မာနများရောင်းရန်ရှိသည်(အပိုင်း ၁၅)

200 24 0
                                    

Unicode font
မာနများရောင်းရန်ရှိသည်
အခန်း ( ၁၅)
" အလဲ. ဆံပင်ရှည်နဲ.ပါလား...."
မန်နေဂျာဂူ က သူဘေးမှာဝင်ထိုင်လိုက်ပြီးရုပ်လုံးပေါ်နေပြီဖြစ်သည့် ပန်းပုရုပ်လေးကိုသေချာငုံ.ကြည့်သည်။
" မင်း အလုပ်ရုံထဲမှာတစ်နေကုန်မြဲနေတယ်ဆိုလို. တစ်ခုခုစိတ်ဝင်စားဖို.ရှိနေပြီလို.တော့ထင်သား၊ဒါဘယ်သူလဲမှန်မှန်ဖြေနော်.....၊ဒါကတော့သိပါတယ်မပြောရဲလို."
" မပြောရဲရင် မပြောဘဲကြည့်နေ...၊ပုံပေါ်လာမှ ဘာကြောင့်ဒီလိုထုဖြစ်သွားတယ်ဆိုတာ ဝေဖန်ပေး..."
" ဒါများ ပြီးမှပြောဖို.မလိုပါဘူး လီဆာရ၊မိန်းကလေးတစ်ယောက်ပုံကိုထုဆစ်နေပြီဆိုကတည်းက စိတ်ဝင်စားမူ.အတိုင်းအတာကတွက်ပြီးသားပါ"
လီဆာက ရုပ်ထုလေးကိုစိတ်ဝင်တစားထုရင်းရယ်သည်။ပြီးတော့အနားမှာသူတပည့်တွေပါမိုးတိုးမတ်တက်ရပ်ကြည့်လာကြ၏။
သူကဦးစီးပေမယ့်မန်နေဂျာဂူလို မရင်းနှီးတော့ဒီလိုကိစ္စတွေမှာဝင်ရောက်စနောက်ဖို.ထိမကြိုးစားပေ။ရပ်ကြည့်ပြီးခဏကြာတော့ပြုံးတုံ.တုံ.မျက်နာနှင့်ပြန်ထွက်သွား၏။
လီဆာမန်နေဂျာဂူကို" ခင်ဗျားကြောင့် ဘာလိုလိုတွေထင်ကုန်ပြီ"
" မဆိုင်ပါဘူးကွာ၊မင်းဒီမှာ တစ်နေကုန်လုပ်နေတာကို....."
" တနေကုန်မဟုတ်ဘူး၊ခုနကပဲလက်ဖက်ရည်ထွက်သောက်သေးတယ်၊ခု ပြီးတော့မှာ..."
" ဘာ....၊ပြီးတော့မှာ ဟုတ်လား"
မေးပြီး ကိုယ်လုံးအလှကောက်ကြောင်းလေးတွေနှင့် ဆံပင်ပုံစံပဲဖော်ရသေးသည့် မိန်းကလေးရုပ်ကိုသေချာကိုင်ကြည့်သည်။
" အရမ်းကြည့်ကောင်းတယ်ကွ၊အချောသတ်လိုက်ပါကွာ"
" ကျွန်တော်က အလှကြည့်ချင်လို. မဟုတ်ဘူး"
" ဘာဖြစ်လို.လဲ"
" အဲဒီမျက်နာကို အာရုံထဲကဖျောက်မရလို.အပြင်မှာထုတ်ချထားရုံပဲ"
မန်နေဂျာဂူတွေတွေကြီးဖြစ်သွားပြီးမှ ပြုံးသည်။
"ဒါဆို ဒါဘယ်သူလဲဆိုတာ ငါပြောလို.ရပြီလား"
