မာနများရောင်းရန်ရှိသည် ( အပိုင်း ၂၅)

182 15 1
                                    

Unicode

မာနများရောင်းရန်ရှိသည်
အခန်း(၂၅)
စွပ်စွဲချက်တွေထွက်လာလိုက်တာမနည်းမနော......။
ယွန်းတို့သားအမိဒီလောက်ထိလျှာစောင်းထက်နိုင်မှန်းသူမတွေးမိခဲ့ပါ။အသံကြောင့်ဖားသေဆိုတာမျိုးချစ်သူဖြစ်ခဲ့ကြတဲ့ကိစ္စမှာချစ်ပြီးရင်လက်ထက်ကြဖို့ကဖြစ်ရိုးဖြစ်စဥ်အတိုင်းသွားရမှာပေမယ့်.....
ခုတော့ယွန်းနဲ့သူ လက်မထက်ဖြစ်ခဲ့ရင်မမနဲ့သူ့အနေအထားကိုပဲလူတွေဘယ်လိုပုတ်ခတ်ဝေဖန်ကြတော့မလိုလို..။
“အဲဒါယွန်းတို့ပဲဖွပစ်တာသား၊ယွန်းအမေကသိပ်လည်တယ်၊သားနဲ့သူ့သမီးငြိတော့မယ်ဆိုတဲကအားလုံးကိုအကုန်စုံစမ်းပြီးသား၊ဝေဖန်တယ်၊မင်းတကယ်အဖိုးတန်လူမှန်းသိလို့ ဒီလိုအပိုင်ချည်တဲ့စကားတွေထွက်လာတာ”
မေမေကတော့အစကတည်းကသောကမကင်းသူမို့ဒီကိစ္စမှာခြေကုန်လက်ပန်းကျတဲ့လူလိုပါ။ပြောသင့်တာလောက်ပြောပြီးပြင်းပြင်းထန်ထန်တားမြစ်တာတွေ၊ပိတ်ပင်ကြိမ်းမောင်းတာတွေဘာမှမလုပ်။
“ဒီကိစ္စတွေရှိလာပြီဆိုရင် သားသမီးတွေက မိဘကိုရန်သူလိုမြင်လာကြတာပဲ၊ဒါကိုတားလို့ဆီးလို့ရခဲ့တယ်တာဆိုတာလဲတယ်ရှားပါတယ်။အဲဒါကြောင့်တားကြည့်လို့မှမ‌‌ရတာမေမေမတားပါဘူး၊မင်းချစ်တဲ့သူနဲ့ပေါင်းပါ၊မေမေနဲ့ဖေဖေကိုနောက်ထပ်စိတ်ဒုက္ခမပေးပါနဲ့တော့”
မေမေဒီအတိုင်းတောင်းပန်ခဲ့သည်။ထိုစကားကိုကြားပြီးကတည်းကသူလည်းစိတ်ဆင်းရဲခြင်းကြီးဖြစ်ခဲ့ရ၏။
အချစ်ကသပ်သပ်မချမ်းမြေ့ခြင်းကတခြား။
တစ်ယောက်ထဲတည်းဆိုဖာပေါ်မှာပစ်စလက်ခတ်မှီနေရင်းစိတ်ကူးထဲမှနှစ်မျောနေတုန်းဖုန်းဝင်လာသည်
သူတစ်ယောက်ထဲဆိုဖာပေါ်မှာပစ်စလက်ခတ်မှီရင်းစိတ်ကူးထဲမှာ‌မြောနေတုန်း…..
“’ဪ....သားရှိလား’
“ဟုတ်”
ဖုန်းသံကြားလို့မဟုတ်ဘဲလီဆာမေမေလက်ကိုင်အိတ်နှင့်ထွက်လာတာမို့လိုဖြစ်သည်။
“မေမေမင်းဖေဖေမှာခဲ့တဲ့ကိစ္စရှိလို့သွာလိုက်ဦးမယ်...............သားအပြင်ထွက်အုန်းမလား”
         မထွက်ဘူးမေမေ

‘”အေးပြီရော”
ဖုန်းကိုအေးဆေးသည့်လူပ်ရှားမူ့နှင့်ယူရင်းမေမေထွက်သွားတော့တာကိုငဲ့ကြည့်မိသည်။အပြင်မှာကားနှစ်စီးရှိနေလျက်မေမေတက္တစီနဲ့သွားတော့မှာဖြစ်သည်။အမေရယ်၊သားရယ်ခေါ်ပြီးစကားပြောနေ‌ေပမယ့်တခြားအပိုဘာ
မှမ‌ပြောတော့သည့်မေမေမျက်နှာကမတည်ပေမယ်ရယ်ရယ်ပြုံးပြုံးတော့မရှိခဲ့ပေ။
ဟိုနေ့ကပြဿနာကိုအစအဆုံးမေမေမသိဘူးထင်သော်လည်းမမကလည်းဒါကိုတိုင်တန်းပြောဆိုမှာမဟုတ်တာသေချာပေမယ့်.......
