Unicode
မာနများရောင်းရန်ရှိသည်
အခန်း(၂၈)
“ဖြစ်ရလေသားရယ်.....၊မင်းကိုမေမေဒီလောက်ထိလုံးဝမထင်မိဘူး”
“ကျွန်တော်.....”
သူရုတ်တရက်ထစ်အသွား၏။ပြီးမှ.....
“ကျွန်တော်လဲအဲဒီလိုစီစဥ်ခဲ့တာမဟုတ်ဘူးမေမေဒါပေမယ့်ဒီတိုင်းပဲ ဖြစ်သွားတယ်၊ဒါတွေကိုသေချာစီစဥ်ပြီး
ဖြစ်အောင်လုပ်ရင်တောင်အလွယ်တကူခေါင်းညိတ်တယ်၊သူ့မိဘကအစကန့်ကွက်သံမထွက်ဘူး...”
“အဲဒီတော့မင်းက ဘာပြောချင်တာလဲ”
“ဖြစ်ချင်လို့ ဖြစ်သွားတာတွေပါ၊ကျွန်တော်ကိုခွင့်လွှတ်ပါမေမေ”
လီဆာမေမေရင်နာသွားသည်။ချမ်းသာတာကိုမက်မောလွန်းလို့မဟုတ်ပါ။ဒီတစ်သက်ဒီဘဝမှာတော့မချို့မငဲ့နေသွားရမှာသေချာပါသည်။အကြီးအကျယ်ချမ်းသာလိုခြင်းကိုဟိုတုန်းကတည်းကခုချိန်ထိလောဘမတက်ခဲ့ဖူးသည့်အတိုင်းဂျန်းနီနဲ့လွဲခဲ့ရလို့ရင်နာကြေကွဲခြင်းမှာလည်းလောဘသက္ကာယကင်းတယ်ဆိုတာကိုယ့်ကိုယ်ယုံကြည်သည်။
စောင့်ရှောက်ရမယ့်ဝတ္တရားတွေပျက်ကွယ်တော့မည်။ပေးခဲ့တဲ့ကတိတွေကျိုးပေါက်ခဲ့ပြီ။ထို့ပြင်လူငယ်ချင်းဖြစ်တဲ့အတိုက်အခံမာနစိတ်တွေနဲ့ဂျန်းနီလက်ထက်ဖို့ချက်ချင်းသေချာသွားတာ၊ဘယ်လိုအိမ်ထောင်ဖက်မျိုးဖြစ်လာနိုင်မလဲ။
အတိုက်အခံတွေလုပ်ကြပါလားဆိုလျှင်တကယ်တမ်းမှားသွားကြပြီဆိုလည်းကိုယ့်သားကတော့သားမို့ထားလိုက်နိုင်တာတွေရှိသည်။
ဂျန်းနီအတွက်ဒုက္ခသောကတွေဖြစ်လာခဲ့ရင်ဘယ်လိုပါဝင်ကူညီမလဲ။မျက်ဝန်းမှာမျက်ရည်တွေပြည့်တက်လာတဲ့
အထိရင်ထဲမှာပူလောင်သွားတာဂျန်းနီအတွက်ချည်းပဲဖြစ်သည်။
“မင်းသိပ်မိုက်တဲ့သား......၊ဂျန်းနီကို မင်းအတိုက်အခံတွေလုပ်နေခဲ့တာဘယ်လိုအမုန်းတွေကြောင့်လဲ၊ဘာမကျေ
နပ်စရာတွေရှိခဲ့တာလဲ၊ငါ........ငါဘယ်လိုမှတွေးလို့မရဘူး”
“မဟုတ်ဘူးမေမေ......၊မုန်းလွန်းလို့ဖြစ်ကုန်တာမဟုတ်ဘူး၊ဘာဖြစ်လို့မှန်းကျွန်တော်ကိုယ်တိုင်လဲမသိဘူး
ကျွတ်.......တကယ်ပါမေမေရာကျွန်တော်......”
