှာလူပ်ရှားနေတာကစင်ဒီနှင့်သူမရင်းနှီးပေမယ့်ခုတစ်လောမှာစင်ဒီဘက်ကခပ်စိမ်းစိမ်းဖြစ်သွားခဲ့၏။
အစကတော့နားမလည်သလိုဖြစ်မိခဲ့သည်။
“သူအစ်ကိုလက်ထက်မယ်ဆိုတော့သူ့စိတ်ထဲမကောင်းဘူးဖြစ်သွားလို့ပါ၊သမီးလေးကသူအစ်ကိုရင်းမဟုတ်ပေ
မယ့်သားကိုသိပ်ချစ်တာ”တဲ့....။
ဂျူဂိုဟော့မေမေပြောပြလိုက်မှဆက်စပ်တွေးမိသည်။ဒါကဘယ်သူမှပြောပြဖို့မလိုဘဲတွေးသိနားလည်သည့်မိန်းမ
သားတို့ခံစားတက်သောပညာပဲဖြစ်၏။
ဂျူဂိုဟော့ကနောက်အိမ်ထောင်ကပါသည့်သားဖြစ်ကာစင်ဒီကအစကတော့ဂျူဂိုဟော့ကအပူကပ်တိုင်းဂျန်းနီနဲ့အောင်သွယ်ပေးနေသလိုလို၊ဖြစ်စေချင်တာလိုလို၊စလိုက်နောက်လိုက်.....။
ဂျန်းနီကလည်းလက်ထက်ဖို့ထိဘယ်တုန်းကမှမစဥ်းစားခဲ့တော့အစကတည်းကရင်းနှီးနေခဲ့သောစင်ဒီအပေါ်မှာ
အပြစ်လည်းမမြင်၊စိတ်လဲမဆိုးဘဲဒီတိုင်းအပြုံးမပျက်ရှိခဲ့၏။တကယ်လက်ထပ်ဖို့ဖြစ်လာပြီဆိုမှဂျူဂိုဟော့အရူး
အမူးဖြစ်အောင်ဝမ်းသာနေပေမယ့်စင်ဒီပုံစံပြောင်းသွားခဲ့၏။
ဒီအဖြစ်တွေကိုဆက်စပ်နေပြီမို့စင်ဒီနှင့်ရင်ဆိုင်ရမှာတစ်ခုခုဖြစ်တော့မှာလို့စိတ်ထဲမှာခံစားနေမိသည်။
သူမဘက်မှာလဲ......ဒီလက်ထက်ပွဲဖြစ်ကိုဖြစ်မှာမို့.........
“ဘာကိစ်စလဲ......”
“စင်ဒီ”
သူမရှေ့ကိုမရောက်ခင်ကတည်းကစင်ဒီမျက်နာကချီနေသည်။အဖြူရောင်အပြောင်သားဝတ်စုံကပ်ကပ်ကို
အနက်ရောင်စတော့ကင်နှင့်ဝတ်ထားကာမျက်ခွံတစ်ပြင်လုံးမှာမီးခိုးရောင်ရှဲဒိုးတွေနှင့်ရိုင်းသည့်အလှကထင်း
နေ၏။
“ညီမကိုအန်တီခေါ်ခိုင်းလို့ ပြီးတော့လေ”
“မလိုက်ချင်ဘူး၊မာမီ့ကိုပြောလိုက်စမ်းပါ၊ဒီကလပ်တစ်ခုလုံးရဲ့ပိုင်ရှင်ကမာမီ့ရဲ့မောင်စင်ဒီဦးလေးလို့၊တစ်ညလုံး
ကဲမယ်၊ညအိပ်ပြီးမှပြန်မယ်၊ဘာဖြစ်သွားနိုင်လဲ”
“တို့ကပြောပေးဆိုလို့ပြောပေးရတဲ့လူပါ၊နေ့လယ်ကညီမမောင်လေးကားအက်ဆီးဒင့်ဖြစ်တာလဲညီမ မသိဘူးတဲ့
အဲတာကြောင့်မှာတာ”
“ဘာလို့မသိရမှာလဲ၊လူနာကိုဆေးရုံမှာသွားမေးပြီးပြီ....၊အိမ်ကိုဘာလာလုပ်ရဦးမှာလဲ၊မမဂျန်းနီကိုလဲစင်ဒီပြော
ထားတယ်လေကိုကိုနဲ့လက်ထက်ပြီးမှစင်ဒီအိမ်ကိုပြန်မှာလို့”
“အဲဒါဘာဖြစ်လို့လဲစင်ဒီ....မင်္ဂလာကိစ္စက....”
