Unicode Font
မာနများရောင်းရန်ရှိသည်
အခန်း ( ၁၃. )
ရည်းစားနှင့်ဖြတ်ရခြင်းဟာ ဒုက္ခလား၊ဒေါသလားတော့ မသိသူကတော့ ဘာမှန်းမသိသည့်ခံစားချက်တွေနှင့်စီးကရက်ဖိသောက်နေတာအနားမှာစီးကရက်တိုပေါင်းများစွာဝပ်စင်းခံစားလျက်ရှိ၏။
ပန်းပုထုနေသည့်အသံတွေနားထဲမှာဝင်နေသည်။သူရှိနေလို.သီချင်းသံကိုတိုးတိုးညက်ညက်လေးဖွင့်ထားပေမယ့်ကြားနေရ၏။
ပိုဆိုးတာက ယွန်းမေးသွားတဲ.မေးခွန်းတွေကိုပြန်ကြားနေခြင်း...။
" ယူက စကားမှားခဲ.ရင်ခနဲ.တက်တဲ.သူ၊အဲဒါကြောင့်တည့်တည့်ပဲမေးတော့မယ်၊ယူတို.နဲ.တိုက်ချင်းကပ်လျက်မှာအပျိုကြီးတစ်ယောက်နေတယ်ဆို..."
" ပိုင်ဆိုင်မူတွေက ဘယ်လိုရှိနေကြတာလဲ၊ဒါကမမေးမဖြစ်တဲ.ကိစ္စပဲလီဆာ၊မေမေကတော့မိဘပီပီသမီးကိုတင့်တယ်စေချင်တာပဲ၊တို.ကတော့အပျိုကြီး "မမ "ဆိုတာကိုတွေးပူခဲ.တယ်၊တစ်ခါတစ်ခါယူပါးစပ်က "မမ" လို.ခေါ်လိုက်တာတွေသတိထားမိတယ်၊အဲဒီ အပျိုကြီးကဘယ်အသက်လဲ၊ဘယ်လိုပုံစံလဲ၊ဘာမှမတော်ကြဘဲနဲ.အတူကပ်နေကြတော့ဘယ်လောက်ရင်းနှီးနေကြလဲ..၊"
တအုံးနွေးနွေးနဲ.တွေးမနေချင်ဘူးကွာ၊ယူပိုင်ဆိုင်တာနို.ဆီခွက်တစ်လုံးပဲဖြစ်ဖြစ် တခြားသူတစ်ယောက်နဲ.ပတ်သက်မနေရင်ပြီးတာပဲ၊တို.ပူနေတာပိုင်ဆိုင်မူအဓိကမဟုတ်ဘူး၊ပတ်သက်မူ.၊အဲဒါကိုနားလည်ပါလီဆာရယ်...."
"မင်းကိုနားမလည်တော့ဘူး လီဆာ၊ရန်ကုန်တစ်မြို.လုံးမှာစီးကရက်တွေ အများကြီးရှိသေးတယ်၊တော်ပြီလား"
" ဟင်! "
အတွေးတွေကိုဖျက်ဆီးပစ်လိုက်တာ နားထဲကိုဗုံးကွဲသွားသလိုပင်..။
" ဘာကိစ္စရှိလို.လဲ"
ဒရင်းဘက်တစ်လုံးနှင့်ကျကျနနတွေးနေတုန်းမို.လီဆာမျက်နှာတင်းသွားသည်။မထချင်ထချင်နှင့်ငုတ်တုတ်ထတိုင်လိုက်တာကိုဂျန်းနီကလက်ပိုက်လေးရပ်ကြည့်နေကာ
"ကိစ္စရှိလို.မဟုတ်ဖူး၊သစ်စက်ကိုငါ.ကိစ္စနဲ.ငါလာတာ၊ဒီဘက်မှာပစ္စည်းတင်ထားတဲ.ကားကြီးကျောက်ချနေတာမြင်လို."