မေမေအကဲခတ်မိတာဖြစ်နိုင်သည်ညကဖေဖေ့ဆီကဖုန်းလာတာကိုလည်းအကျိုးအကြောင်းဘာမှမပြောဘဲအခန်းထဲဝင်သွားသည်။
ခုလည်းဖေဖေခိုင်တဲ့အလုပ်ကိစ္စဆိုတာသူပဲဆောင်ရွက်ပေးနေကျ၊သူနဲ့သာဆိုင်သည်။
မေမေခုတစ်လောသိသာစွာအနေစိမ်းသွားတာကိုစိတ်ထဲမှာတစ်မျိုးကြီးဖြစ်မိ၏။အမွေဖြတ်မယ်၊မင်းထင်ရာလုပ်ဆင်းသွားဘာတွေပြောပြောပါ။ဒါမှမဟုတ်လုံးဝရှေ့မဆက်ရဘူး၊လုပ်ရဲရင်လုပ်ကြည့်ဆက်ရဲရင်ဆက်စသဖြင့်ဆူချင်သလောက်ဆူဒါကစကားလက်နက်တွေဖြစ်သည်။
ခုလိုလက်နက်မဲ့တိုက်ခိုက်တာကျတော့ခံရတဲ့သူဘက်မှာ.......
“လီဆာလား.......၊ဟန်းဖုန်းကိုခေါ်တာမရလို့၊ဟိုအရေးကြီးလို့နော်၊ကျွန်တာ်ကိုစိတ်မဆိုးပါနဲ့၊လီဆာစိတ်ညစ်”
“ကဲ........မန်နေဂျာဂူ၊ရှည်လိုက်တာကွာ”
ဒေါသဖြစ်ဖြစ်နှင့်ဖုန်းကိုင်ရင်းတက်ခေါက်မိသေးသည်။
“ဟုတ်တယ်၊ပစ္စည်းတွေအပ်ရမှာကျွန်တော်သိတယ်၊လယ်ဂျာတွေတွဲထားတဲ့ဖိုင်စားပွဲပေါ်မှာအားလုံးလက်မှတ်ထိုးပြီးသား၊ပေးတာယူတာတွေမန်နေဂျာပဲလုပ်လိုက်ပါ၊ထပ်မဆက်နဲ့ဗျာ”
ဖုန်းချလိုက်ပြီးနေရာမှထသည်နှင့်နောက်ထပ်မြည်လာပြန်သည်။ပလပ်ဖြုတ်ထားလိုက်မလို့စိတ်ကူးမိပေမယ့်
အလုပ်ဆိုတော့လည်းမဖြစ်ပြန်.....။
“ဟလို”
“အကိုလေးလားဟင်၊မမလေးကမေမေကြီးကိုခေါ်ခိုင်းလို့”
မိသီအသံကြောင့်သူမျက်မှောင်ကြုတ်သွားမိကာ......“ဘာလုပ်ဖို့လဲ”
မေမေမရှိဘူးလို့မပြောဖြစ်ဘဲဘာကိစ္စဆိုတာကိုလည်းသိချင်မိ၏။
“ကျွန်မမသိဘူး၊မမလေးမနက်ကအလုပ်တော့သွားပြီးအစောကြီးပြန်လာတယ်နေမကောင်းဘူးထင်တယ်၊ခုပဲအခန်းထဲကထွက်တာ”
သူခဏစဥ်းစားကာဖုန်းချပြီးဟိုဘက်ကူးသွား၏။မမနဲ့သူဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းမသိပေမယ့်ခြေလှမ်းတွေကတော့အိမ်ထဲထိတောက်လျှောက်.....။
“ဟ”
“အား”
မမနဲ့တိုက်မိလိုက်ပြီမှန်းသိကာသူ့ကိုယ်သူထိန်းလိုက်ပေမယ့်မမယိုင်ထွက်သွားတော့လက်မောင်းလေးနှစ်ဖက်ကိုဖျတ်ခနဲ့ပြန်ဆွဲလိုက်၏။
“ဖယ်”
ဂျန်းနီကလည်းသူမှန်းသိသည်နှင့်အနူအဝဲတစ်ယောက်နှင့်ထိစပ်မိလိုက်သလိုအတင်းဆောင့်ရုန်းကာပွတ်သပ်ခါချပစ်လျက်.........