အထပ်ထပ်ဘယ်လိုရှင်းပြရမှန်းမသိတော့ဘဲကျွတ်ခနဲဆံပင်ဆွဲဖွမိသည်။
“ဒါတွေမင်းအဖေသိရင်ခွင့်လွှတ်မှာမဟုတ်ဘူး၊မိဘကိုတစ်ချက်မှအသိမပေးခဲ့ဘဲ၊ဘာလဲ.....မင်းကငါ့လုပ်ငန်းနဲ့ငါ့ဝင်ငွေနဲ့ဆိုပြီး”
“ခက်တော့တာပဲဗျာ၊ဘယ်လိုရှင်းပြရမှန်းမသိတော့ဘူး၊မေမေ့ကိုအသိပေးဖို့ဟာမေမေကနေမကောင်းသလိုလိုစကားမပြောချင်တာလိုလိုနဲ့ကျွန်တော့်ကိုမျက်နှာချင်းမဆိုင်ဘဲနေတာဘယ်လောက်ကြာပြီလဲ”
“ဘယ်လောက်ကြာကြာမိဘကိုသားသမီးကမာနပြိုင်စရာလား၊ပြောရေးရှိကပြောရမယ်တဲ့၊ဘာအကြောင်းရှိရှိဘယ်သူနဲ့ဖြစ်ဖြစ်ပြောသင့်တာကိုမင်းပြောကိုပြောရမှာ”
“အဲဒီရက်တွေတုန်းကလဲမေမေစကားမပြောလို့တမင်မပြောဘဲနေတာမဟုတ်ပါဘူး၊မပြောဖြစ်ခဲ့ရင်းကနေမမနဲ့အဲဒီလိုစကားတွေကျွံကုန်တော့မေမေ့ကိုမပြောရဲတော့ဘူး၊ပြောပြီးတာကိုဖြစ်အောင်လုပ်ဖိုပဲစိတ်ထဲမှာဖြစ်ပြီး......”
“တော်တော့”
မေမေမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေတာကိုသူစိုက်ခနဲ့ကြည့်ပြီးရူံ့ရူံံ့မဲ့မဲ့နှင့်မျက်နှာလွှဲသည်။သူရင်ထဲမှာတောင်ဘာတွေဖြစ်နေမှန်းသူ့ကိုယ်သူမသိ......။
ချစ်သူနဲ့လက်ထက်ရဖို့ဘာအခက်အခဲမှမရှိဘဲမြန်မြန်ဆန်ဆန်ကြီးထဖြစ်လာတာကိုဝမ်းသာပါလား၊အပြိုင်အဆိုင်အနိုင်လုကြတဲ့ပန်းတိုင်ကိုယ်နောက်မကျဘူးဆိုတဲ့အဖြစ်ကိုကျေနပ်လိုက်ပါလား”
သူ့မှာပျော်လည်းမပျော်လည်းမပျော်နိုင်၊ဝမ်းသာခြင်းလဲမဖြစ်၊မိဘကမကြည်ဖြူတာကိုနောက်ဆံတင်းနေ
သည့်စိတ်လားဒါမှမဟုတ်ဝမ်းသာလွန်းပြီးမယုံရဲနိုင်ဖြစ်နေတာလား.....။
ယွန်းကတော့သွားလာဝယ်ခြမ်းရင်းအစီအစဥ်တွေ၊စိတ်ကူးတွေကိုရေရွတ်၍ပြုံးပျော်နေတာတွေ့သည်။
“မင်းတိုကိစ္စယွန်းအမေကကျေနပ်သွားပြီပေါ့”
မေမေကောက်မေးလိုက်တော့ခပ်ငေါ့ငေါ့လေသံမှန်းသူသိသည်။မျက်လွှာချနေလိုက်ပေမယ့်ဟွန့်ခနဲ့ခနဲ့
အသံကိုတော့ကြားလိုက်သေးသည်။ပြီးတော့.......
“ဒါပေါ့လေ......လီဆာရဲ့သမိုင်းသစ်ကိုသူမြင်သွားပြီကိုး၊ဒီမှာလီဆာမင်းလုပ်နေတဲ့စီးပွားဥစ္စာတွေ၊ဘဏ်မှာ
ရှိသမျှငွေတွေအို.......အာလုံးပဲကွာ၊ငါတို့မှာမင်းတစ်ယောက်ပဲသားရှိတဲ့အတွက်အကုန်ယူသွား၊ငါတို့အဘိုးကြီးနဲ့အဘွားကြီးမှာကျောတစ်နေရာစာနဲ့ခါးဝတ်ခါးစားကျန်ခဲ့ရင်ရပြီ”
“မေမေ”
“လီဆာရဲဗိုက်ပြဲချက်လေးပြေးလွှားကြီးပြင်းခဲ့ရတဲ့ဘဝကနေမနေ့တနေ့ကအချိန်ထိငါတို့ရဲ့သား၊မင်းလက်ထက်ပြီးတဲ့နောက်ပိုင်းမှာ.....”
