မာနများရောင်းရန်ရှိသည်(အပိုင်း ၉)

200 22 0
                                    

Unicode font

မာနများရောင်းရန်ရှိသည်
အခန်း ( ၉)
" မေမေကြီး ဟိုဘက်မှာ ဧည့်သည်ရောက်နေတယ် "
" ဟေ "
ဂျန်းနီရဲ့အိမ်ဖော်ကောင်မလေး ရောက်လာတော့လီဆာမေမေ စားပွဲတင်ပန်းအိုးလေးကို လှပအောင်​ပြုပြင်နေရင်း မော့ကြည့်မိသည်။
" ဘယ်သူလဲ မိသီ "
" အိုပါး လီဆာရဲ. သူငယ်ချင်းလို.ပြောတယ်၊ မေမေကြီးကိုလဲမေးနေလို. ကျွန်မ ဒီဘက်လွှတ်လိုက်ရမလား "
" အေး..အေး လွှတ်လိုက် "
မိသီပြန်ထွက်သွားပြီး သိမ့်မကြာလိုက်ခင် တခါးပိတ်သံရော စက်နှိုးသံရော ကြားလိုက်ရကာ အိမ်ရှေ.ကို ကားအနက်လေးတစ်စီးထိုးရပ်လာ၏။ကားလမ်းက ခြံထဲမှာပဲ ဝလုံးပုံစံရှိနေသဖြင့်ခြံပြင်ကိုထွက်ထွက်ဝင်ဝင်အားလုံးအဆင်ပြေနေသည်။
ဧည်.သည်ကဟိုဘက်မှာမေးပြီး ဒီဘက်ကိုဆက်မောင်းလာတာဖြစ်မည်။အိမ်ထဲကနေလှမ်းကြည့်နေဆဲမှာကားပေါ်ကဆင်းလာတာကမိန်းကလေးဖြစ်နေသဖြင့်လူကိုမမှတ်မိသေးမီ တွေးလိုက်မိတာက ဂျန်ယွန်းန...။
" အန်တီ နေကောင်းတယ်နော် "
" ဟင် သမီးက...."
" ယွန်းယွန်းလေ... ၊ သမီးနဲ.ပြန်ဆုံနေတာကို လီဆာကပြောပြမထားဖူးလား "
" သြော် "
လီဆာအမေက ခုမှမှတ်မိသလိုပြုံး၍ တခါးဖွင့်နေရင်း...
" ပြောပါတယ်ကွယ်...၊လူကိုတော့ခုမှ မြင်တာတောလေ၊အန်တီက အသက်အရွယ်တွေကိုတွက်ကြည့်ပြီး သမီးကိုယဥ်ယဥ်ခန်.ခန်.လေးလား ၊မရိုင်းမယဥ်လေးလားလိုမှန်းထားတာ "
" ဟင်.. ဒါဆိုသမီးက ကလက်နေတယ်လို.ပြောလိုက်တာလား"
အထဲကိုဝင်လာရင်း ယွန်းက ဟီးလ်ဒေါက်ကြီးနှင့်ဖိနပ်ကိုငုံလျက်နှုတ်ခမ်းစူသည်။သူမဝတ်ထားတာကလည်ကပ်ကိုယ်ကျပ်အကျီအနီရဲရဲနှင့်ဂျင်းအနက်ရောင်ဘောင်းဘီရှည်၊ပြီးတော့ ခရုအကွက်တွေနှင့် ကျောက်သီးတွေပါသောပုတီးရှည်ကြီးကို ဆွဲထားသေးသည်။နားဆွဲကအစဆွဲကြိုးနဲ.ဆင်တူ..။
တစ်ကိုယ်လုံးလှုပ်ခါနေတဲ.အတိုင်းဝတ်ထားသည့်ပစ္စည်းနှင့်ရူပ်ယှက်လတ်နေ၏။ဘယ်လို
အဓိပ္ပါယ်နှင့်ပြောလိုက်တာမှန်းသိပါစေ၊မြင်သာပါစေ...၊ရေရွတ်သံများကိုပင့်သက်ရိူက်၍ရင်ထဲမှာပဲသိမ်းထားလိုက်ကာ..