“မင်းဘာလုပ်တာလဲ”
“မေမေ့ကို ခေါ်တယ်ဆိုလို့”
“အန်တီကိုခေါ်တာ......မင်းမဟုတ်ဘူး”
“မမ”
ဂျန်းနီကချာကနဲ့ပြန်လိုက်သွား၏။သူဘေးကနေလိုက်သွားကာ.........
“ဟိုနေကပြဿနာအတွက်ကျွန်တော်......”
“မလိုဘူး........၊ခွေးကိုက်ခံရတယ်ဆိုကတည်းကခွေးမျက်စိနောက်အောင်လုပ်မိလို့၊မင်းလိုကောင်နဲ့ပက်သက်မိတာကိုကငါ့မှာလဲအပြစ်မကင်းဘူး”
ပြောပုံကကိုယ့်ကိုယ်ကိုယ်စိတ်ကောင်းမွေးပြီးတောင်းပန်လိုက်မိသည့်အတွက်နောင်တပင်ရလိုက်မိကာ........
“မမတော်တော်ရိုင်းပါလား၊ကျွန်တော်ကစည်းကမ်းကိုတောင်းပန်နေတာမဟုတ်ဘူး၊ဖြစ်စဥ်အတွက်ပါ”
ဂျန်းနီကမကြားချင်သည့်ပုံစံနှင့်မျက်နှာလွှဲပစ်သည်။
“ယွန်းပေါက်ကွဲသွားတာကချစ်တဲ့စိတ်နဲ့သဝန်တိုတာ၊ချစ်သူတို့စည်းကမ်းအတိုင်းသဝန်တိုခြင်းကြောင့်ချိုးဖောက်ခွင့်ရှိတဲ့ဒေါသကရထားခေါင်းတွဲလိုဘယ်မှာသွားချိတ်ချိတ်သဘာဝမကျတာဘာရှိလဲ”
“အေး...၊ကိုယ်သဘာဝနဲ့ကိုယ်နေ၊ငါမင်းမျက်နှာကိုမမြင်ရရင်ကျေးဇူးတင်တယ်”
“ဖြစ်စဥ်အရရိုင်းသွားတဲ့အတွက်ယွန်းကကျွန်တော့်ချစ်သူဖြစ်နေလို့ကျွန်တော်ကတောင်းပန်တာ”
“မလိုဘူး၊အေး......မင်းလာတာလဲပြီးတာပဲပေါ့၊နေဦး”
ဂျန်းနီကကြည်ပြာရောင်အနွေးထည်ပါးလေးနှင့်မျက်နှာလေးကလည်းပြောင်ပြောင်တင်းတင်းမို့အစ်အစ်လေးဖြစ်နေ၏။ဆံပင်တွေကိုကျောထက်မှာလက်ကိုင်ပဝါလေးနှင့်ဖြစ်သလိုချည်ထားကာဟိုဘက်လှည့်ထွက်သွားတော့
ဆံပင်ဖျားတို့နွဲ့ခနဲခါသွား၏။
အခန်းထဲဝင်သွားတာခဏပဲကြာပြီးပြန်ထွက်လာတော့အတက်ချီကော့စ်အသေးစားလေးနှင့်ဖြစ်သည်။
“ဒီမှာ.....လာယူ”
ဟုပြောပြီးရိူးကေ့စ်အမြင့်ပေါ်မှာသူမကိုယ်တိုင်ဖွင့်လိုက်၏။လီဆာရှေ့တိုးမသွားပေမယ့်ကြည့်လိုက်တာနှင့်
အထဲကစာချူပ်စာတမ်းတွေကိုမြင်နေရသည်။
ထို့အတူဂျန်းနီဘာအချိုးချိုးတော့မှာကိုသိလိုက်ကာမျက်ခုံးနှစ်ဖက်ကချက်ချင်းကုတ်ကျသွာ၏။
“ဒီစာချူပ်ထဲမှာဖေဖေမှာခဲ့တဲ့အတိုင်းအဲ......မဟုတ်ဘူး၊ငါအတိအကျခေါက်ချိုးချိုးမခွဲဘူး၊မင်းဘက်မှာအများကြီးပိုတယ်၊ဒါကိုယူပြီးမင်းရဲ့ယွန်းယွန်းကိုသွားပြ၊မင်္ဂလာဆောင်ရင်သပ်သပ်လက်ဖွဲ့ဦးမှာလို့....”