“ဂျန်းနီ.....၊ စင်ဒီ”
ခေါ်သံနှင့်အတူအနားရောက်လာသူကဂျူဂိုဟော့ဖြစ်၏။
“ဂျူဂိုဟော့”
ဂျန်းနီအံ့သြသွား၏။စင်ဒီနူတ်ခမ်းလေးဟသွားပြီးကြည့်နေသည်။ဘန်ကောက်ကိုသွားနေသည့်လူကညကြီးမင်းကြီးမိုးပေါ်ကခုန်ချလာတာလား.......။
“ကိုကိုက”
“ဟုတ်တယ်.....၊ပြန်ရောက်နေပြီအလုပ်ကိစ္စတွေရှိနေလို့ကုမ္ဗဏီမှာပဲဝင်နေလိုက်တာဘယ်လိုတွေဖြစ်တာလဲ
စင်ဒီခုနကပဲအန်တီဆီကဖုန်းရလို့ပြေးလာခဲ့ရတာ...”
ဂျန်းနီဆိုတဲ့မိန်းမဒီထဲကိုရောက်နေပြီဆိုပြီးအမောတကောပြေးလာတာများ.......ကိုယ့်ကိုပဲစိတ်ပူသလိုလို....။
စင်ဒီမျက်နှာလေးတင်းနေသလိုစိတ်ပန်းလူပန်းဖြစ်နေသည့်ဂျန်ဟော့မျက်နှာကလည်းနူးညံ့မူ့တွေပျောက်ဆုံး
နေ၏။ပြီးတော့ဂျန်းနီလက်ကလေးကိုဆုပ်ကိုင်လိုက်ကာ......
“အိုး....ဘယ်သူကလိုက်မယ်ပြောလို့လဲ”
“စင်ဒီ.......၊ဟေ့.....”
စင်ဒီကဖျတ်ခနဲ့ ပြန်လှည့်သွားတော့ ဂျူဂိုဟော့က လက်ကိုလှမ်းဆွဲလိုက်၏။ထိုအခါဂျန်းနီကတစ်ဖက်၊စင်ဒီ
ကတစ်ဖက်နှင့်ဂျူဂိုဟော့ပုံစံက....
“ဒါတော့လွန်တာပေါ့ကွ”
“အေးလေး......၊ကြယ်စင်နှစ်စင်းအလင်းပြိုင်နေတာကိုတစ်ဖက်တစ်ချက်ကိုင်ထားတာ၊ဟိုလဲမလွှတ်၊ဒီလဲမလွှတ်”
“ဟိတ်ကောင်တွေ မင်းတို့ဘာစကားပြောတာလဲ”
“ဘာဟိတ်ကောင်လဲ....၊သယ်ရင်းခြွေတာတွေရင့်နေတယ်၊ပြန်ပြင်လိုက်...”
လှမ်းကြည့်နေရင်းမြင်ကွင်းကအကျည်းတန်လာသည်။လူရွယ်နှစ်ယောက်စင်ဒီနှင့်ဂျန်းနီဘေးမှာခွဲရပ်လိုက်ကြပြီး
နောက်ထပ်မယောင်မလည်ကပ်လာသူတွေနှင့်ရုတ်တရက်ကြည့်လျှင်ယောကျာ်းတွေကြားထဲမှာမိန်းကလေးနှစ်
ယောက်........။
“အို ဘာလုပ်တာလဲ”
“စင်ဒီကလဲကွာ...ယူကိုယ်တို့နဲ့ကနေတာလေဘော်ဒါချင်း....”