လီဆာကခေါင်းမငြိမ်.ခေါင်းမခါလုပ်နေ၏။သစ်သားရုပ်ထုလေးက အကြမ်းတုံးလေးပေမယ့်ကိုယ်လုံးပုံလေးကတော့ထင်းရှင်းလှပနေပါပြီ..။
ဆံပင်ရှည်တွေဖြန့်ကျနေလျက် မျက်နှာကျပုံလေးကလေးထောင့်ဆန်ချင်သည်​နှာတံနှင့် နှုတ်ခမ်းတွေကိုဆောက်ထွင်းရာလေးနှင့်ပဲပုံဖော်ထားတာတောင်တည်တင်းနေသည့်ပုံစံလေးကခပ်ရှည်ရှည်မျက်ဝန်းပုံလေးမှာထင်နေ၏။
အစကတည်းကလီဆာက ပန်းပုပညာမှာတော်တဲ.သူပါ၊သူ့အတွက်ဒီရုံ​ေလးကိုထူထောင်ထားတာဟုလည်းလီဆာအဖေဆီကကြားဖူးသည်။နောက်ထပ်သစ်စက်ကြီးနှင့်တွဲလိုက်တာကတော့လုပ်ငန်းချင်းဆက်စပ်နေလို.ပဲဖြစ်သည်။
" လီဆာ"
"ဟင်"
" ဒါ မမရဲ.ပုံမို.လား "
" ဟုတ်တယ် "
" မျက်နှာကလဲ ဖြေပါဦးကွာ..၊နူတ်ခမ်းလေးနည်းနည်းလျှော.၊မျက်လုံးနောက်စွယ်လေးတွေကိုနည်းနည်းပြန်ချလိုက်၊အရမ်းကိုတင်းနေသလိုပဲ"
" အဟွန်း"
ရယ်ပုံကြီးက သဘောမနောတွေ.သွားသလိုပါ၊ပြီးတော့ဟက်ဟက်ပက်ပက်ထရယ်၏။
"ဘာတွေသဘောကျသွားတာလဲ"
" အဲတာပဲလေ...၊အခုဒါကိုဘာဖြစ်လို.ကျွန်တော်ထုနေတယ်ဆိုတာမန်နေဂျာဂူသဘောပေါက်သွားပြီ"
" မပေါက်ပါဘူး၊ဘာလဲ"
မန်နေဂျာဂူကတကယ်မသိသိမျက်နာနှင့်ဖြစ်သည်။လီဆာကတော့သူ.စကားထဲမှာပါသွားကိုအစပြန်ကောက်၍.....
" မမမျက်နှာလေ...၊အဲဒီတိုင်းပဲမဟုတ်ဘူးလား"
" ဟာ......လုံးဝမဟုတ်ဘူး၊ ဒါတော့ မင်းတရားလွန်တာ "
" ဘာလွန်တာလဲ "
" မမက ကျက်သရေရှိတာ၊ တည်ငြိမ်တာ၊တင်းပြတ်နေတဲ.မျက်နှာလုံးဝ မဟုတ်ဘူး"
လီဆာက ရုပ်တုလေးကိုခုံပေါ်လှမ်းတင်ပြီး ပြုံးနေသည့်မျက်နှာနှင့် အေးစက်စက်စိုက်ကြည့်သည်။
ပြီးမှ ခေါင်းတညိတ်ညိတ် ဖြစ်လာရင်း.....
" မိန်းမတစ်ယောက်ကဘယ်လောက်ထိမကြောက်တက်မှာလဲ၊အသွေးအသားရှိနေလျက်နဲ.နာတာကို မနာသလို၊သိတာကိုမသိသလိုမျိုး.."
....
" ဒါပေမယ့် ဘာတစ်ခုမှဟန်ဆောင်မျိုသိပ်နေတာမဟုတ်ပြောပြီးခဏတိတ်ကျသွား၏။စီးကရက်ထုတ်၍မီးညှိလိုက်သေးသည်ပြီးမှနူတ်ခမ်းမှာကပ်၍
ဖွာရှိုက်ရင်း၊သူတကယ်ကိုမကြောက်တက်တာ...."
" မမလား...."
