Unicode font
မာနများရောင်းရန်ရှိသည်
အခန်း ( ၁၀)
မျှော်လင့်ရတဲ.ဘက်မှာ ရှိရခြင်းဟာဒါ ပထမဆုံးဖြစ်သည်။ယောကျာ်းတစ်ယောက်ရဲ.အိမ်ကိုရောက်၊ အလုပ်ထဲကိုလိုက်၊ ဒါလည်းပထမဆုံးပါ။ကိုယ့်အတိုင်းအတာနဲ.ကိုယ် မာမာတင်းတင်းနေနိုင်ပါလျက်နှင့် လီဆာကိုမှချစ်ခဲ.မိလို...။
" ပြောစရာရှိတယ်ဆို ပြောလေ လီဆာ..... "
" စဥျးစားနတော "
" ခလုတ်ကန်သင်းများရှိသေးလားလို.၊ ကို့ဘက်မှာပြောတာပါ"
" ဘယ်လို !"
လီဆာကရယ်သည်။အတူတူယှဥ်တွဲလျှောက်နေသည့်သူမကိုငဲ.ကြည့်၍....
" သြော်....ကိုယ်ကအခုပြောင်းလဲနေပြီဆိုပေမယ့် " ငယ်နိုင် "ဆိုတဲ.သဘောလိုပေါ.၊မတူတန်လို.သိမ်ငယ်ရခြင်းဆိုတဲ.ခံစားချက်ကတော့ခုထိရှိနေသေးတယ် "
" ဘာ....လီဆာကသိမ်ငယ်တက်တယ်၊ဟုတ်လား...၊ဟွန်း..."
ယွန်းက မဲ.ရွဲ.ပစ်လိုက်ပေမဲ.အပြာရောင်ပန်းပွင့်နားကပ်လေးတွေနှင့် အလှမပျက်၊အသွားမပျက်....။
" ဟုတ်ရဲ.လား လီဆာရယ်....၊တို.အထင်တော့ခွင်တွေ.တိုင်းဆော်နေသလိုပဲ"
" မဟုတ်တာကွာ"
" ဟုတ်တယ်လေ...၊လီဆာရဲ.အခြေအနေက ဒါတွေပြောနေဖို.မှမလိုတော့တာ၊ဟိုနေ.က အိမ်ကိုရောက်သွားတော့လဲနာကြည်းသံတွေနဲ.ရိတယ် "
" မင်းကထင်နေတာပါ "
ဒါကိုကာကွယ်ပြောဖို.တော့ သူ.ပါးစပ်က မထွက်ဘဲဖြစ်နေခဲ့၏။
ယွန်းနှင့် ကိစ္စကိုမေမေကဘယ်လိုမှနှစ်မြို.မှာမဟုတ်တာသေချာပြီးသား...။
အဲဒီနေ.က ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်တယ်ဆိုတာတောင်သူအံ့သြနေခဲ.သည်။ယွန်းနှင့်သူ လက်တွဲကြမည်ဆိုလျှင်အခက်အခဲတွေအများကြီးပဲဆိုတာတွေးလေအသက်ရူကျပ်လေ.....။
" ဘာတွေသက်ပြင်းချနေတာလဲ လီဆာ၊ဒီမှာသွားစရာရှိသေးတယ် ပြောစရာရှိရင်မြန်မြန်ပြော"
" ရှောပင်ထွက်မှာများ အရေးတကြီးကွာ.."
" ကြီးရတယ်လေ၊ ဒီကတစ်ယောက်တည်းသွားရမှာ.."
" ကိုယ်တကယ်မအားလို.ပါ၊ ဒီနေ.ကျမှသစ်တွေချမှာနဲ.တိုက်ဆိုင်နေတယ်"
" မအားဘဲနဲ.လူကိုဘာလို.ချိန်းတာလဲ"
" ဒီမနက်တော့အားနေတယ်လေ၊ မနက်ကချိန်းတာ၊မင်းကမှမလာဘဲ"
ယွန်းသူ.ကိုမော့ကြည့်ပြီးမျက်စောင်းထိုးသည်။
"ကဲပါဟုတ်ပါတယ်...၊မလာမိတာ ကျွန်မအပြစ်၊ ပြော...မြန်မြန်..."
နေညိုပြီးပေမယ့် ကန်တော်ကြီးဥယျာဥ်ထဲမှာ သစ်ပင်ရိပ်လွတ်တဲ.နေရာတွေမှာပူနေတုန်း။နှစ်ယောက်အတူနေရိပ်လေးတွေမှာကပ်လျှောက်ရင်းပခုံးချင်းတိုက်မိလိုက်၊မြက်ခင်းတွေပေါ်ရောက်သွားလိုက်.....။
" ယွန်း "
" ဟင် "
" ခုနေ ကိုယ်လက်ထက်ခွင့် တောင်းရင်ဖြစ်နိုင်မလား "
" လုံးဝ မဖြစ်နိုင်ဖူး "
လီဆာအသံတွေတိတ်ကျသွားပြီးမှ
" ဘာဖြစ်လို.လဲ "
" အိမ်ထောင်ပြုဖို.ဆန္ဒရှိခဲ.ရင် မေမေလက်ထက်ပေးဖို.ပြောတဲ.ယောကျာ်းတွေမှအများကြီး "
" ပြောပါအုန်းဘာစိတ်ကူးတွေရှိနေလဲ "
" ကိုယ်ချစ်တဲ.သူ.ကဖွင့်ပြောလာရင် ရည်းစားအရင်ထားမယ်"
" သြော်"
" ရည်းစားသက်တမ်းမှာ၊အဲဒီလူ ကိုယ့်အပေါ်ဘယ်လောက်မြတ်နိုးသလဲ ၊ ဘယ်လောက်အလို လိုက်ကြည့်ဖြူနိုင်သလဲ၊ အရည်အချင်း အားလုံးကိုစစ်ဆေးပြီး ကျေနပ်မှ..."