“ခင်ဗျားပစ္စည်းတွေကိုဘယ်သူကယူမယ်ပြောနေလို့လဲ”
“မင်းချစ်သူလေ..၊သူမင်းနဲ့တကွသောပစ္စည်းဥစ္စာတွေကိုအလိုရှိနေတယ်ယူသွား”
“သူအလိုရှိနေတာကိုကျွန်တော်ဖန်ဆင်းပေးနိုင်အောင်ကြိုးစားမယ်၊ဒါတွေမလိုပါဘူး”
“ဘာ...........ဟား........ဟား”
မျက်နှာလေးနီနေသဖြင့်မော့ရယ်လိုက်တော့ရယ်တာနဲ့လည်းမတူပါ။ဂျန်းနီကလီဆာကိုအထင်မြင်သေးသည့်
မျက်ဝန်းများနှင့်မဲ့ကြည့်ကာ.....
“မင်းကမိဘလက်အောက်ကမလွတ်သေးတဲ့ချာတိတ်ပါလီဆာရယ်၊မင်းမိဘပိုင်တာပဲမင်းရမှာပေါ့၊အခုငါပေး
တာကမင်းမိဘမပေးနိုင်တဲ့အရာတွေတွေ......”
လီဆာမျက်နှာခရမ်းသီးမှည့်လိုညိုပုပ်သွား၏။
“မင်းရဲ့ယွန်းယွန်းငါ့ကိုမိုက်ရိုင်း‌စော်ကားသွားတယ်ဆိုတာမင်းသိရင်ဒါတွေကိုယူလိုက်၊ဂျန်းနီကင်မ်ဆိုတဲ့မိန်းမရည်ရွယ်တဲ့ယောကျ်ားဟာ ချောမောတာရုပ်အဆင်းလောက်နဲ့ခပ်နုပ်နုပ်ချာတိတ်တစ်ယောက်မဟုတ်ဘူးဆိုတာသိအောင်ပြော...”
“တောက်.....ခင်ဗျား...”
“အို....ဘာလုပ်တာလဲဖယ်......လွှတ်..”
“ခင်ဗျားမရဘူး၊ယောကျာ်းတစ်ယောက်ကိုခင်ဗျားဒီလောက်အထင်သေးတာ”
“မင်းနော် မယုတ်မာနဲ့၊ငါ့ကိုလွှတ်စမ်း”
ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်ကာမာနကြီးလွန်းသည့်ဂျန်းနီလက်တစ်ဖက်ကလီဆာမျက်နှာပေါ်ဖြောင်းခနဲကျ၏။
နှစ်ယောက်စလုံးဒယိမ်းဒယိုင်တွေဖြစ်ကုန်ကြသည်။ကိုယ်ပါးတစ်ဖက်ကိုပြန်စမ်းမိကာဘာမှမကျူးလွန်လိုက်ရဘဲကိုယ့်ဒေါသနှင့်ကိုယ်ဒဏ်ပြန်ထိသွားတာကိုသိသည်။
ဂျန်းနီကနည်းနည်းလေးမှကျေနပ်ပုံမရှိဘဲတက်ခေါက်ပြီးနာကျင်သွားသည့်လက်ဖဝါးကိုဖိဆုပ်ထားလျက်...
“မင်းကလဲဘယ်တုန်းကမှငါ့ကိုမကြည်လင်ခဲ့သလိုငါကလဲထပ်တူပဲလီဆာ၊မင်းနဲ့ငါမျက်နှာချင်းစပြီးဆိုင်ဖြစ်ပြီ
ဆိုကတည်းကအကောင်းမမြင်ဝါဒတွေနဲ့ဘဲ၊မမုန်းပေမယ့်ဘယ်သောအခါမှပြေလည်ကြဖို့မရှိဘူး၊ဘယ်လိုစိတ်
ကူး၊အမြော်အမြင်တွေနဲ့မင်းနဲ့ငါ့ကိုမှလက်ထက်ပေးဖို့ရည်ရွယ်ခဲ့သလဲဆိုတာလဲလုံးဝနားမလည်နိုင်ဘူး၊ထားလိုက်
လို့မရနိုင်တာတွေပေါ်လာတိုင်းမိဘကိုအပြစ်မြင်မိရင်အပြစ်ဖြစ်မှာစိုးလို့မင်းလမ်းကိုမင်းလျှောက်မင်းချစ်တဲ့သူကဒါတွေပါမှလက်ခံဖို့ရှိတော့ဒါကိုယူသွား”
ဂျန်းနီနောက်ထပ်မေးဆက်ပြသည်နှင့်လီဆာ၏မျက်လုံးတွေစာချူပ်တွေဆီစူးစူးရဲရဲကျရောက်သွားကာ
“ဟာကွာ......တောက်”
“ဒုန်း...”