“မေမေရာဘာတွေပြောနေတာလဲ.....၊လက်ထပ်ဖို့ကနှစ်ရက်ပဲလိုတော့တာ၊ကျွန်တော်ဒါတွေကိုဘယ်လိုပြင်ရမလဲ”
“မပြင်ပါနဲ့.......၊မင်းကငါ့သားဆိုတော့မင်းအဖေကမလိုက်ပေမယ့်ငါကတော့မင်္ဂလာမဲ့ဝတ်စုံကြီးနဲ့ပါဝါနှစ်စအသာချပြီးသတို့သားအမေအဖြစ်ရပ်တည်မှာပါ”
ဧည့်ခန်းထဲမှာခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းဆံပင်တွေဖွပစ်လိုက်၊ပြန်သပ်ချလိုက်။စိတ်ညစ်ခြင်းများစွာထဲမှာသူ့ကျမှဖြစ်ပြီထင်၏။
နေ့လယ် ယွန်းဖုန်းဆက်မှာကြိမ်းသေသည်။အိတ်ထဲကဖုန်းကိုပြန်စမ်းမိရင်းညနေမှတွေ့ဖို့ဆက်လိုက်ချင်သော်လည်းထုတ်မကိုင်ရဲ...။
ထိုစဥ်စားပွဲပေါ်ကဖုန်းမြည်လာတော့ထိတ်ခနဲဖြစ်သွား၏။မေမေနှင့်နီးနေတာမို့သူပြေးကိုင်လိုက်ရင်လည်းရုပ်
ပျက်ဆင်းပျက်ဖြစ်တော့မည်။လီဆာမေမေကမျက်ဝန်းအိမ်ကိုလက်မောင်းနဲ့ပင့်သုတ်ကာ
“ဟဲလို”
“...........”
“ဪ.....လာမယ်သမီး၊အန်တီခုပဲလာမယ်”
မမဆိီက......၊သူ့ဘာသာသိလိုက်၏။မေမေကတော့သူ့ကိုတောင်မျက်လွှာတစ်ချက်မှပင့်အကြည့်ပါ။ဖုန်းချပြီးကပျာကယာထရပ်လိုက်တဲ့ပုံကဟိုဘက်ကိုကူးမလို့ဖြစ်သည်။သို့သော်အိမ်ရှေ့မှာထိုးရပ်လာသည့်ကားတစ်စီးကြောင့်သားအမိပြိုင်တူလှမ်းကြည့်လိုက်မိကြ၏။
“ယွန်း.....”
“ခုမှယွန်း......နေပြန်ပြီ၊ဒီမှာစောင့်နေတာဘယ်လောက်ကြာပြီလဲ၊ဖုန်းလဲပိတ်ထားမို့လား”
“မေမေနဲ့အရေးကြီးစကားမပြတ်လို့ပါယွန်းရယ်......ကိုယ်ခုပဲဆက်မလို့ပါ”
ယွန်းကမကျေနပ်နိုင်သေးသည့်မျက်နှာလေးနှင့်ဧည့်ခန်းမှာတရင်းတနှီးဝင်ထိုင်သည်။
စူပါမင်းရောင်ကတစ်ကိုယ်လုံးရွှန်းတောက်နေတာဆလင်းဘက်ကြိုးရှည်လေးကအစအရောင်တူပဲဖြစ်၏။
မျက်နှာမှာလည်းဝါပြေပြေလေးခြယ်ထားသည့်မို့အရောင်ကရိုင်းပေမယ့်ယွန်းကိုယ်ပေါ်မှာကြည့်ရမဆိုးပေ...။
သူမကလီဆာမေမေထွက်သွားတဲ့နောက်ကိုသိသာစွာလည်းပင်းရှည်ကြည့်လိုက်ပြီး......
“လီဆာမေမေက တို့ကိုရှောင်သွားတာလား”
“မဟုတ်ဘူး......မဟုတ်ဘူး.....၊ခုပဲမမဖုန်းဆက်လို့”
“အဲဒီမမက ဘယ်မှမထွက်ဘဲအခန်းအောင်းပြီးဘာလုပ်နေတာလဲ”
“သူအခန်းအောင်းနေတာ၊မနေတာယွန်းကဘာလို့သေချာပြောနိုင်တာလဲ”
ယွန်းကလီဆာကိုစိုက်ကြည့်ပြီးပြုံးသည်။လက်ထက်ဖို့အတွက်ဘာဖြစ်ဖြစ်ခေါင်းညိတ်ခဲ့တာကိုကဆုံးရူံးမခံနိုင်
တာရောမခံမရပ်နိုင်ဖြစ်တာတွေပါရင်ထဲမှာခံစားချက်တွေမျိုးစုံနေလို့.....။
“ဘာလို့ပြောနိုင်တာလဲဆိုတော့မင်္ဂလာပွဲအတွက်ဝယ်ဖို့ခြမ်းဖို့သွားတဲ့နေရာတိုင်းမှာမတွေ့လိုလေ၊နောက်နေ့မှသွား
မယ်၊လာမယ်ဆိုပြီးရှောင်နေလို့မှမရတာ၊လက်ထက်ဖို့စပြီးစီစဥ်တာလဲအတူတူ၊လက်ထက်ဖို့ရက်ကလဲတစ်ရက်တည်း၊တစ်နေရာတည်း၊တစ်ချိန်းတည်း”
ပိုင်နိုင်စွာပြောပြီးပခုံးလေးတွန့်၍ရယ်သေးသည်။သူမရင်ထဲမှာတပ်အပ်သိနေသည်။သိနေတာတွေမမှားနိုင်ဘူးဆိုတာလည်းလုံးဝသေချာနေ၏။ဘာလဲဆိုတော့.....