“စင်ဒီကိုဘာမှမစွန်းထင်းစေရဘူးဒီဘက်နည်းနည်းပဲရွေ့ရပ်ပေး၊ဒါမှကိုယ်တို့ဆက်ရွေ့လို့ရမှာ”
တစ်ယောက်ကစင်ဒီလက်ကိုဆွဲ၍တစ်ဖက်ရောက်အောင်တွန်းပို့ပစ်လိုက်သည်။နောက်တစ်ယောက်ကသူတာဝန်
ကျေသွားသလိုတဟဲဟဲရယ်ကာ.......
“မင်းကရော”
“သူကဘယ်သူနဲ့မှ မဆိုင်ဘူး”
ရုတ်တရက်အနားမှာလီဆာရောက်သွားကာဂျန်းနီလက်ကောက်ဝတ်ကိုဆုပ်ကိုင်သည့်လက်တစ်ဖက်ပေါ်က
ထပ်ကိုင်ပြီးဆွဲဖြုတ်ပစ်လိုက်၏။
“မင်းကဘာလဲ”
“ဇာတ်လမ်းတွေထဲကလိုပေါ့ကွာ.....၊မင်းသား...”
ပြောပြီးလီဆာကဂျန်းနီကိုလှည့်ကြည့်ကာ.....
“မမသွားတော့”
“လာ ဂျန်းနီ”
ဘေးမှာလမ်းရှင်းသွားသည်နှင့်ဂျူဂိုဟော့ကဂျန်းနီလက်ကလေးကိုဆွဲ၍ခပ်သုပ်သုပ်ထွက်သည်။
“နေဦး....၊ဟိုမှာရန်ဖြစ်ကြတော့မှာ......”
“မဖြစ်ပါဘူးဂျန်းနီရယ်.....သူတို့ချင်းချိတ်ရှိထားတဲ့ပုံပါ”
ဂျန်းနီကခေါင်းခါ၍လက်ကိုပြန်ရုန်းသည်။
“အဲဒါကြောင့် ပိုခက်တာပေါ့၊ဂျန်းနီသွားမှဖြစ်မယ်”
နောက်ပြန်လှည့်သည်နှင့်ဂျူဂိုဟော့ကလက်ကိုဆတ်ခနဲပြန်ဆွဲကာ....
“မင်းရဲ့မောင်ကျန်ခဲ့သလိုကိုယ်ကလဲညီမတစ်ယောက်လုံးကိုထားခဲ့တာပဲ”
“ဂျူဂိုဟော့ညီမကအဲဒီကလပ်ပိုင်ရှင်လေ..၊သူ့အတွက်အန္တရာယ်ကြီးကြီးမားမားဘာဖြစ်ဖို့ရှိသလဲ”
“မရဘူးကွာ......မင်းမသွားရဘူး၊အဲဒီကားလဲထားခဲ့လိုက်တော့တက်....ကားပေါ်.....”
“အို...ဘယ်လိုလုပ်လိုက်တာလဲ”
ဂျူဂိုဟော့ကဂျန်းနီကိုကားပေါ်ပြန်ရောက်မခံဘဲသူ့ကားထဲကိုအတင်းတွန်းထည့်၏။ပြီးတော့သူပါ
ဝင်ထိုင်လိုက်ကာ......
“ဂျန်းနီ”
ဂျန်းနီလက်မောင်းလေးတစ်ဖက်ကိုကိုင်၍သူ့ဘက်ဆွဲလှည့်ကာ......