“ဗြီး....ဗြဲ”
“ကြည့်စမ်း......လာလီဆာ”
စာရွက်စာတမ်းတွေကိုအကြမ်းဗရမ်းဆွဲယူလိုက်တော့အတက်ချီကေ့စ်ကကြမ်းပေါ်ပြုတ်ကျကာစာရွက်တွေ
အထပ်လိုက်မညီမညာပါလာ၏။လီဆာကစိတ်ရှိလက်ရှိဖြဲဆုတ်နေသဖြင့်ဂျန်းနီဒေါသမထိန်းနိုင်ဘဲဘေးကနေ
အတင်းဝင်ထုတော့သည်။
စာရွက်တွေကိုဆုတ်ဖြဲပြီးတစ်စစီလွှင့်ခါထုတ်ပစ်ပြီးမှလီဆာကဂျန်းနီပခုံးနှစ်ဖက်ကိုဆတ်ခနဲ့ဆွဲကိုင်ကာ......
“လောလောဆယ်စာရွက်တွေပြဲကုန်လို့ဥစ္စာရူးရူးနေတာခင်ဗျား...။ဒါတွေကကျွန်တော့်အတွက်ကဗျာစာရွက်
တစ်ရွက်လောက်တန်ဖိုးမရှိဘူးဆိုတာအခုမြင်ပြီနော်....”
“မင်း.......မင်း...ငါ့ကိုလွှတ်စမ်း”
လီဆာကမိုက်ရိုင်းသည်။ဂျန်းနီကိုနံရံမှာအင့်ခနဲ့ပစ်ကျသွားအောင်ခပ်ဆတ်ဆတ်တွန်းပစ်၍ရှေ့ကိုခြေတစ်လှမ်း
တိုးကပ်ကာ......
“ဒီတစ်ခါအလကားမရဘူး”
ဂျန်းနီနူတ်ခမ်းသားတို့ကိုထိကိုက်ရင်းအံကြိတ်၏။ဒီလူငယ်တစ်ယောက်ဟာလွယ်အိတ်လေးတစ်လုံးနဲ့ဒီခြံမြေကို
စတင်ချဥ်းနင်းရောက်လာကတည်းကသူမကိုမရိုမသေမလေးစားခင်တွယ်ရကောင်းမှန်းလည်းမသိတဲ့သူ.......
အန်ကယ်ကအားနာရလောက်အောင်သဘောကောင်းသည်။ဖေဖဖေကငြင်းလို့မရအောင်ပြော၏။
“အိမ်မှာသမီးစာသင်ပေးလိုက်ပါ”
“မောင်လေးကိုဘာဖြစ်ဖြစ်အမြင်မတော်ရင်နားဝင်အောင်ပြောပြ၊ဆုံးမ...”
စသဖြင့်လိမ္မာယဥ်ကျေးအောင်၊ကလေးချင်းတိုးတိုးဖော်ဖြစ်အောင်တဲ့....။ကစားဖော်အရွယ်မဟုတ်ပေမယ့်ကိုယ့်မောင်လေးလိုဂျန်းနီသဘောထားခဲ့ဘူးသည်။အဖော်ရပြီဆိုသည့်အတွေးနှင့်လည်းကြည်နူးခဲ့ဖူး၏။
ဒါပေမယ့် နည်းနည်းလေးမှဆရာလုပ်မခံသည့်လားလီဆာဟာတစ်ရံရောအခါမှာတော့”ခင်ဗျား”ကိုမုန်းတယ်ဟု
ပြောလာခဲ့လေသည်။
စိတ်ထဲမှာဖျတ်ခနဲဝင်လာသည့်အတိတ်ကတိမ်မျှင်ခိုးလိုဖြတ်ခဲ့ပစ်လိုက်ပြီး ပစ္စုပ္ပန်‌ဒေါသများနှင့်ဂျန်းနီမတ်မတ်ပြန်ရပ်သည်။လီဆာကဘောင်းဘီထဲမှာလက်နှစ်ဖက်ထည့်ထားသည့်ပုံအတိုင်းနောက်ကိုဆုတ်ရပ်ကာ.....