အပျိုကြီးမမ အမူလွန်နေတာတွေ......၊တကယ်တမ်းသာဂျန်းနီဆိုတဲ့အပျိုကြီးကအမူအရာတွေပိုနေလျှင်ဒီလိုအနေနီးသည့်သဘာဝအရလီဆာကလည်းမပါဘူးလို့မပြောနိုင်...။
ဒါကြောင့်လီဆာဘက်ကအဖေဘယ်လိုနေသလဲ၊အမေဘယ်လိုသဘောထားသလဲဆိုတာကိုဂရုမစိုက်နိုင်လောက်
အောင်သူမခေါင်းညိတ်ခဲ့မိတာမြန်တော့မြန်၏။မေမေကလည်းခွင့်ပြုခဲ့သည်။
“ရေကန်လောက်မရပေမယ့်ရေအိုးလောက်နဲ့ပဲကျေနပ်ဖို့ကြိုး စားရမှာပေါ့၊ကိုယ်သမီးကမှပြောဆိုမနိုင်တာ”တဲ့။
ဘာပဲဖြစ်ဖြစ်လီဆာကိုသူမချစ်နေမိပြီမို့.......။
“ဘာဖြစ်လို့လဲလီဆာရဲ့.....၊ယွန်းပြောတာမှားလို့လား”
“မမှားပါဘူး.......၊ဒါပေမယ့်မမနဲ့ရှေ့ဆက်ပြီးအဲဒီလိုတုတာ၊ယှဥ်တာတွေမဖြစ်သင့်ဘူးလို့ကိုယ်ထင်တယ်”
“ဘာဖြစ်လို့လဲ”
“မမနဲ့ကိုယ့်ကိုလက်ထပ်ပေးဖို့အစက သေချာခဲ့တာ”လို့မပြောဖြစ်..။
လူကြီးတွေရဲ့စီမံကိန်းကဒီလိုရှိခဲ့တာသာယွန်းသိခဲ့ရင်..........
“ကိုယ်တို့စကားတွေမှားခဲ့ပေမယ့်အရှည်သဖြင့်ပြိုင်ဆိုင်နေကြရင်မကောင်းဘူးလေ”
“ယွန်းတို့လက်ထက်ဖို့ကအစတည်းကသေချာခဲ့တာမဟုတ်ဘူးလား၊ပြိုင်ဆိုင်လာတာဘယ်သူလဲ”
လီဆာခေါင်းခါလိုက်မိသည်။ရှေ့ဆက်ပြီးတော့လည်းမရှင်းတက်တော့ဘဲရှိကာ.....
“သွားရအောင်လေ....”
“ရပြီလား.......၊မေမေ့ကိုပြောဦးလေ”
ယွန်းကပြုံးတုံတုံမျက်နှာနှင့်ငေါ့သည်။ပြီးတော့ထိုင်ရာကမထရယ်ကာ.....