“ကိုယ်အရူးမဟုတ်ဘူးဂျန်းနီ၊မင်းကိုယ့်အပေါ်မှာနည်းနည်းမှလိုက်လျောမူမရှိခဲ့ဘူးပဲလက်ထက်ဖို့ချက်ချင်း
ခေါင်းညိတ်လိုက်တာမရိုးသားမှန်းကိုယ်သိတယ်၊တခြားကိုယ်ဘာမှမသိပေမယ့်မင်းနဲ့အနီးဆုံးမှာလာလီဆာဆိုတဲ့ခပ်ဖြောင့်ဖြောင့်ချာတိတ်တစ်ယောက်ရှိနေတာနဲ့ပတ်သက်နိုင်တယ်ဆိုတာကိုယ်တွေးမိတယ်”
“မယုံသင်္ကတွေဖြစ်နေတာလားဂျူဂိုဟော့......၊ကျွန်မတို့ကငယ်ငယ်ကတည်းကမောင်နှမလိုနေခဲ့ကြတာ”
“ဒါပေမယ့်မောင်နှမမှမဟုတ်တာ”
“ရှင်နဲ့စင်ဒီကိုရောကျွန်မအဲဒီလိုထင်လို့မရဘူးလား”
“ထင်ခွင့်ရှိတာပေါ့...၊ရှိရုံတင်မကဘူး၊စင်ဒီနဲ့ကိုယ့်ကိုမင်းသဝန်တိုမယ်ဆိုရင်ဒီလောကမှာကိုယ့်လောက်ကံကောင်းတဲ့ကောင်ရှိမယ်တောင်မထင်ဘူး”
သူကလက်ကိုဖိဆုပ်ထားလျက်ပြောလို့မပြီးနိုင်......ဂျန်းနီကငြိမ်ငြိမ်နားမထောင်ဘဲလက်ကိုဖယ်ချလွှဲခါပစ်နေ
၏။ဘယ်လိုမှသူ့လက်ထဲကမလွတ်မြောက်နိုင်.....။
“ကိုယ်ကိုတစ်ခုပဲဖြေ......၊ခုနကကောင်လေးကလားလီဆာမို့လား”
ဂျန်းနီကဆတ်ကခနဲ့ခေါင်းညိတ်သည်။ပြီးတော့အံ့ကြိတ်၏။ထိုမျက်နှာလေးကိုစိုက်ကြည့်ကာရင်နာသွားရသူကတော့ဂျူဂိုဟော့ပဲဖြစ်လေသည်။
သူအလုပ်တွေအောင်မြင်နေသလောက်ကောင်းကောင်းနားရတယ်လို့မရှိပေ။ထိုပြင်နားရချိန်တွေဟာလည်း
မြန်မာပြည်မှာမဟုတ်တော့ဘယ်သူနှင့်ဘယ်သူအကြောင်းအဆိုးအကောင်းဆိုတာတွေဘာမှမသိစိတ်ဝင်စား
ချိန်လည်း....မရှိ..။
ခံစားချက်ကိုကမြန်မာပြည်မှာသူ့အတွက်ခင်တွယ်စရာသွေးသားရင်းချာမရှိ၊ဆွေမျိူးဆိုတာမရှိ၊ဂျန်းနီကိုအန်တီ
မိတ်ဆက်ပေးလို့မြင်ဘူးကတည်းကသဘောကျခဲ့သည်။
ကိုယ်သဘောကျနေတာကိုသူမသိအောင်လည်းအမျိုးမျိုးကြိုးစားခဲ့ဖူး၏။
နောက်ဆုံးအန်တီကနေဖွင့်ပြောပြီးလက်ထပ်ခွင့်လဲတောင်းခဲ့တဲ့အထိ။
ဘယ်တုန်းကမှမျှော်လင့်ချက်ရောင်ခြည်လေးတောင်မလင်းလက်ခဲ့ဘဲခေါင်းညိတ်ပြီဆိုတော့လည်းလက်ထက်ဖို့
သဘောတူပါသည်တဲ့.....။
ခုတော့အားလုံးကသေချာနေပါပြီ.......။
“ကိုယ်ဝဠ်လည်ပြီထင်တယ်”
အကြာကြီးတိတ်ကျသွားပြီးမှလက်တွေပြေကျသွားခဲ့ပြီးဂျူဂိုဟော့ညည်းသံထွက်၏။
“စင်ဒီကိုယ့်အပေါ်မှာမရိုးသားစွာခင်တွယ်နေမှန်းသိပေမယ့်ကိုယ်ဘယ်လိုမှမရိုးသားလို့မရခဲ့ဘူး၊အဲဒါကြောင့်.....”