“ခင်ဗျားပြောတဲ့စာရွက်စုတ်တွေမပါပဲယွန်းနဲ့ကျွန်တော်လက်ထက်ပြမယ်၊ဘယ်လိုယောကျာ်းမျိုးမှဘယ်လိုဘာညာတွေလေလုံးထွားနေတဲ့ခင်ဗျားပဲအကျမနာအောင်ဂရုစိုက်”
“ဟား......ပူနေတာလား၊ငါကမင်းစကားကိုဂရုမစိုက်ပေမယ့်မင်းနဲ့ကျောချင်းကပ်ဖြစ်သွား‌အောင်အစကတည်းကစီစဥ်ပြီးသား”
စကားသံခဏတိတ်သွားတော့မျက်လုံးချင်းဆုံသွား၏။ငိုနေတာလား၊မငိုဘူးလားအတိအကျသိရခက်သောဂျန်းနီ
မျက်လုံးတွေကမြင်နေကျအတိုင်းစူးရဲနေဆဲ........။
“ငါ့ရှေ့ထိရောက်လာပြီးမင်းရဲ့ချာတိတ်မမဆင်မခြင်ပြောသွားတာတွေကိုကြားရပြီးတဲ့နောက်ပေါ့၊ဒီတိုင်းနဲ့လက်
ထက်ကြပါစို့လို့သူ့ကိုမင်းသူကိုအသေအလဲစည်းရုံးသိမ်းသွင်းနေရချိန်မှာငါကလက်ထက်နေလောက်ပြီထင်တယ်
မင်းသိမှာပါ...ဂျူဂိုဟော့ကို သူကတို့ထက်သုံးနှစ်ပိုကြီးတယ်၊မင်းကကြွားတယ်လို့ထင်တဲ့တို့လိုချင်တဲ့အရည်အချင်းတွေသူ့မှာပိုပိုလျှံလျှံရှိနေတာ၊အဲဒါယုံလား.....”
“ခင်ဗျားယုံဖို့ပဲလိုတာပါ၊ကျွန်တော်အဲဒီထိစိတ်မဝင်စားဘူးတစ်ခုတော့ရှိတယ်ကြွားနေတာမဟုတ်ဘူးဆိုရင်ခင်ဗျားနဲ့ကျွန်တော်တွေ့ကြဦးမှာပဲ၊သတ္တိရှိရင်ခန်းမတစ်ခုတည်းယူပြီးနှစ်မင်္ဂလာဆောင်ရဲလား”
ဂျန်းနီခေါင်းညိတ်လိုက်မိလား၊ဒါမှမဟုတ်ဒီတိုင်းငုတ်တုတ်မေ့ခဲ့သည်လား။ရှေ့မှာလီဆာမရှိတော့ဘူးဆိုတာကို
သတိရတော့မှလှိုက်တက်လာသည့်ရေပူစမ်းကမျက်ဝန်းအိမ်ကနေပိုးပိုးပေါက်ပေါက်ပြိုဆင်း၏။ချစ်ပါတယ်
ကြိုက်ပါတယ်လို့ဆိုလာသမျှသူမဘယ်သူ့ကိုမှတစ်စက်လေးမှပြန်ငဲ့ကြည့်ခဲ့တာမရှိခေါင်းထဲလည်းမဝင်......။
ဖေဖေသည်သမီးနှင့်လီဆာကိုလက်ထက်ပေးမှာလို့တိုတိုရှင်းရှင်းမပြောခဲ့သော်လည်းလီဆာကိုပြုစုပျိုးထောင်
ပေးသင့်တာတွေ၊စိတ်တိုတက်ပေမယ့်လီဆာကလူငယ်လူကောင်းကလေးဖြစ်တာတွေ..။နောက်ဆုံးလီဆာနှင့်
ပဲသဘောတူနေသလိုမျိုးသက်ရောက်စေသည့်စကားတွေကိုခဏခဏဆိုခဲ့၏။
“အကောင်းဆုံးဆိုတာကတော့ သိပ်မရှိနိုင်ဘူးသမီး၊အရည်အချင်းကောင်းတွေစုပြုံနေရင်ဒီလူမှာစိတ့်ဓာတ်ဒါမှမဟုတ်ရုပ်ရည်တစ်ခုခုချို့ယွင်းနေလိမ့်မယ်၊လူ့ဘဝဆိုတာရုပ်ရှင်ဇာတ်လမ်းတွေဝတ္တုတွေထဲမှာလို၏ဇာတ်သိမ်းခန်းမှာမင်းသား၊မင်းသမီးပေါင်းကြလေသတည်းဆိုပြီးပြီသွားမှာမဟုတ်ဘူး၊ပေါင်းကြပြီဆိုမှဘဝစာမျက်နှာတွေ