“ဆောရီး.......ခုနကတော့စကားပြောနေတုန်းဆိုလို့ပါ၊ယွန်းဘယ်လိုခေါ်ခေါ်လီဆာချက်ချင်းပါလာတာသိပ်မရှိခဲ့ဘူးလေ”
“ကိုယ်လိုက်ခဲ့တာပဲကွာ”
ဒီထက်ပိုမရှင်းတက်ပါ။အကောင်းဆုံးဟိုတယ်မှာဒိတ်လုပ်ထားပြီးပြီပဲ။ဝတ်စားဆင်ယင်ဖို့တွေပြည်စုံရင်ပြီးတာပဲမဟုတ်ဘူးလား။
သူသိတာတော့ဒါပဲဖြစ်သည်။ယွန်းကတော့အိမ်ကိုလိုက်ခဲ့ဖို့ခေါ်တာအခေါက်ခေါက်......။သွားလိုက်တဲ့ဆိုင်တွေ၊
ရွေးလိုက်တဲ့ဝတ်စုံ၊တစ်နေ့နဲ့မပြီး၊နှစ်ရက်နဲ့မပြီး၊မိတ်ကပ်ဆရာရွေးတာချည်းပဲဘယ်နှစ်ရက်မှာဘယ်နှစ်ဦးပြောင်း
သလဲ...။
ဟိုလူနာမည်ကြီးတယ်ဆိုဖုန်းဆက်.....။ဒီလူကောင်းတယ်ဆိုလှမ်းခေါ်၊နာမည်ကြီးတဲ့နောက်တကောက်ကောက်လိုက်ရတိုင်းသူမပါလဲလည်းတစ်လှမ်းမှမရွေ့....။
“မင်းဟိုလူနဲ့ဒိတ်လုပ်ပြီးသားဖျက်လိုက်တာလား”
လို့မေးကြည့်......၊သူမမှာကတိတစ်ခုဖျက်လိုက်ရတာထမင်းစားရေသောက်......။
“ဘာဖြစ်လဲ......၊စရန်သတ်ရသေးတာမှမဟုတ်တာ၊တစ်သက်မှာတစ်မင်္ဂလာပဲပြုရတာ၊သူလက်ရာမကောင်းရင်ဒီကမျက်နှာပျက်ပြီ”လို့ပြောပြီးမဲ့ရွဲ့ကဲ့ရဲ့တာကပါသေးသည်။ခုလည်းအရေးတကြီးသွားဖို့ရှိပြန်ပြီဟုမှာထားတာဖြစ်
သည်။ဒီကမသွားလို့သူမပြေးလွှားလိုက်လာပြီးထိုင်ရာကမထ......။
အားရအောင်ပြုံးမဲ့ထေ့ငေါ့ပြီးမှ......
“ဒီပုံစံနဲတော့မလိုက်ပါနဲ့၊အင်္ကျီသွားလဲ”
သူမပြောမှလီဆာကိုယ့်အင်္ကျီကိုပြန်ငုံ့ကြည့်မိ၏။အဝါနုရောင်စပို့ရှပ်ကအပြင်ထွက်ဖို့တော့မကောင်းလောက်ပေ။
သူခေါင်းညိတ်ပြီးအထဲကိုပြန်လှည့်ဝင်ခဲ့စဥ်..........
“ဟဲ့.........ဟဲ့ .......မိသီနေဦး၊အဲဒါကရေဗူးနဲ့စားစရာခြင်းလား”
“ဟုတ်ကဲ့ကြည့်ပါဦးမေမေကြီး......၊ချက်ချင်းထပြင်ရတော့စုံရဲ့လားမသိဘူး”
အသံတွေကြားကာလီဆာခြေလှမ်းတွေတုံ့သွား၏။ခဏရပ်ပြီးမှရှေ့ဆက်လှမ်းခဲ့သော်လည်းစကားပြောနေတာကို
ကြားရဆဲဖြစ်၏။
“နေဦး......၊သမီးက ကားကြာကြာမောင်းရင်မူးတက်တယ်၊သံပရာသီးလေးထည့်ပေးလိုက်မယ်၊ရူဘူးပါလား”
“ပါတယ် မေမေကြီး”
“အေး......ထည့်တော့ထည့်သွား၊ဒါပေမယ့်သမီးကရူူဘူးသိပ်မကြိုက်ဘူး၊လမ်းမှာမိုးမချူပ်ခင်ကနေမိုးချူပ်စထိ
ခဏခဏနားခိုင်းနော်...၊အဲ.....နားဖို့ပြော”
“ဟုတ်ကဲ့ပါ”
“ရအောင်ပြောနော်၊ဒီအချိန်မှထွက်ရင်ဟိုကိုဆယ်နာရီလောက်မှဝင်မှာ၊ဒါလဲကားကကောင်းဦးမှ.....”
“ဘယ်သွားမလို့လဲမေမေ”
သူအနားရောက်သွားတော့ဖျတ်ခနဲ့မော့ကြည့်သည့်မေမေ့မျက်ဝန်းတွေကအံ့သြရိပ်နှင့်......
“ဟင်.......မင်းမသွားသေးဘူးလား”
မေးပြီးမှမဆိုင်တဲ့လူချင်းစိတ်မဝင်စားတာမျိုးမျက်နှာလွှဲကာ.......
“သွားတင်ချေသွား.....၊ပြီးရင်ပြန်ဝင်ပြီးလိုအပ်တာသေချာကြည့်ထည့်ငါဆေးလေးဘာလေးသွားယူဦးမယ်”
နောက်ဖေးဘက်ကနေမေမေပြန်ကူးသွားကာမိသီလည်းကားပေါ်ကိုဆွဲခြင်းကလေးပြေးတင်လိုက်၊ဆီပုံးကလေး
ဆွဲသွားလိုက်နှင့်သူ့မှာသာကြောင်တောင်တောင်ကျန်ရစ်ခဲ၏။
“မီသီရော့.....ရော့......၊ဒါကိုအနားမှာထားမယ့်ဆွဲခြင်းထဲမှာထည့်ထား၊သမီးပြီးပြီလား”
“ရေချိုးခန်းထဲကတော့ထွက်ပြီမေမေကြီး”
“အေးအေး.....အသွားနောက်ကျရင်လမ်းမှာညဉ့်နက်မှာစိုးလို့”
“မေမေ မမဘယ်သွားမလို့လဲ”
သူမေမေ့လက်ကိုပါကိုင်ထားပြီးမေးလိုက်တော့မှခပ်သုတ်သုတ်သူ့ဘေးကနေသွားလာနေသည့်ခြေလှမ်းတွေရပ်
သွားကာ........