သူအဆက်မပြောပေမယ့်ဂျန်းနီကလည်းမမေးပါ။လူကိုထိကိုင်ထားသည့်အတွက်မကျေနပ်သည့်စိတ်နှင့်လီဆာကိုစိတ်မချခြင်းကဂျူဂိုဟော့နဲ့အဆင်ပြေဖို့ဆန္ဒမရှိဘဲဖြစ်နေခဲ့၏။
“မင်းနဲ့ကိုယ်အဖြစ်ချင်းတော့တူနေပြီဂျန်းနီ၊ကိုယ်ဘေးမှာစင်ဒီရှိခဲ့သလိုမင်းမှာလဲ”
“ဒါယောကျာ်းစကားမဟုတ်ဘူးထင်တယ်ဂျူဂိုဟော့ရှင်အဲဒီလိုစကားနာထိုးတက်ရင်ကျွန်မတို့ရှေ့ဆက်ဖို့ခက်မယ်”
“အစကတည်းကမလွယ်တာကိုမင်းပဲစခဲ့တာပါ၊ကိုယ်ကမင်းကိုချစ်နေတဲ့သူမို့ပြဿနာမကြီးပေမယ့်မင်းမချစ်တဲ့သူရဲ့ရင်ခွင်ထဲကိုဝင်ဖို့မင်းဘယ်လိုသတ္တိမွေးမလဲ”
“ဟုတ်တယ်..........၊ရှင့်ကိုကျွန်မမချစ်ခဲ့ဘူး၊ဒါပေမယ့်ဘယ်သူ့ကိုမှလဲမချစ်ခဲ့ဖူးဘူးဂျူဂိုဟော့”
ကားထဲမှာမီးရောင်ဝင်းခနဲ့ဖြစ်သွား၏။
ဂျူဂိုဟော့သည်ကားထဲကမီးကိုဖွင့်လိုက်ပြီးဂျန်းနီမျက်နှာကိုတအံ့တသြကြည့်၏။ပြီးတော့တဖြည်းဖြည်းပြုံးသွားကာ......
“ဆက်မပြောတော့ဘူးဂျန်းနီ...၊မင်းရဲ့စကားကိုကိုယ်ယုံတယ်၊မင်းနဲ့လက်ထက်ဖို့လဲကိုယ်လုံးဝမတွေဝေတော့ဘူး၊
စိတ်ချ.....မင်းရဲ့အချစ်ကိုကိုယ်ရအောင်ယူမယ်”
သူလက်လှမ်းလိုက်တော့ဂျန်းနီကဖယ်ချပစ်ကာ
“လက်ပါတာတွေဆင်ခြင်ပါဂျူဂိုဟော့.....၊လက်ထက်မယ့်သူတွေပေမယ့်အဲဒီလိုအနေအထိုင်တွေကိုကျွန်မမကြိုက်ဘူး”
မီးရောင်တွေဖျတ်ခနဲမှောင်ကျသွားသည်ခရီးဆက်ခဲ့ပေမယ့်ဂျန်းနီမျက်လုံးတွေကတော့ရောင်စုံမီးတွေလင်းနေ
သည့်ပိတ်ထားသောဆိုင်ပြတင်းတံခါးဆီနောက်တစ်ခေါက်ပြန်ဝေ့သွားကာ.............
လီဆာဘာမှမဖြစ်ပါစေနဲ့။
ESTÁS LEYENDO
Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)
Romanceတစ်ခါတစ်ရံ အချစ်ဆိုသည်မှာ..................