မာနများရောင်းရန်ရှိသည်(အပိုင်း ၆)

228 21 0
                                    

Unicode Font

မာနတွေရောင်းရန်ရှိသည်  (အပိုင်း၆)

မာနတွေရောင်းရန်ရှိသည်
်အခန်း (၆)
စက်မှုဇုန်ထဲကိုဒီလောက် သွားနေရသလားလို.တွေးမိခဲ.ဖူးသည်။မသိပေမယ့်မေးမကြည့်ဖူးပါ၊ခုကျမှသိရသည်။
သံထည်ပစ္စည်းစက်ရုံထူထောင်ထားတယ်တဲ.၊
စိတ်ထဲမှာတော်တော်လေးချဥ်သွားမိသည်။စက်ရုံကိုကိုရောက်တော့သူကားပေါ်ကမဆင်းပဲဒီအတိုင်းနေလိုက်၏။ဂျန်းနီကလဲမခေါ်ပါ၊ပြန်တော့လို့လဲမပြောပဲဒီတိုင်းဆင်းသွားသည်။ဂျပန်ကီမိုနိုအပွင့်နှင့်အနီရောင်အပါးလေးကိုလက်ရှည်လေးဝတ်ထား၏။
တင်ပါးနားထိရှည်သောဆံပင်တွေကအမြဲတမ်းဖြန်.လျှက်သား...။ဘီးကုပ်လေးနှင့်နဖူးလေးမှာပြောင်းရှင်းနေအောင်သိမ်းတင်ထားတက်ပြီးတစ်ခါတစ်လေကျတော့နားသယ်စပ်နှစ်ဖက်ကိုပဲဘေးထိုးကလစ်တွေနှင့်ညှှပ်တင်ထားတာလည်းရှိသည်။
ဘာပဲဖြစ်ဖြစ် သူမမျက်နှာမှာရင့်ကျက်မှုတွေရှိမနေပါ။သိပ်ကိုခန့်ချင်တော့လည်းအကျီ့်ရင်စေ့တွေ၊လက်ရှည်တွေပဲဝတ်ပေမပေါ.။
တင်းပြည့်သွယ်လုံးသည့်နောက်ကျောပြင်လေးကိုကြည့်၍စိတ်ထဲမှာကဲ.ရဲ.ခြင်းတွေဖြစ်ပြီးမှမျက််နှာလွှဲမိသည်။မျက်လုံးတွေကစက်ရုံဝင်းကြီးထဲကိုလျှောက်ဝေ.ကြည်နေမိ၏။စီးကရက်မီးခိုးငွေ.တွေကိုသာသာလေးမှုတ်ထုတ်​ရင်းဒီဘက်လှည့်လိုက်တော့ ဂျန်းနီနှင့် ယောကျာ်း
ကြီးသုံးယောက်စက်ရုံထဲကထွက်လာကြတာမြင်ရသည်။စက်ရုံကြီးကအသစ်ကြီးဖြစ်ကာအထဲမှာလည်ပတ်နေပြီလား၊မလည်ပတ်သေးဘူးလားမသိ။တော်တော်ကြီးကြီးကျယ်ကျယ်ထူထောင်ထားတာကသေချာသည်။
ဒီလူတွေကိုကြည့်၍တွေးမိတာကမကြာခင်ဂျန်းနီကင်မ်နားကထွက်ခွာပေးရတော့မှာကိုဖြစ်သည်။
လုပ်ငန်းတခုထူထောင်ပြီဆိုရှယ်ယာဝင်တွေနှင့်အင်အားအရင်စုသည်။အခြေတကျဖြစ်ပြီး၊သူမနားလည်ပြီဆိုတစ်ဦးပြီးတစ်ဦးဖြုတ်၏။ဂျန်းနီကင်တို.ရာဇဝင်ကိုကတစ်ဦးတည်းရပ်တည်နိုင်သမျှဘယ်နေရာမှဗိုလ်မထားခဲ့....။သူကူရှင်မှာမျက်နှာမော့လှန်ပြီးစီးကရက်သောက်နေစဥ်တံခါးပိတ်သံ.ငြိမ်.ခနဲ.အသိကြောင့်မျက်လုံးတွေပွင့်သွား၏။
"စီးကရက်နံ့တွေ "
"ဒီအတိုင်းပဲနေချင်လို.လေ၊အောက်မှာဆင်းနေစေချင်ရင်ထိုင်စရာရှာပေးခဲ. ပါလား......"
"သိပြီမင်းကယောကျာ်းပျင်းကျောခင်းဆိုတဲ.အစားထဲကပဲ..."
"မကဖူး၊ စီးကရက်ပါကြိုက်သေးတယ်......"
ဂျန်းနီမျက်နာလေးတည်သွားပြီးသူ.ကိုမှန်ထဲကနေကြည့်သည်။
သူကလဲပြန်စိုက်ကြည့်သည်။
" ဘယ်ကိုမောင်းမှာလဲ၊သွားစရာတစ်ခုရှိသေးတယ်..."
" ကျွန်တော် လာခဲ.တာ၊ဖုန်းဆက်တဲ.ကိစ္စတစ်ခုအတွက်ပဲ၊ကျန်တာဆောရီး..."
ကားကို လာလမ်းအတိုင်းပြန်ဝိုက်၏ ဂျန်းနီ ဘာမှမပြောဘဲနေလိုက်ပေမယ့်ပေါင်ပေါ်မှာတင်ပြီးဆုပ်ကိုင်ထားသည့်ဖိုင်က လက်ထက်မှာ ထအော်တော့မတက်ဖိချခံနေရ၏။လာလီဆာ..၊မင်းလွတ်လပ်သလို ပြောနိုင်ပါတယ်၊ငါဟာမိဘရဲ.အမှားတခုကိုကြိုတင်သိရှိထားခဲ.ရပြီး မလွန်ဆန်နိုင်ခဲ.တဲ.နောက်....။

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Onde histórias criam vida. Descubra agora