အခန်း(46)

10.6K 638 20
                                    

လွန်​ခဲ့​သော သုံးလခန့်​က

ရောင်​ဝါရဲ့ အမြင်​​တွေ​ဝေဝါးလာပြီး မူးလဲသွားပြီတာနဲ့ ​ရောင်​ဝါ့ စိတ်​ဝိဥာဉ်​က ​ရောင်​ဝါ ကိုယ်​က ထွက်​သွား​တော့တာ ​ရောင်​ဝါ ကိုယ်​ခန္ဓာကိုယ်​ပြန်​မြင်​​နေရပြီး ​ရောင်​ဝါရဲ့ ကိုယ်​က​နေ ကျားအဖြူတ​ကောင်​ထွက်​သွားပြီး အလင်း​လေး ကိုယ်​ထဲကို တိုးဝင်​သွားတာကိုလည်း မြင်​လိုက်​ရတယ်

ရောင်​ဝါပြုံးလိုက်​ရင်း မျက်​လုံးမှိတ်​လိုက်​ပြီး ပြန်​ဖွင့်​လိုက်​တဲ့အချိန်​ ပထမတခါ အလင်း​လေးကို ​တွေ့တဲ့ ​နေရာကိုပြန်​​ရောက်​​နေတာကို​တွေ့လိုက်​ရတယ်​ ခုချိန်​မှာ​တော့ ထွက်​သွားမလို့လုပ်​​နေတဲ့ အလင်း​လေး​နောက်​ကို ​ရောင်​ဝါ လိုက်​သွားလို့ရသွားပြီ​လေ

"အလင်း​လေး"

"ကိုကို ကိုကို ဘယ်​လို"

"အလင်း​လေး​နောက်​ကို လိုက်​လာတာ​လေ ကိုကို မ​တော်​ဘူးလား"

"ကိုကိုရာ"

John ကိုကို့လက်​​လေးကို ဆုပ်​ကိုင်​ပြီး ကိုကို့ပါး​လေးကို နမ်းလိုက်​မိတယ်​ john ကိုကို့လက်​​လေးကို ဆုပ်​ကိုင်​ထားတုန်းမှာပဲ johnကိုတ​ယောက်​​ယောက်​ကဆွဲ​​ခေါ်​နေသလို ဖြစ်​လာတာ​ကြောင့်​ john အလန့်​တကြား ကိုကို့ကို ဆုပ်​ကိုင်​ထားမိတယ်

ဘယ်​​လောက်​ပဲ ဆုပ်​ကိုင်​ ဆုပ်​ကိုင်​ ကိုကို့လက်​ရဲ့အထိအ​တွေ့က​နေ လွတ်​လာတာ​ကြောင်​လ john တဖြည်းဖြည်း တုန်​လှုပ်​လာမိတယ်​ johnကို တ​နေရာက​နေ ဆွဲ​ခေါ်​နေသလို ကိုကို့နားမှာ john​နေလို့မရဘူးဖြစ်​​နေတယ်​​နောက်​ဆုံး johnဆုပ်​ကိုင်​ထားတဲ့ ကိုကို့လက်​က johnလက်​ထဲမှာ မရှိ​တော့ပဲ ကိုကိုနဲ့ johnတဖြည်းဖြည်း​ဝေးလာ​တော့တယ်​ john ကိုကို့ဆီ ဘယ်​လိုပဲ ​ပြေးသွား ​ပြေးသွား ကိုကိုဆီမ​ရောက်​ပဲ ပိုပို ​ဝေးလာ​တော့တယ်

"ကိုကို ကိုကို john ဆီလာခဲ့ပါ"

"ကိုကို လာလို့မရဘူး အလင်း​လေး"

တ​ယောက်​လက်​ တ​ယောက်​ကိုင်​ဖို့ ဘယ်​​လောက်​ပဲ ကြိုးစားကြိုးစား ထိကိုင်​လို့မရတာ​ကြောင့်​ john မျက်​ရည်​​တောင်​ကျမိတယ်​ johnမျက်​ရည်​​တွေ ​ကြောင့်​ အမြင်​​တွေ ​ဝေဝါး​နေတုန်းမှာ johnရဲ့ လက်​သန်း​လေးမှာ ကြိုးနီနီ​လေး တ​ချောင်း လာရစ်​ပတ်​တာကို ​တွေ့လိုက်​ရတယ်​ ကြိုးနီနီ​လေးကို လိုက်​ကြည့်​ရင်း တဖြည်းဖြည်း johnနားကို ​ရောက်​လာတဲ့ ကိုကို့ကို ​တွေ့လိုက်​ရတာ​ကြောင့်​ johnဝမ်းသာ အားရ ကိုကို့ ကို ဖက်​ထားလိုက်​မိတယ်

ဖူးစာDonde viven las historias. Descúbrelo ahora