" မဟုတ်ပါဘူး၊ သမီးကခုလိုကျတော့လဲ သွက်သွက်လက်လက်ချစ်စရာပုံလေးပေါ.၊ သားနဲ. ချိန်းထားတာကြတာလား ၊ သား အန်တီကို ဘာမှမှာမသွားလို. "
" ဟင်.အင်း မချိန်းပါဘူး..၊ သမီးက တမင်ရှာဖွေပြီးလာတာ "
သားဘဝပြောင်းလဲသွားပြီဆိုတာကိုမယုံကြည်လို.သေချာအောင်လာကြည့်တာမဟုတ်ဖူးလား။လူကြီးမို. လူငယ်တစ်ယောက်ပါးစပ်ဟနေတာနှင့် ဘာကိုဆိုလိုချင်မှန်းသိနေသည်
" ထိုင်သမီး ဘာသောက်မလဲ၊အအေးလား...အပူလား..."
" ရတယ်အန်တီ ရှိတာပဲပေး "
ယွန်းသည် ရင်းနှီးခဲ.ဖူးသူတွေမို.ဂရုမစိုက်တာလား၊ ဟိုတုန်းကတည်းက အထင်သေးစိတ်နှင့်လေးစားမူ.မရှိတာတာလား၊ ဘာမှန်းတော့မသိ...။
ထိုင်ခဲ.လိုက်ပေမယ်. ခေါင်းတခုလုံး ချာလပတ်လည်သွားအောင်တစ်အိမ်လုံးကိုလိုက်မော့ကြည့်သည်။ပြုံးတော့မယ့်နှုတ်ခမ်းလေးမဲ.လိုက် ခေါင်းညိတ်လိုက်နှင့်..။
" တကယ် အဟုတ်ပဲနော် "
" ဘာလဲ သမီးရဲ့...."
အလွယ်တကူရှိသည့်အအေးဘူးတစ်ဘူးနှင့် ဖန်ခွက်ယူလားရင် သူမရှေ.မှာထိုင်လိုက်သည်။
" သြော်...အန်တီတို.အရမ်းပြောင်းလဲသွားတာလေ၊ အန်ကယ်က ကုမ္ပဏီမှာဆို..... "
" ဟုတ်တယ်...၊ ဟိုအရင်ထဲကအန်တီတို.ကနယ်မှာပဲနေတာလေသူကရန်ကုန်မှာလာပြီးတော့သူ့သူငယ်ချင်းနဲ.ဒီအလုပ်ကိုလုပ်တာကြာလာတော့သူ.ကိုယုံကြည်ပြီးအားလုံးလွှဲတဲ.အထိဖြစ်ခဲ.တာပေါ.ကတိသစ္စာရှိတယ်ဆိုရင်တချိန်ချိန်မှာအဲဒီလူဟာသစ္စာတရားရဲ.အကျိုးကျေးဇူးကိုရလာတာပါပဲ"
" အင်း....နော်"
" လူတစ်ယောက်ရဲ.ပစ္စုပ္ပန်အခြေအနေ
ကိုပဲကြည့်ပြီး အထင်မြင်သေးတက်ကြတဲ.လူတွေဆိုရင်တော့ဒါကိုထည့်တွက်ကြမှာမဟုတ်ပါဘူး၊ဘာပဲဖြစ်ဖြစ်ပါ၊ဖိအားတစ်ခုခုရှိနေမှရန်းကြွခြင်းဆိုတဲ.ဂုဏ်သတ္တိတွေဖြစ်လာတာ၊လူတွေအယူအဆအမျိုးမျိုးရှိကြတာမဆန်းပါဘူး "
ယွန်းမျက်နှာလေးပျက်သွားရှာသည်။သားဖက်မှာလဲ သူငယ်ချင်းတစ်ဖက်.မိဘတစ်ဖက်ပါ။
ဟိုးတုန်းကသူငယ်ချင်းမို. သူငယ်ချင်းလိုဝေးကွာခဲ.ကြတာကအတိတ်ဆိုတဲ.တစ်ခန်းရပ်မှာပြီးဆုံးခဲ.ပေမယ် သူငယ်ချင်းမဟုတ်တော့ဘူးဆိုရင်တော့......။
" သမီးက သားနဲ.တွေ့ဦးမှာလား ၊ အန်တီဖုန်းဆက်ခေါ်ပေးမယ်လေ "
ကိုယ်.ကိုပြန်စေချင်တာလားလို.တွေးမိပြီးမျက်နှာကိုအကဲခတ်ရသေးသည်။
" ဟင့်အင်း..၊ဒီကပြန်မှပဲသမီးဝင်တွေ.လိုက်တော့မယ်၊ဒါနဲ.မေးရဦးမယ်၊စပ်စုတာမဟုတ်ဖူးနော်အန်တီ"
" မေးလေ...၊ ဘာများလဲ "
" လီဆာက နှစ်လုံးတွဲတိုက်ဆိုတော့ဆန်းနေလို.တမင်လာကြည့်တာ၊ ဟိုလေ ဝရန်တာခြောက်ခုနဲ.ဆိုလို.ပါ၊အရမ်းလှမှာပဲလို."
