"အလင်းလေး"
ကိုကိုရဲ့ ရဲနေတဲ့မျက်နှာလေးနဲ့ အနည်းငယ် တုန်နေတဲ့အသံလေးကြောင့် johnမျက်မှောင်ကြုတ်လိုက်မိတယ် ကိုကိုရဲ့လက်လေးကို ဆုပ်ကိုင်လိုက်တော့ အေးစက်နေတာကြောင့် john ကိုကို့ လက်လေးကို ဖွဖွလေးနမ်းလိုက်ပြီး
"ဘာမှမဖြစ်ဘူး johnရှိတယ်နော် ခုဘာဖြစ်တာလဲ "
"ကိုကိုက ဟို sneakerလေးလိုချင်တာ အဲဒါ"
"ဒီလိုပါ လူကြီးမင်း ဒီက"
"မင်းကို ငါမေးနေလို့လား မင်းပါးစပ်ပိတ်ထား"
Johnဝတ်ထားတဲ့ အနောက်တိုင်းဝတ်စုံနဲ့ johnပုံစံက သာမာန်လူတယောက်မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတဲ့ စာရေးမက ချက်ခြင်းပုံစံပြောင်းသွားပြီး အတင်းဝင်းရှင်းပြမလို လုပ်နေတာကြောင့် john ပိတ်အော်ပစ်လိုက်တယ် မျက်နှာအမျိုးမျိုးနဲ့ မိန်းမ
"ကိုကိုက sneaker စီးရတာ မကြိုက်ဘူးမလား ဘာလို့ ဝယ်မှာလဲ"
"အလင်းလေးဖို့လေ အလင်းလေးက sneaker စီးရတာကြိုက်တယ်မလား ကိုကိုက designကြိုက်လို့ ပြဖို့ပဲပြောတာကို ကိုကို့ ကိုဝယ်နိုင်မှ ပြမယ်လို့ ပြောနေတာ"
John အရောင်းစာရေးမဖက်ကို ကြည့်လိုက်ပြီး
"မင်းတို့ဆိုင်က customerကို အဲလိုပဲဆက်ဆံတာလား"
"မဟုတ်ပါဘူး လူကြီးမင်း အထင်လွဲမှားမှုနည်းနည်းဖြစ်သွားတာပါ ဒီက အစ်ကို ကိုလည်းကျွန်မတောင်းပန်ပါ တယ် ဖိနပ်ကို ကျွန်မ ခုပဲ ယူပြ ပါမယ် အထဲကိုကြွပါရှင်"
John ကိုကို့လက်ကိုဆွဲပြီး ဆိုင်ထဲဝင်လိုက်ရင်း နေသော်တို့ကို လာဖို့ message ပို့လိုက်တယ်
"မဝယ်ချင်တော့ဘူး ပြန်ရအောင် အလင်းလေး"
"လာပါ ကိုကို johnကိုဝယ်ပေးမယ်ဆိုပြီး အဲလိုလုပ်လို့ရမလား"
ကိုကို ကအတင်းပြန်ထွက်မယ်လုပ်နေတာကြောင့် john ကိုကို့လက်ကိုဆွဲလိုက်ပြီး ဆိုင်ထဲက နှစ်ယောက်ထိုင် ဆိုဖာမှာ ထိုင်လိုက်တယ်
KAMU SEDANG MEMBACA
ဖူးစာ
Romansaမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...