ဒေါက် ဒေါက်
"အစ်ကိုလေး"
"အင်း နေ"
"တခုခုစားပြီး ဆေးသောက်ရအောင်နော် မနက်ဖြန် အလုပ်သွားလို့မရပဲနေနေမယ်"
"အင်း တခုခုစီစဉ်ပေး နေ ကျွန်တော်အောက်မဆင်းချင်တော့ဘူး"
"ဟုတ်ကဲ့ အစ်ကိုလေး"
ခနနေတော့ နေ စီစဉ်ပေးတဲ့ ကြေးအိုး သောက်လိုက်တော့ ချွေးတွေပြန်ပြီး နေလို့ကောင်းသွားတာကြောင့် ဆေးမသောက်ပဲ ဒီအတိုင်း အိပ်ပစ်လိုက်တယ်
ရောင်ဝါ အခန်းထဲမှာ ဘယ်လောက်ကြာအောင်အိပ်ပျော်သွားလဲ မသိဘူး ရောင်ဝါနိုးတော့ မနက် ငါးနာရီရှိနေပြီ ခေါင်းတခုလုံးလည်း ကိုက်နေပြီးတော့ ကိုယ်အပူရှိန်ကလည်း တဖြည်းဖြည်းပိုပို ပူနေသလိုပဲ မနေ့ကဆေးမသောက်လိုက်လို့ဖြစ်မယ်
ရောင်ဝါ အိပ်ရာက ကြိုးစားထလိုက်ပြီး ရေချိုးခန်းထဲဝင်လိုက်ပြီး မျက်နှာသစ်လိုက်ပြီး laptopကိုဆွဲပြီး အလုပ်လုပ်ဖို့ပြင်လိုက်တယ် ဒီနေ့ presentation လုပ်ဖို့ရှိသေးတယ်လေ ဒီတစ်ခါ projectက ရောင်ဝါတာဝန်ယူထားတာမလို့ အလုပ်ပျက်ထားတာတွေလည်းရှိတော့ တာဝန်ကျေရမယ်လေ ရောင်ဝါရဲ့ designက summer productအနေနဲ့ ဖြန့်ဖြူးမှာဆိုတော့ အကျိုးအမြတ်များသလို တာဝန်လည်းကြီးတယ် ခုချိန်မှာ ခနလေး အလင်းကိုသတိရတာမေ့ဖို့ အလုပ်ကို အာရုံစိုက်လိုက်မိတယ်
ဒေါက် ဒေါက်
"အစ်ကိုလေး"
"ဖွင့်ထားတယ် ဝင်ခဲ့ နေသော်"
"အစ်ကိုလေး နေမကောင်းဘူးလား ကျွန်တော် ဆရာဝန်ခေါ်လိုက်မယ်"
"ရတယ် မခေါ်နဲ့တော့ ကျွန်တော် ခနနေ ရုံးသွားမှာ"
"အစ်ကိုလေး နေမှမကောင်းတာ တရက်လောက် ခွင့်ယူလိုက်ပါလား"
"ကျွန်တော်ရုံးပျက်တာများနေပြီ နေသော် သွားဖို့သာစီစဉ်ပေးပါ ကျွန်တော်ခနနေ ဆင်းလာမယ်"
VOCÊ ESTÁ LENDO
ဖူးစာ
Romanceမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...