" အခု မလှဘူးလား"
" လှပါတယ်၊ ဒါပေမယ့်နှစ်လုံးတွဲဆိုတာကတကယ်ကိုတိုက်နှစ်လုံးပူးနေတာပဲနော် ၊ဟိုဘက်မှာတဦးသပ်သပ်ပေါ.၊ဟုတ်လား"
" လီဆာအဖေရဲ.သူငယ်ချင်းကျေးဇူးရှင်သူဌေးပေါ."
" ဟင်.."
" အစက.ဟိုဘက်တိုက်ပဲရှိတာ၊ နောက်တော့မှ အန်တီတို.အတွက်ဒီဘက်မှာပုံစုံတူထပ်ဆောက်ရင်း နှစ်လုံးတွဲဖြစ်အောင် နည်းနည်းပါးပါးပြင်ဆင်လိုက်တာပေါ."
နည်းနည်းပါးပါးသံယောဇဥ် မဟုတ်ပါလား..။
ပြောလို.သာကြားနေရတာသိပ်မယုံချင်.. ၊ သူငယ်ချင်းမို.ခံစားခွင့်ပေးတာဆိုလည်း ကိုယ်နဲ.တန်းတူရာတူ၊ ပုံစံတူ ဒီလိုလုပ်ပေးတယ်ဆိုတာဖြစ်သင့်တာထက်လွန်နေ၏။
" ဒါဆို သူဌေးက..."
" ဆုံးသွားပါပြီ"
" သြော်....သစ်စက်ကသူဌေးကဦးစီးခိုင်းထားတာလားလား...၊ဟိုအပိုင်....."
" အဟွန်း "
အစကတော့ က္န္ဒြေလေးနှင့်ထိန်းထိန်းသိမ်းသိမ်းမေးနေတာပဲဖြစ်သည်။မေးနေရင်း လောဘတွေတင်လာတော့ယွန်းမျက်နှာလေးစိတ်စောစွာပြုံးတက်ကြွနေတာကို မသိမသာပြုံးမိ၏။
" သစ်စက်တင်မကဘူးဟောဒီသူဌေးထူထောင်းထားသမျှကိုလက်ညိုးထိုးတိုင်းရတယ်၊ဘာဖြစ်လို.လဲဆိုတော့ဟိုတုန်းကတည်းကဒီထက်မကပေးနေတာကိုလီဆာအဖေကမယူခဲ.လို."