" အဟွန်း...ယွန်း...၊အရမ်းတော်တာပဲနော်၊ဒါပေမယ့် ကိုယ်ကမင်းထက်ပိုတော်တယ်၊အဲတာယုံလား "
" မင်းချစ်နေတဲ.သူကိုကိုယ်သိနေလို.ပဲ "
" ဘာ...."
အံ့သြောသွားသလိုလို မလုံမလဲဖြစ်သွားသလိုနှင့်အသံခပ်စူးစူး လေးထွက်လာသည်။
ပြီးတော့မှဖတ်ခနဲ.လက်ခုပ်တီးလိုက်ပြီးရယ်ကာ.....
" ဖြစ်ရလေလီဆာရယ်....၊လူတက်ကြီးလုပ်ချင်ရင်လဲတို.ဆီက တခြားလျှို.ဝှက်ချက်တစ်ခုခုကိုဖော်ထုတ်ဖို.စဥ်းစားပါလား "
" တခြား လျှို.ဝှက်ချက်မှကိုယ်စိတ်မဝင်စားတာ၊ကိုယ်နဲ.ပတ်သက်တာပဲစိတ်ဝင်စားတယ်"
" ဘယ်လို "
" မသိချင်ယောင်ဆောင်မနေပါနဲ.ယွန်းရယ်..."
" လီဆာက ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထည့်ထား၍တစ်လှမ်းချင်းလှမ်းနေရင်း ယွန်းမျက်လွှာချပစ်တာကို ငဲ.စောင်းကြည့်သည်။
ယွန်းက ဖျက်ကနဲ ပြန်မော.ကာ....
" ဘာဟန်ဆောင်တာလဲ၊ ယူနော်.."
" ယူဖို.အကြောင်းတွေပြောနေတာပဲ၊မင်းကပတ်ပြေးနေတာလေ "
" ဘာပြေးတာလဲ၊ဒီကစိတ်ထဲရှိတဲ.အတိုင်းပြောနေတာ၊ရည်းစားမထားရသေးဘဲနဲ.တော့ယောကျာ်း မယူနိုင်ပါဘူး"
" ဒါဆိုလဲ ထားကြမယ်လေ"
" အို.....အား...."
ပခုံးချင်းတိုက်ပစ်လိုက်သဖြင့် ယွန်းဘေးတိုက်လေးယိုင်ထွက်သွားသည်။အရှိန်များသွားသည်မို.ယွန်းကိုယ်လေးတကယ်ပုံကျသွားဖိုဖြစ်၏။ဒါပေမယ်. လီဆာက သူပဲတိုက်ပစ်လိုက်ပြီး သူပဲပြန်ဆွဲလိုက်ကာ.....
" ဆောရီး...."
" သေလိုက်လေ.....သေပါလား၊နင့်လိုလူမျိုးနဲ.များလုံးဝ ရည်းစားမလုပ်ဘူး"
" ဘာဖြစ်လို.လဲကွာ၊စိတ်မရှည်တော့ဖူး"
" စိတ်မြန် လက်မြန်နဲ.အရမ်းမုန်းဖို.ကောင်းတဲ.လူ"
" ချစ်ဖို.ကောင်းတာတွေပဲကြည့်လေ၊မင်းချစ်နေတဲ.သူကဖွင့်ပြောလာတာနော်၊ဟန်ဆောင်နေရင်သူများနဲ.ငြိသွားလိမ်.မယ်၊ဒီထဲမှာကောင်မလေးချောချောလေးတွေအများကြီးပဲ၊တော်ကြာရည်းစားမထားလိုက်ရဘဲ ကောင်းမလေးအမေပေးစားတဲ.ဘဲကြီးနဲ.ညားသွားရင်..."
" ကြည်.စမ်း...၊အစုတ်ပလုတ်ခြင်း...၊ပါးစပ်ပုပ်ကြီးနဲ.၊ ကဲ..ကဲ...."
လက်သီးစုတ်လေးတွေ ပစ်ဝင်လာတော့ ခဏလေးသည်းခံပေးလိုက်၏။ပြီးတော့ သူမပခုံးလေးကို ဆွဲသိမ်းဖက်ထားလိုက်သည်။
လောကကြီးက ငြိမ်းချမ်းလို.ပါလား.....။
CZYTASZ
Blackpink Paradise Myanmar-မာနများရောင်းရန်ရှိသည်(အပိုင်း၁)
Romansတစ်ခါတစ်ရံ အချစ်ဆိုသည်မှာ..................