"ကိုကို ကိုယ်တွေ အရမ်းပူနေတယ်ထင်တယ်"
"အင်း"
"Johnစမ်းကြည့်မယ်လေ မျက်နှာလေးမော့ပေးအုံးလေ"
"ဟင့်အင်း"
ကိုကို က johnကို အတင်းဖက်ထားပြီး ပခုံးပေါ်မှာ သူ့ခေါင်းလေးကိုတင်းထားပြီး johnကိုကျစ်နေအောင်ဖက်ထားတယ်
"ကိုကို့မျက်နှာလေးကို johnက ကြည့်ချင်တယ်လေ ကိုကိုက johnကို မကြည့်ချင်ဘူးလား"
ကိုကိုက johnပြောတော့မှ johnနဲ့မျက်နှာကို တည့်တည့်ကြည့်လာတော့တယ် johnကိုကို့ ကို meeting စားပွဲပေါ်တင်လိုက်ပြီး နဖူးလေးကိုစမ်းကြည့်လိုက်မိတယ် ကိုယ်လေးက နွေးနေတာကြောင့်ရော ငိုထားတာကြောင့်ရော ကိုကို့မျက်နှာက ရဲရဲလေးနဲ့ ချစ်စရာတမျိုးကောင်းနေပြန်တယ်
"ဆေးတွေဘာလို့မသောက်ပဲ လွတ်ပစ်နေရတာလဲ အဆိုးလေးရဲ့ အဲတော့အဖျားက တာရှည်ပြီပေါ့"
"ခါးတယ်လေ"
"ခါးလို့မသောက်ရအောင် ကိုကိုက ကလေးလေးလား ဟင်"
မျက်ရည်တွေ ဖွဖွလေးသုတ်ရင်းမေးလိုက်တော့
"အလင်းလေးက မတိုက်တော့ ပိုခါးတယ် မသောက်ချင်ဘူး"
"John တောင်းပန်တယ်နော် ကိုကိုနေမကောင်းတာကိုပစ်ထားမိတယ်"
ကိုကို့နဖူးဘေးကို johnနဖူးနဲ့ ထိကပ်ရင်း ပြောလိုက်တော့ ကိုကိုက ပြုံးတယ်ဆိုရုံလေး ပြုံးပြပြီး johnကို ပြန်ဖက်ထားတော့တယ်
"ဆရာဝန်ခေါ်လိုက်မယ်"
"အိမ်ပြန်ချင်တယ် အိမ်ပြန်ပြီး အလင်းလေးရင်ခွင်ထဲမှာ အိပ်ချင်တာ"
"ဟုတ်ပြီ အိမ်ပြန်မယ် အိမ်မှာတော့ ဆရာဝန်ခေါ်ထားလိုက်မယ် ဆရာဝန်ပြပြီးမှ အိပ်ရမယ်နော်"
ခေါင်းညိမ့်ပြပြီး ရင်ခွင်ထဲတိုးဝင်လာတာကြောင့် johnကိုကို့ကို ပြန်ပွေ့ချီလိုက်ပြီး အခန်းထဲက ထွက်လာလိုက်တယ်
DU LIEST GERADE
ဖူးစာ
Romantikမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...