လာပြန်ပြီ...၊ယုံတမ်းစကားတွေ...။ယွန်း မအူမလည်လေးပြုံး၍ခေါင်းညိတ်နေရပေမယ့် ဟုတ်ပါ့မလားဆိုတဲ.စိတ်ကလည်းမပျောက်..။
တကယ်ဆိုသူများအတွင်းရေးကိုဒီလောက်ထိမစပ်စုမှန်းယွန်းသိသည်။ဒါပေမဲ.မေ.မေ.အမြင်မှာလီဆာဆိုတဲ.ကောင်လေးကိုအထင်ကြီးစရာလူအဖြစ်မြင်လာစေချင်သည်။
သူမဘွဲ့ရပြီးကတည်းကအိမ်ထောင်ချပေးဖို့ချည်းစီစဥ်နေခဲ.​ေသာ့်မေ.မေ.တွက်ချက်ထဲမှယွန်းအတွက်ဖြစ်သင့်သောအိမ်ထောင်ဖက်ဟာ
ကိုယ့်ထက်အများကြီး မြင့်မားမနေတောင် မနိမ့်ပါးစေရ....။
  လီဆာကို ဟိုတုန်းကနှင့် ဘာမှမဆိုင်တော့သည့် အခြေနေတစ်ခုခုမှာရှိနေမှန်း မေမေ အသိမှတ်ပြုစေချင်သည်။အကယ်၍အချိန်ကာလတစ်ခုမှာ လီဆာဘက်ကဖွင့်ဟလာခဲ.ရင်ဒီတခါတော့ လီဆာကိုသူမမစွန့်လွတ်ချင်တော့ပေ။မေမေစီစဥ်ပေးခဲ.တာတွေကိုငြင်းခဲ.သမျှကိုယ်ကြိုက်နေတာကလည်းတင့်တယ်မြင့်မားတဲ.သူပါဆိုတာကိုပြချင်သည်။
   လီဆာကိုချစ်မိနေတဲ.အပြစ်ကြောင့်ပါ။
  " သူဌေးက မိသားစုတွေကျန်ခဲ.မှာပေါ.၊ အဲဒီလို တစ်ထပ်တည်းဖြစ်နိုင်ပါ.မလား"
" လောကမှာ သူများပစ္စည်းကို လက်ညိုးထိုးပြပြီးကြွားတာလူလိမ်ပဲသမီးရဲ့..၊ အန်တီက လိမ်ပါ.မလား၊သားလေးအတွက်မျက်နှာမငယ်ရအောင် သူ.အဖေ ကြိုးစားခဲ.သမျှအခုသားကိုယ်တိုင်လဲလုပ်ငန်းတွေကိုဦးစီးနိုင်ပြီဆိုတော့သားအတွက်အိမ်ထောင်ဖက်ရွေးတဲ.နေရာမှာမျက်နှာငယ်စရာမရှိတော့ဘူးလို.တော့ထင်ရတာပဲလေ"
" ဟင်..၊လီဆာကိုလက်ထက်ပေးတော့မှာလား"
" အဲလိုလဲ မဟုတ်သေးပါဘူး"
ယွန်းကသက်ပြင်းလေးခိုးချတာကို စိုက်ကြည့်မိသည်ရင်ထဲမှာဒီထက်မကများပြားသောစကားတွေပြောဖို.ရှိပါစေတော့...။
ဒါပေမဲ.အတိတ်ကသားလေးနစ်နာခဲ.ရသမျှအတွက်နည်းနည်းတော့မသမာမှုပြုခဲ.မိသည်။
ကိုယ်လောက် မဟုတ်ရင်တောင်နည်းနည်းဖြစ်ဖြစ်နားကြည်းဘူးအောင်ပါ။
သားအပေါ်မှာဒီမိန်းကလေးမျှော်လင့်လျက်တွေအများကြီးဖြစ်သွားပြီကိုသိလိုက်တော့ကျေနပ်သည်။
အဲလိုဖြစ်စေချင်လို. မျိုသိပ်ချူပ်တီးပြီးအကောင်းဆုံးဆက်ဆံပေးလိုက်တာဖြစ်မှန်းသူမကတော့သိရှာမှာမဟုတ်...။
သဲယောဇဥ်မှာအလျားအနံမရှိပေမယ်. ချစ်ခြင်းမေတ္တာမှာတော့အသွားအပြန်ရှိလိမ့်မည်။ထို.အတူဝေဒ နာတစ်ခု ၏ ဖြစ်စဥ်မှာလည်း အရင်းအမြစ်ဆိုတာရှိတာပါပဲ...။
စိတ်ကူးတွေယဥ်ပေတော့ယွန်း ရေ...၊အရင်းအမြစ်ကို မရှာတတ်သရွေ.ဖြစ်ပျက်သံသရာထဲမှာ မင်းလေးမျှော်လင့်ရင်း၊ကျဆုံးရင်းနှင့်..။

Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)Donde viven las historias. Descúbrelo ahora