ပေါ့”
ဖေ‌ေဖကလီဆာနှင့်ပတ်သက်ပြီးဂျန်းနီအမြင်ကိုသိထားသည်။ထို့ကြောင့်ဒီစဖြစ်ပြီဆိုတခမ်းတနား......။
“လူတစ်ယောက်ဆီမှာတန်ဖိုးအကြီးဆုံးကစိတ်ဓာတ်ပဲ၊ဒါကြောင့်တော်ရုံလူကိုဖေဖေယုံကြည်နိုင်ဖို့ခဲယဥ်းတာပေါ့ဒီလောက်ထိချမ်းသာအောင်ဖေဖေရှာနိုင်ပေမယ့်ရှာနိုင်တဲ့လူတိုင်းကိုအထင်မကြီးဘူးဘာပဲဖြစ်ဖြစ်လီဆာကိုဖေဖေသံယောဇဥ်ရှိလို့ကြည့်ရူစောင့်ရှောက်တာသက်သက်မဟုတ်ဘူး၊သူ့အပါ်မှာဖေဖေ့မျှော်လင့်ချက်တွေအများကြီးရှိတယ်”
ရိူက်မငိုတက်ပေမယ့်ခံစားချက်ကြောင့်ရင်မှာနင့်လာတော့နူတ်ခမ်းကိုဖိကိုက်ထားတာတောင်ရိူက်သံမပွင့်တပွင့်ထွက်ခဲ့သည်။
မွမွကြေအောင်ပြန့်ကျဲနေသည့်စာရွက်စတွေကြားမှကျောခိုင်းခဲ့ရင်းအိပ်ခန်းထဲရောက်တော့မွေ့ရာထက်မှာခွေခွေခေါက်ခေါက်လေးပုံကျသွားခဲ့၏။
တကယ်ဆိုလီဆာနှင့်သူမတစ်နေ့နေ့လက်ထက်ရမှာပဲဆိုတာကိုတစ်ထစ်ချတွက်ခဲ့မိတာသူမ.......၊မလိုချင်လို့ဝန်လေးနေတာလဲမဟုတ်၊လိုချင်လွန်းလို့တွေးရင်းမျှော်လင့်ခဲ့တာလည်းမဟုတ်ပေ။ဖေဖေမရှိတော့ကာမှအန်ကယ်ပိုဂရုစိုက်လာတာကိုလည်းသတိထားမိသည်။
ဖေဖေနှင့်တစ်ခုခုစကားရှိခဲ့မှာကိုလည်းတွေးမိခဲ့၏။ဘာဖြစ်လို့လဲဆိုရင်လီဆာကိုဖေဖေဘယ်လောက်မျှော်လင့်ခဲ့တာကိုမြင်နေကြားနေလို့ပါ။ဒါကြောင့်ဂရုစိုက်လိုက်လျောနေတာပါလားဆိုပြီးအန်ကယ်အ‌ပေါ်လည်းသူမတစ်ခါမှစိတ်မကွက်ခဲ့။နဂိုကတည်းကဦးလေးအရင်းလိုခင်တွယ်ခဲ့တာမို့အန်ကယ်မှစ၍အန်တီအထိလီဆာအဆုံး
ဂျန်းနီစိတ်ထဲမှာအဆင့်အတန်းခွဲခြားမြင်ခဲ့တာမျိုးလည်းမရှိခဲ့ဖူးပေ.....။
သမီးရဲ့ဖေဖေဒီလိုဆန္ဒရှိခဲ့ပါတယ်လို့ပြောလာရင်တောင်လီဆာကိုလက်မခံနိုင်တဲ့အထိရင်ထဲမှာရှိပါစေ၊သူမပစ်ပစ်ခါခါပြောမိမှာမဟုတ်ပေ။သံယောဇဥ်ဆိုတာရှိခဲ့ပြီးသား...။
လီဆာပါးစပ်ကနေ”ခင်ဗျား”ချင်းထပ်အောင်ပြောလာတိုင်းရင်ထဲမှာဒဏ်ရာတွေသာဖြစ်ခဲ့သည်။ကောင်းစေချင်လိုမခံချင်စိတ်တွေဖြစ်အောင်တူးဆွမိခဲ့သမျှဘယ်တော့မှမသင့်မြတ်ဖို့ဖြစ်လာခဲ့တာဒီနေ့ဒီလိုတွေစော်ကားခံရဖို့လား.....။
