" ဖြာခနဲ" ပန်းထွက်လာတဲ့သွေးတွေ......
မြေပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွားတဲ့ လူတစ်ယောက်သေနတ်ပြောင်းကို စင်လာတဲ့သွေးစသွေးနတွေကိုအဝတ်နဲ့ သွေးအေးစွာ သုတ်နေတဲ့ ထိုလူရွယ်သည်
သွေးအိုင်ထဲမှာလဲနေသောလူအား တက်နင်းကာကျော်ခွသွားသည်။ထို့နောက် Cigarette တစ်လိပ်ကိုခဲရင်း အေးရာအေးကြောင်းပုံစံဖြင့်ထိုင်ချရင်း ဆေးလိပ်မီးညှိနေခဲ့သည်။
သွေးအိုင်ထဲမှာလဲနေသောသူသည်
တဆက်ဆက်တုန်ယင်နေသောလက်နဲ့ အတူ ထိုင်ခုံမှာထိုင်နေသော ထိုအမျိုးသားကို တောင်းပန်နေခဲ့သည်" ကျွန်... တော့်ကို မသတ်ပါနဲ့ အကိုလေး ..."
ဖျော့တော့တုန်ယင်စွာ တောင်းပန်နေပေမဲ့
ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်နေသော အမျိုးသားသည်
မဲ့ ပြုံးပြုံးကာ လူတစ်ယောက်ရဲ့နာကျင်မှုကိုအာသာဖြေကာကြည့်နေခဲ့သည်" သားကြီးကိုခေါ်ခဲ့ "
ခပ်ပြတ်ပြတ်အမိန့်ပေးသံအဆုံး
ဘေးနားကဝန်းရံနေသောတပည့်တပန်းတွေကပါ
ခပ်ရှဲရှဲ ချဲသွားတော့သည်။" ဟုတ်... ဟုတ်ကဲ့"
သားကြီးဆိုတာလူတစ်ယောက်မဟုတ်
ခါး မွေးထားသည့် ကျား ဝါကြီးတစ်ကောင်ဖြစ်သည်။ခါးသည်အပြစ်ပေးရင်ရိုးရိုးမပေးတက်ပါ....
ကျားစာကျွေးပြီးအပြစ်ပေးတက်သည်ခါးသည်လူတစ်ချို့အတွက်ကြောက်မက်ဖွယ်ရာအိပ်မက်ဆိုးတစ်ခုလိုပင်
လှောင်အိမ်က သံချောင်းအချင်းချင်းပွတ်တိုက်လိုက်တဲ့ သံချောင်းတွေရဲ့အသံ
ထို့နောက် ဟိန်းဟောက်သံတစ်ခုလူတွေအားလုံးရဲ့မသိစိတ်မှာ ကြောက်ရွံ့တုန်လှုပ်စပြုနေပေမဲ့ခါးကတော့ သွေးအေးအေးသာ
ကုလားထိုင်လက်ရန်းတွေကို သူလက်ချောင်းရှည်ရှည်တွေနဲ့ အသံခပ်ကျယ်ကျယ်ထွက်သည်ထိခေါက်နေခဲ့သည်။
ထို့နောက် လျှပ်တစ်ပြက်အတွင်း အဝါရောင်အစင်းကျားနဲ့ ကြီးမားလွန်းသော သားရဲတိရိစ္ဆာန်ကြီးသည်
ဝုန်းခနဲသွေးသံရဲရဲလူအပေါ်ခုန်အုပ်လိုက်တော့သည်။
ESTÁS LEYENDO
မောင့်ရင်ထဲမှာနေမလား
Aventuraအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...