“နယ်ကို”
“ဘာတွေအရေးကြီးနေလို့လဲ......၊ညနေစောင်းနေပြီ”
“အရေးကြီးတာပေါ့လီဆာရယ်...၊ဟိုမှာအဆောက်အအုံသစ်ကနောက်ခြမ်းမှာငြမ်းပြိုကျလို့အလုပ်သမားတွေဆေးရုံရောက်နေတယ်တဲ့”
“ဟင်....”
“ဒီကမင်္ဂလာကိစ္စတွေကိုလဲမင်းအဖေကမသိဘူးလေ၊ဟိုမှာပြဿနာကလဲကြီးတော့လှမ်းအကြောင်းကြားတာပေါ့”
“ဖေဖေရော.......၊ဖေဖေဘာဖြစ်သွားသေးလဲ”
အဖေကိုတော့ပူပန်ဖော်ရသေးသားပဲဆိုသည့်ကြည်နူးခြင်းတစ်ဝက်နှင့်အေးစက်စက်အကြည့်တစ်ချက်သူ့ဆီရောက်လာ၏။ပြီးမှခေါင်းခါ၍......
“မင်းအဖေဘာမှမဖြစ်ဘူး၊ဒါပေမယ့်အလုပ်သမားတွေထိခိုက်ဒဏ်ရာရကုန်တာနည်းသလား၊များသလားဘာမှမပြောဘူး၊အဲဒါကြောင့်ဂျန်းနီလိုက်သွားမှာ...”
“မဟုတ်သေးပါဘူးမေမေရယ်....၊ဒါအရေကြီးပေမယ့်မနက်ကျမှ.....”
“သူ့မှာမင်္ဂလာပွဲကလဲရှိသေးတယ်လေ၊ပြီးတော့အလုပ်ထဲမှာထိခိုက်ကုန်တာသူစိုးရိမ်မှာပေါ့”
ဒါမဖြစ်သင့်မှန်းစိတ်ကသိနေသည်။ထို့ပြင်ဒီအချိန်နှင့်ဒီခရီးကမိန်းကလေးနှင့်မအပ်စပ်....။
“မမကဘယ်သူနဲသွားမှာလဲ၊ဂျူဟော့ကိုခေါ်သွားမှာလား”
“အို....ညကြီးမင်းကြီးယောကျာ်းအဖော်နဲ့သွားစရာလား၊လူတိုင်းမင်းလိုအတွေးမတိမ်ဘူးလီဆာ၊မိသီနဲ့သွားမှာ..”
“ဒါဆို ကျွန်တော်လိုက်သွားမယ်”
“မိသီရေ.....”
“ရှင်.....မမလေး....၊ပြီးပြီ”
အိမ်ထဲကနေခေါ်သံလေးထွက်လာသည်နှင့်မေမေ့ကိုစကားပြန်မစောင့်တော့ဘဲလီဆာဒီဘက်ပြန်ကူးခဲ့သည်။
“ကိုယ့်ဖေဖေအလုပ်ထဲမှာထိခိုက်မူဖြစ်လို့ယွန်း.....၊ကိုယ်အခုအရေးတကြီးလိုက်သွားရမယ်၊ဆောရီးကွာ..”
“ဘာ.....”
ယွန်းဖျတ်ခနဲထရပ်လိုက်တာကိုသူဂရုမစိုက်နိုင်ဘဲစာကြည့်ခန်းထဲဝင်၍မှတ်ပုံတင်နှင့်လိုအပ်တာတွေယူကာ
ကားဆီပြန်ဆင်းပြီးယာဥ်မောင်းလိုင်စင်ယူသည်။
ယွန်းကဘေးမှာတောက်လျှောက်ပါလာကာ.....
“မင်္ဂလာပွဲကနှစ်ရက်နဲ့တစ်မနက်ပဲလိုတော့တာလီဆာ၊လီဆာဘယ်လိုလုပ်တာလဲ”
“ကိုယ်လုပ်တာမှမဟုတ်တာ......၊မင်္ဂလာပွဲကအရေးကြီးသလိုဟိုမှာလဲမိဘလေ....”
