မာနများရောင်းရန်ရှိသည် (အပိုင်း ၂၇)

184 17 1
                                    

Unicode

မာနများရောင်းရန်ရှိသည်
အခန်း(၂၇)
“ဘယ်ကိုမောင်းရမလဲ ဂျန်းနီ”
“ကန်သာယာဟိုတယ်”
“ဘာလုပ်မလို့လဲ”
ကားမောင်းနေရင်းဂျူ‌ဟော့ကပြန်ငဲ့မေးသည်။
“ရှင် စိတ်စနိုးစနောင့်ဖြစ်နေမှာစိုးလို့ပါ၊လီဆာတို့စုံတွဲနဲ့အတူတူဒိတ်လုပ်ထားတဲ့ရက်ကိုပြန်ဖျက်မလို့”
“ဘာ...”
ဂျူဟော့ကကားကိုလွတ်သည့်နေရာမှာခဏချရပ်ကာ.......
“ဒါမျိူးတွေကရေးလိုက်ဖျက်လိုက်လုပ်တိုင်းမကောင်းဘူးလေပြီးတော့....”
“ဟုတ်ပါတယ်၊ဂျန်းနီကလေးဆန်ဆန်တွေလုပ်ခဲ့မိတာပါ၊ဒါပေမယ့်အခုက.....”
“ရပါတယ်၊ကိုယ်ဘာမှမဖြစ်ဘူး၊ထားလိုက်.......ပြီးတော့မှနောက်ထပ်ရက်သတ်မှတ်မယ်၊ကြီးကျယ်ခမ်းနားဖို့တွေရှိသေးတယ်အဲဒါတွေအတွက်ကိုယ်အချိန်မပေးနိုင်ဘူးလေ”
“ဂျန်းနီကရောအားနေလို့လား”
“ဟုတ်ပါတယ်၊မင်းလဲမအားတဲ့လူပါ၊ဒါကြောင့်ထားလိုက်လို့ကိုယ်ပြောနေတာပေါ့၊အားလုံးကလေးတွေမှမဟုတ်ကြပဲရယ်စရာတွေဖြစ်ကုန်မှာပါ၊ကိုယ်တို့လဲရိုးသားခဲ့ကြတယ်လေ”
မချောပေမယ့်တည်ကြည်ခံ့ညားမူနှင့်ကြည့်ကောင်းနေသောဂျူဟော့မျက်နှာကိုဂျန်းနီကြည့်သည်။
စိတ်ထဲမှာတော့ထိုယောကျာ်းအတွက်ကရုဏာစိတ်တွေဖြစ်မိပါသည်။
ဒါပေမယ့်ဒါထက်တော့မပိုဘဲရှိ၏။
“ဒါဆိုဒီနေ့ဖိတ်စာတွေရွေးဖို့ဟာမရွေးတော့ဘဲဖျက်ဖို့ရွေ့ဖို့အစီစဥ်တွေနဲ့ကိုယ့်ကိုခေါ်ပြီးထွက်လာတာပေါ့”
“ဟုတ်တယ်”
“ဂျန်းနီရယ်”
ဂျူ‌ဟော့ကဂျန်းနီလက်ဖဝါးလေးတစ်ဖက်ကိုဆွဲယူလိုက်၏။ပြန်ရုန်းမှာကိုသိနေတာမို့တစ်ခါတည်းဖိဆုပ်ထားလိုက်ကာ.......
“မင်းကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်ကမြန်လေကောင်းလေပဲဂျန်းနီ”
“ဘာဖြစ်လို့လဲဆိုတော့မင်းကောင်လေးရဲ့မျက်ဝန်းထဲမှာကိုယ်မြင်နေလို့”ဆိုသည့်စကားကတော့ရင်ထဲမှာအသံတိတ်ဖြစ်ကာ.........
“မင်းကသိပ်ကိုကျက်သရေရှိတယ်၊ပြီးတော့စိတ်ဓာတ်မာကျောတယ်၊ဘာအကြောင်းကြောင့်ပဲကိုယ့်ဘက်ကိုယိမ်းယိုင်လာတာကိုယ်ကတော့ယူထားရမှာပဲ”
ဂျူဟော့ကသူ့ဟာသူပြောပြီးသဘောကျသလိုပြုံးလိုက်ကာ.....
“ကိုယ်တို့အသက်တွေကအချိန်တန်တဲ့အရွယ်ကိုရောက်နေပြီဒါပေမယ့်စိတ်ကြိုက်ရွေးပါလားဆိုရင်ရွေးဖို့လဲစိတ်မဝင်စားသလိုစိတ်ဝင်စားချိန်လဲမရဘူး”
“ဒါကြောင့် ရတုန်းယူထားတာလား”
“မှန်တယ်၊ဒါပေမယ့် အဖိုးထိုက်အဖိုးတန်မို့လက်လွှတ်မခံနိုင်တာ၊မင်းလောက်မဟုတ်ရင်တောင်မင်းထက်မလျှော့
တဲ့မာနတွေကိုယ့်မှာရှိတယ်ဂျန်းနီ......၊ချောတဲ့မိန်းမတိုင်းကို မျက်စိကျတဲ့အထိကိုယ်မနိမ့်ဘူး”
ဂျန်းနီက နူတ်ခမ်းတွန့်ရုံလေးပြုံးပြီးကိုင်ထားသည့်သူ့လက်ကိုဖယ်ချလိုက်သည်။
“ဘာမှပြင်ဆင်နောက်ဆုတ်ဖို့ မလို့တော့ဘူးဆိုတော့ပြန်ကြမယ်”
“တစ်နေရာသွားပြီးတစ်ခုခုစားရင်းခဏအချိန်ဖြုန်းရအောင်ကွာ၊လက်ထက်ဖို့နီးလာနေတာကသပ်သပ်၊ချစ်နေရတဲ့အချိန်လေးမှာသာယာကြည်နူးချင်တာကသပ်သပ်စီပါ၊လက်ထပ်တော့မှာပဲဆိုပြီးမင်းကိုယ့်ကိုရှောင်ဖယ်ချင်တာတွေကိုယ်သိတယ်”
“မဟုတ်ပါဘူး၊ဒီလိုအချိန်တွေမှာ မှာယွင်းတက်လို့”
“အဟွန်း......၊စကားတက်တိုင်းရှောင်တတ်လိုက်တာကွာ၊ဒီလိုအမှာမျိုးမင်းဖြစ်ဖို့ဘယ်လိုမှမနီးစပ်ပါဘူး၊ကိုယ့်မှာ
ပခုံးစွန်းကလေးလက်ဖဝါးလေးကိုထိကိုင်ဖို့တောင်မနည်းကြိုးစားနေရတာ”
“ဂျူဟော့ ကလဲ”
ဂျန်းနီပါးပြင်လေးနီသွားလျက်.......။
“အဲဒီလိုရှက်စရာတွေမပြောပါနဲ့”
ကဲ........ဂျူ‌ဟော့မျက်ခုံးနှစ်ဖက်ပင့်တက်သွား၏။ပြဿနာပါလား၊မင်းဘယ်လိုရှေ့ဆက်မလဲဂျူဟော့...။

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Where stories live. Discover now