အဲတာဘာဖြစ်လို.လဲဆိုသည့်မျက်လုံးတစ်ချက်ဝေ.လာ၏။လီဆာမျက်နှာသည်ဆံပင်တွေကိုအပြောင်းသိမ်းလှန်ဖြီးကာတိုတိုရှင်းရှင်းပုံနှင့်မျက်ခုံးတွေကိုတွန်.ထားတတ်တာပုံသေဖြစ်နေ၏။
ထို.ကြောင့်သူမျက်နာကခက်ထန်နေတက်တာလည်းရှိကာဘယ်လိုမှလည်းလူမွန်နှင့်မတူ။မျက်လုံးချင်းဆုံသည်နှင့်မကျေလည်ခြင်းတွေနှင့်သူထက်ငါစစ်ခင်းလျက်..။
" ပစ္စည်းတွေသွားပို့မှာမဟုတ်ဘူးလား၊မင်းပခုံးနဲ.ထမ်းပြီးသွားပို.ရမှာမဟုတ်ဘဲလက်မှတ်လေးတစ်ချက်နဲ့တင်ပြီးလွှတ်လိုက်ရမှာကို"
" အဲဒါ မမ အလုပ်မဟုတ်ပါဘူး၊ ကျွန်တော်ကိစ္စကျွန်တော်သိတယ်"
" မင်းကငါ.အလုပ်မဟုတ်ဘူးပြောလဲ ငါကတော့တစ်ပြေးညီးတည်းလို.ပဲသတ်မှတ်ထားတယ်"
အနာပေါ်တုတ်ကျသလို လီဆာ ဆတ်ခနဲ.ဖြစ်သွား၏။
မော.ကြည့်နေရသည့်အဖြစ်ကိုမလိုလားစွာသူမရှေ.မှာထရပ်လိုက်ပြီးဖြစ်ကာ........
" ဘာဖြစ်လို.အဲဒီလို သတ်မှတ်တာလဲ"
"တစ်အိမ်တည်းနေကြတာမို့လို.လေ၊ပြီးတော့အန်ကယ့်အလုပ်ကငါ့အလုပ်ပဲ၊ ကိုယ်လိုအပ်တာကျတော့လာပါကူပါနဲ.တွဲခေါ်ခဲ.ပြီးသူဘက်ကျမှမသိသလိုနေလို.မရဘူး"
"ဒီလုပ်ငန်းတွေကိုဖေဖေကတစ်ချက်တောင်လာကြည့်ခဲ.တာမဟုတ်ဘူး၊မမ နေတက်သလိုမနေရင် ကျွန်တော်ကလဲမယဥ်ကျေးတက်ဘူး"
" မင်းလူလိမ္မာမဟုတ်မှန်းငါသိသားပဲ၊ဒီနေရာမှာပိုင်ဆိုင်မူတွေလာရွတ်ပြမနေစမ်းပါနဲ.ကွာ၊ဒီမှာငါတောင်မှငါလုပ်နေတဲ.လုပ်ငန်းတွေကိုခုချိန်ထိမပိုင်ဆိုင်သေးဘူး"
လီဆာအံ့သြောသွားသည်။တစ်ဦးတည်းသောသမီးကမိဘတွေမရှိတော့သည့်နောက်မှာကျန်ခဲ.သမျှကိုပိုင်ဆိုင်ရမှာပဲမဟုတ်ဘူးလား...။
"အဲဒီတော့လက်ရှိလုပ်နေတဲ.အလုပ်မှာစေတနာထားရမယ်၊မင်းဘာဖြစ်လို.အလုပ်ကိစ္စတွေပြောတိုင်းပိုင်ဆိုင်မူတွေထည့်ပြောနေရတာလဲ လီဆာ...."
လီဆာမျက်နာရဲခနဲဖြစ်သွား၏။ဂျန်းနီကသံမံတလင်းပေါ်မှာဒီအတိုင်းပစ်ချထားသည့်စီးကရက်တိုတွေကိုခပ်မဲ.မဲ.လေးငုံကြည့်ကာ...
" အခု ငါ.အလုပ်တစ်ခုကမင်းနဲ.လက်တွဲထားရတော့ပိုလိုတယ်၊အသည်းကွဲနေရင်လဲအလုပ်လုပ်ရင်းကွဲလို.ရတယ်၊ဘိန်းစားလို ပျော.ဖက်မိန်းမောနေတာ ယောကျာ်းမဆန်ဘူး"
ပြောချင်ရာပြောပြီးလှည့်ထွက်သွား၏။လှမ်းဆွဲထားရအခက်၊ပြေးကန်ပစ်လို.လဲမတော်....။တော်တော်ကြာမှ တက်ခေါက်ဖို.ကိုသတိရ၏။သူ.မှာ ဒီမိန်းမရှေ.ရောက်တိုင်း ဘာမှမဟုတ်တဲ.ကောင်....။
ESTÁS LEYENDO
Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)
Romanceတစ်ခါတစ်ရံ အချစ်ဆိုသည်မှာ..................