" ဟုတ်တယ်...၊အကြီးအကျယ်တွေဖြစ်အောင် ကျွန်တော်ပုံကြီးချဲ.ပြောနေတာမဟုတ်ဘူး၊မြင်နေတွေ.နေရတာကို မကျေမနပ်ဖြစ်လာခဲ.တာ၊မိန်းမတစ်ယောက်ဖြစ်ပြီးမိန်းမလိုမဖြစ်တာ၊ဒါကို တမင်တကာလို.စွပ်စွဲကြည့်...."
မန်နေဂျာကတော့ နားမလည်သည့်အကြည့်တွေနှင့်ဘာမှမပြောဘဲနေ၏။ဒီနေရာလေးက ရေတံခွန်လေးရှိနေသည့်စက်ရုံ၏နောက်ဖေးမှာဖြစ်သည်။
နားနေခန်းသပ်သပ် မဟုတ်ပေမယ့် ဒီနားကိုအလုပ်သမားတွေလာနေခွင့်မရှိ။ဖြတ်သန်းသွားရင်းငဲ.ကြည့်ခွင့်ရတာနှင့်တင်ကြည်နူးချမ်းမြေ.ဖို.ကောင်းအောင် ဖန်တီးထားတာဖြစ်သည်။
လီဆာကတော့ ကြည်နူးချမ်းမြေ.ဖို.အတွက် ဖန်းတီးနေတာမဟုတ်ဘဲကြည်နူးစရာတွေအပေါ်မှာ မကျေနပ်ခြင်းတွေအပိုဆောင်းလျက်....
" ကျွန်တော်ပြောတာ ခင်ဗျားသဘောပေါက်ရဲ.လား မန်နေဂျာ ဂူ "
" မပေါက်လို. တစ်ခွန်းမှဝင်မပြောနိုင်ဘဲ ဖြစ်နေတာပေါ.၊ ဘာဖြစ်တာလဲမကြောက်တက်တာဟာ တစ်နည်းအားဖြင့် ကောင်းတာပဲ မဟုတ်ဘူးလား "
" ကိုယ်နဲ.တော့ မဆိုင်ပေမယ့် သဘာဝမကျဘူးဆိုတဲ. အသိကတော့ ရင်ထဲမှာ ကျန်ရစ်နေခဲ.တယ် "
မန်နေဂျာဂူညက ခေါင်းညိတ်၏။
" ဒါပေမယ့် ကျွန်တော်စကားတွေကို ခင်ဗျားနားလည်မှာ မဟုတ်ပါဖူး၊တစ်ခုတော့ရှိတယ်နော်၊ဒီပုံတူကျွန်တော်ထုတာကိုတလွဲတော့မတွေးနဲ.၊မရိုးသားမူ လုံးဝမပါတဲ. သမိုင်းတင်ရုပ်ကြွင်းတစ်ခုလိုရင်ထဲမှာနားမလည်နိုင်တာတွေကိုစုစည်းတင်ပြထားတာ.."
မန်နေဂျာက ပြုံးသည်။လီဆာကမမြင်သလိုနေလိုက်၏။ရင်ထဲမှာလေးလံမွန်းကျပ်နေစေသည့်အရာဝတ္တုပစ္စည်းတစ်ခုခုကိုဆွဲထုတ်ယူပစ်လိုက်သလို ပေါ.ပါးကျန်ရစ်တာတော့အမှန်ပင်..။
ထိုနေရာမှထတော့ ရုပ်တုကိုကောက်ယူလာခဲ.ပြီးနားခန်းထဲမှာထည့်သိမ်းခဲ.သည်။သူသိတာကဒါက ....ရင်ထဲကထုတ်ပစ်လိုက်တဲ့
အမှိုက်စတစ....
.
မူရင်းဝတ္ထုကိုမှီငြမ်း၍
Blackpink Paradise Myanmar မှ
Admin Pink ရေးသားပုံဖော်သည်။
.
.
.
.
#BLACK
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Zawgyi font

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Donde viven las historias. Descúbrelo ahora