"ခု ဘယ်လိုလုပ်ကြမလဲ"
John ပေးတဲ့ ရေဘူးကို သောက်ရင်း ကိုကို ကမေးတာကြောင့်
"မသိဘူးလေ ကိုကိုလုပ်တာလေ"
"အလင်းလေး က တကယ်ယောက်ကျားလေးပေါ့နော်"
"ခုချိန်ထိမယုံသေးဘူးလား ဘောင်းဘီပါ ချွတ်ပြရမလား"
"မဟုတ်ဘူး ယုံတယ် ယုံတယ် ချွတ်မပြနဲ့ ဒါပင်မယ့် ကိုကို ခုချိန်ထိမယုံချင်သေးဘူး အိမ်မက်လို့ထင်နေတုန်းပဲ"
John ကိုကို့ကို ကြည့်ပြီး ဘေးနားက ရေဘူးကိုဖွင့်ပြီး ရေသောက်ရင်း ခေါင်းယမ်းလိုက်မိတယ် အသက်သာ 22နှစ်ရှိတာ မူလတန်း ကလေးကျနေတာပဲ ခြေစောင့်ပြီးများ ငိုရတယ်လို့
ကိုကို ကသနားတော့သနားပါတယ် johnကို မိန်းကလေးထင်ပြီး ဘယ်အချိန်ကတည်းကများ ချစ်နေခဲ့လဲမသိဘူး
"ခု ဘယ်လိုလုပ်မလဲ အိမ်လည်းပြန်မရတော့ ဖေဖေတို့ကတော့ တကယ်ခိုးပြေးတယ်ထင်တော့မှာပဲ"
"တကယ် ခိုးပြေးတာ မဟုတ်ဘူးလား"
"အဲဒါက"
"ထတော့ မနက်ကျမှအိမ်ပြန်ပြီး ဖွားကိုဖွင့်ပြောကြတာပေါ့ ခု အိပ်ရအောင် john အိပ်ချင်နေပြီ မြန်မြန်ထတော့ ကြမ်းပြင်ကအေးတယ် နဂိုကတည်းက လူကချူခြာပါတယ်ဆို မျက်ရည်တွေလည်းသုတ်လိုက်အုံး ကလေးကျနေတာပဲ အသံအကျယ်ကြီးနဲ့ အော်ငိုနေတယ်"
Johnပြောလိုက်တာကြောင့် ကိုကိုက ရှက်သွားတယ် ထင်တယ် မျက်ရည်တွေ လက်နှစ်ဖက်နဲ့ ဘယ်ပြန်ညာပြန်သုတ်ရင်း ကြမ်းပြင်ပေါ်ကနေထ လိုက်တယ်
"အ"
"ဘာဖြစ်ပြန်ပြီလဲ"
"ပူတယ် အရမ်းပူတယ် အလင်းလေး ကိုကို သေတော့မှာလားမသိဘူး အရမ်းပူတယ်"
ပူတယ်လို့အော်ပြီး အင်္ကျီတွေဆွဲချွတ်နေတဲ့ ကိုကိုကြောင့် johnမှာ ပျာယာခတ်သွားတော့တယ် john ကိုကို့နားသွားပြီး ကိုကို့ကို ဆွဲထူလိုက်တော့ ကိုကိုက အင်္ကျီချွတ်ထားတဲ့ johnရင်ဘတ်ကို ပွတ်သတ်နေပြီး
YOU ARE READING
ဖူးစာ
Romanceမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...