ယွန်းဘာမှမပြောနိုင်ဘဲခဏကြောင်သွားပြီးမှ......
“ဟိုမှာခဏနဲ့မပြီးရင်ဘယ်လိုလုပ်မလဲ၊ယွန်းကဒီမှာမင်္ဂလာပွဲကြီးနဲ့......”
“ကိုယ်အမီပြန်လာမယ်၊လုံးဝကတိပေးတယ်”
“ဂျန်းနီကင်မ်နဲ့သွားမှာမို့လား”
ယွန်းကခပ်ရိုင်းရိုင်းပြောတော့သူပြန်ကြည့်မိကာ.....
“မမအိမ်ကကောင်မလေးပါသေးတယ်၊မင်္ဂလာပွဲအမီပြန်ခဲ့မယ်လို့ပြောပြီးပြီးပဲကွာ၊မမမှာလဲမင်္ဂလာပွဲရှိတာပဲ၊ဘာတွေပူနေတာလဲ”
လှမ်းကြည့်လိုက်တော့ခရီးသွားဖို့ပြင်ဆင်နေပုံနှင့်အိမ်ဖော်ပုံစံကောင်းမလေးတစ်ယောက်ကိုဟိုဘက်တိုက်ရှေ့က
ကားနားမှာမြင်လိုက်ရ၏။ပြီးတော့မြင်ကွင်းထဲရောက်လာသည့်ဂျန်းနီကင်မ်...။
ကျောက်စိမ်းရောင်နုနုအခံနှင့်အနက်ရောင်ကိုဝတ်ထားကာဆလင်းဘတ်နှင့်ဖြစ်သည်။လက်ထဲမှာအဖြူရောင်ပလတ်စတစ်အိတ်လေးဆွဲပြီးကားနားကိုဆင်းလာတာလည်းအရေးတကြီးသွားလာဖို့ပုံပဲဖြစ်သည်။
ဘာတွေအရေးကြီးနေနေဒါကကိုယ့်ကိစ္စမဟုတ်၊သူမကိစ္စကဂျန်းနီကင်မ်နှင့်လီဆာတစ်ကားတည်းစီးပြီးတစ်ခရီး
တည်းသွားမှာပဲဖြစ်သည်။
ဒီနှစ်ယောက်ကိုမသင်္ကာဖြစ်ခဲ့ဖူးသည့်စိတ်ကသူတို့နှစ်ယောက်အတူဆုံဖြစ်ဖို့ရှိလာသည့်ကိစ္စတိုင်းအတွက်မကျေနပ်ခြင်းကိုဖြစ်စေ၏။ဒါပေမယ့်လီဆာကသူမကိုခွင့်တောင်းနေတာမဟုတ်ပေ။အသိပေးတာတောင်သူရှေ့မှာကိုယ်ရောက်နေလို့.....။
လက်ထက်ဖို့ခေါင်းညိတ်ခဲ့ပြီးသည့်နောက်မှာရူံးနိမ့်သည်ဟုထင်ရသောပြဿနာတွေရှိခဲ့တိုင်းလည်းသူမပဲမျိုသိပ်
ခဲ့ရသည်ဖြစ်ရာ......
“အေးပေါ့လေ.....၊တားနေလဲယွန်းပဲအလွန်ဖြစ်တော့မှာ.....”
အပြေပေမယ့်ကျေလိုက်ရသည်။စိတ်ထဲမှာတော့ဂျန်းနီကင်မ်၏ ကျော့ရှင်းလှပနေသည့်အရိပ်ပုံကစွဲထင်နှောင့်
ယှက်နေခဲ့လျက်.........
“အစဥ်အလာတွေရှိခဲ့ဖူးတဲ့အတိုင်းယွန်းကိုတော့ဒုက္ခမပေးပါနဲ့”
ယွန်းကတံခါးကိုအသံမြည်အောင်ပိတ်ပြီးမောင်းထွက်သွား၏။သူလှည့်ကြည့်လိုက်တော့ဂျန်းနီကလည်းကား
စက်နိူးနေပြီဖြစ်ကာယွန်းဝုန်းဒိုင်းကြဲသွားတာကိုသတိထားမိသွားလို့ခဏတုံ့ဆိုင်းသွားတာဖြစ်သည်။
“မမ နေဦး”
လီဆာကားဆီပြေးသွားကာဂျန်းနီဘေးကတံခါးကိုဖျတ်ခနဲ့ဆွဲဖွင့်လိုက်၏။
“ကျွန်တော်မောင်းမယ်”
သူ့ကိုအံ့သြဟန်နှင့်လှည့်ကြည့်သည့်ဂျန်းနီမျက်ခုံးလေးတွေကုတ်ကျသွား၏။
“မင်းကိုဘယ်သူကခေါ်လို့လဲ”
“ခေါ်ခေါ်မခေါ်ခေါ် မမအလုပ်ထဲမှာဖြစ်သလိုဟိုမှာဖေဖေလဲခေါင်းမီးတောက်နေမှာ”
“မီးတကယ်မတောက်သေးဘူးဆိုရင်ပြီးတာပဲ၊ဒါငါ့ကိစ္စ...”