သူမှာဒေါသမာနတွေရှိသလိုကိုယ့်မှာလည်းရှိတာပဲ။ဒါကြောင့်ပြောလိုက်မိတဲ့စကားကတော့အတည်ဖြစ်သွားပါပြီ။မနက်ဖြန်တွေမှာသူမဘာလုပ်ရမလဲ......။
ပါးပြင်နှင့်မရင်းနှီးသောမျက်ရည်တွေကခုန်ပေါက်လျှောဆင်းနေတာမပြီးနိုင်။လီဆာကိုသူမဒေါသဖြစ်နေတာလား၊ရှက်နေတာလား...။ဘာမှန်းမသိပေမယ့်မျက်ရည်တွေကသက်သေပြုဖို့အဆင်သင့်ဖြစ်နေကြသည်။
ဒီဝေဒနာဟာလီဆာပါးစပ်ထဲမှာယွန်းဆိုတဲ့နာမည်ရောက်လာကတည်းကစခဲ့မှန်းတော့ကိုယ့်ကိုယ်ကိုသတိတရပါ။
လေးတန်းတက်မယ့်ကျောင်းသားအရွယ်ကတည်းကအိမ်ကိုရောက်ခဲ့တာပေမယ့်လီဆာရဲ့ ဖြူစင်သောကလေး
ဘဝလေးကိုတော့ကိုယ်မပိုင်ခဲ့ရမှန်းအဲဒီကျမှသတိထားမိ၏။
ငယ်သူငယ်ချင်းချစ်သူဆိုသည့်စကားကိုကြားရတော့ရှက်သည့်စိတ်တွေနှင့်တစ်ယောက်တည်းဆောက်တည်ရာမရ.......။
အန်ကယ်တို့ကိုယ်တိုင်ဘာမှပြောဆိုသံမကြားတော့လီဆားကိုတစ်ဖက်သတ်ကြိတ်ချစ်နေခဲ့တာမျိုးမဟုတ်သည့်တိုင်လက်ထက်ရမယ့်သူလို့တစ်ယောက်တည်းသေချာနေခဲ့မိတာကိုသေလောက်အောင်ရှက်သည်။
ဒါတွေကိုဘယ်သူမှမသိခဲ့ပါ။စိတ်ထဲမှာကြည်စင်နေတုန်းကတည်းကဂျန်းနီပါးစပ်ကထွက်သမျှဘာများနူးညံ့တက်ခဲ့တာဘာရှိသလဲ။ဤကဲ့သိုရှက်တာတွေ၊မာနတွေနှင့်လုံးထွေးချိန်မှပြောသမျှမှားသည်။ဆုံးဖြတ်ခဲ့သမျှတွေလည်းမမှန်...။ခုတော့ ညည်းဘယ်လိုဆက်လုပ်တော့မှာလဲ ဂျန်းနီကင်မ်.............
အိပ်ရာထဲမှာ လူးလှိမ့်ငိုပစ်လိုက်တော့ရင်ထဲမှာပေါ့သွား၏။မျက်တောင်ရှည်တွေပေါ်မှာစိုလူးနေဆဲမျက်ရည်လက်
ကျန်များနှင့်မျက်နှာကြက်ဆီကိုငေးနေရင်းလီဆာပြောသွားတာကိုတွေးနေမိသည်။
“ကြွားတာမဟုတ်ဘူးဆိုရင်ခင်ဗျားနဲ့ကျွန်တော်တွေ့ကြဦးမှာပဲ”
“သတ္တိရှိရင်ခန်းမတစ်ခုတည်းနှစ်မင်္ဂလာဆောင်မလား”
နားစည်ထဲမှာစကားသံကခုပဲပြောသွားသလိုကျင်ခနဲ့ထိရှ၏။ဂျန်းနီအိပ်ရာကနေထကာဖုန်းကိုလှမ်းယူလိုက်သည်။ကိုယ်က စိန်ခေါ်ခဲ့ပြီးပြီပဲ.........။

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Opowieści tętniące życiem. Odkryj je teraz