“ဟာ......မမဘာလုပ်တာလဲ”
“ဖယ်စမ်း...”
ဂျန်းနီကဂီယာဖြုတ်လိုက်တော့သူကားသော့ကိုမိုက်တိမိုက်ကန်းပိတ်ပြီးပြန်နုတ်ယူလိုက်၏။လက်နှစ်ဖက်ရူပ်
သွားပေမယ့်သူ့လက်ထဲမှာကားသော့ပါလာ၏။
“မမဟိုဘက်မှာသွားထိုင်၊ဟိတ်.....ပြောနေတာမကြားဘူးလားမိသီ၊နောက်ကိုသွား”
“ဟုတ်.....ဟုတ်ကဲ့ပါ”
အချင်းဖြစ်ပွားနေတာကိုပါးစပ်အဟောင်းသားနှင့်ကြည့်နေသည့်မိသီတစ်ယောက်အလန့်လန့်အဖျပ်ဖျပ်နှင့်တံခါး
လှည့်ဖွင့်နေပြီးတံခါးကလည်းမပွင့်....။
ဂျန်းနီကလည်းငုတ်တုတ်ကနေမလူပ်တော့လီဆာကပဲဟိုဘက်သွား၍တံခါးဖွင့်ပေးရသည်။ကားကိုတစ်ပတ်ပြန်
လျှောက်ရင်းဒီနေ့ကျမှသူကားကလည်းဝပ်ရှော့ပို့ဖို့အကြောင်းခိုင်လုံပြီးဖြစ်နေတာကိုတွေးလိုက်မိသည်။
ကောင်းတဲ့ကားကိုဖေဖေအဝေးသွားရမှာဆိုပြီးပေးလိုက်သည်မို့ဂျန်းနီစီးနေသည့်ကားကခပ်သင့်သင့်ရယ်....။
ဒီကားမျိုးကခရီးဝေးသွားရတော့မှာမို့ကားကိုစစ်ဖို့ထက်ကားပြင်ဖို့ပစ္စည်းတွေအထဲမှာအစုံပါမပါပြေးကြည့်လိုက်
ရသေးသည်။
ပြီးတော့မှဘောနက်ကိုဖွင့်၍သေချာအောင်စစ်လိုက်၏။သူအလုပ်ရူပ်သွားတုန်းမှာမေမေဘေးနားရောက်လာကာ...”သားကိုခေါ်သွားလိုက်ပါသမီးရယ်.....၊ကားအတွက်ရောလူအတွက်ပါစိတ်ချရပါတယ်၊မဟုတ်ရင်အန်တီဘယ်လိုမှစိတ်ဖြောင့်နိုင်မှာမဟုတ်ဘူး၊ကိုယ့်မောင်နှမတွေလောက်စိတ်ချရတဲ့လူဘယ်မှာရှိမှာလဲ၊သားကလဲကိုယ့်အစ်မကိုစကားပြောတာတွေမရိုင်းစေနဲ့....”
အတူတူထွက်သွားကြတော့လည်းလီဆာမေမေစိတ်ချမ်းသာသွားသည်။ပြီးတော့သက်ပြင်းရှည်ကြီးချကာမချင့်မရဲအတွေးကဝင်လာ၏။ဒီလောက်နှစ်ရှည်လများအတူနေခဲ့ကြပြီးဒီနှစ်ယောက်ဘာဖြစ်လို့အသင့်မမြတ်ခဲ့တာလဲ..။
အိုးချင်းထားအိုးချင်းထိဆိုတဲ့အစဥ်အလာတွေလည်းပျောက်သည်။အတူနေသံယောဇဥ်ဆိုတာလည်းမရှိ၊ချစ်ကြင်နာချည်ရဲ့လို့ဖြစ်မလာခဲ့ရင်တောင်သံယောဇဥ်ဆိုတာလောက်တော့ရှိသင့်တယ်မို့လား....။
ခုတော့.....
နှစ်ယောက်မျက်နှာချင်းဆိုင်လိုက်တာနှင့်မျက်လုံးတွေက”အစဥ်အလာတွေဘယ်လိုရှိရှိ”လို့ကြွေးကြော်နေကြတဲ့
အတိုင်း....။
ESTÁS LEYENDO
Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)
Romanceတစ်ခါတစ်ရံ အချစ်ဆိုသည်မှာ..................