သုံးလခန့်ကြာပြီးနောက်
နိုင်ငံရဲ့ အကြီးမားဆုံး တရားရုံးတော်တွင် သတင်းထောက်တွေရော ပြည်သူတွေရော ပြည့်နှက်နေတော့တယ် လွန်ခဲ့ တဲ့ တစ်လက နိုင်ငံတော်သစ္စာဖောက်မှု ဇီဝနည်းပညာ အသုံးချပြီး တိုင်းပြည်ကို ဒုက္ခပေးဖို့ ကြံစည်မှု သိပံ္ပပညာရှင်တွေကို လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ တရားစွဲဆိုခံရတဲ့ နိုင်ငံတော် ဝန်ကြီးချုပ် သုတမောင်ကို အမိန့်ချမှတ်မယ့်နေ့ ဖြစ်နေတာကြောင့် ခုလို မစည်းကားသင့်တဲ့ နေရာမှာ လူတွေစည်းကားနေတာပေါ့
လွန်ခဲ့တဲ့ တလက မြို့တော်မှာ ဓာတ်ငွေ့တွေပျံနှံ့လာပြီး လူတွေတော်တော်များများ အဆိပ်သင့်မှုဖြစ်ပွားခဲ့ပီး လူပေါင်း 100လောက်သေဆုံးခဲ့တယ် အဲ့ပြသာနာကို လက်ရှိသမ္မတ ရဲ့ မြေးဖြစ်တဲ့ မဟာမော်ကွန်းနဲ့ ပညာရှင်အုပ်စုက ဖြေရှင်းပေးခဲ့ပြီး ဝန်ကြီးချုပ်ကို တရားခံအဖြစ် တရားစွဲဆိုခဲ့ကြတယ် တစ်လတိုင်တိုင် အမှု ရင်ဆိုင်ပြီးချိန်မှာ တော့ ဒီနေ့ အမိန့်ချမယ့်နေ့ကို ရောက်လာတော့တယ်
ကွန်း သွေးလက်လေးကို ဆုပ်ကိုင်လိုက်ပြီး တရားသူကြီး အမိန့်ချမှာကို စောင့်နေမိတယ် ကွန်းတို့ဖက်က ရှေ့နေတွေက သေဒဏ် စီရင်ဖို့ တောင်းဆိုနေပင်မယ့် သူတို့ဖက်ကလည်းလွတ်မြောက်ဖို့ အသဲအသန်ကြိုးစားထားတာကြောင့် တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို စိတ်လှုပ်ရှားနေမိတယ်
"သခင်ကြီး"
"ဘာ အမိန့်ချလိုက်လဲ နေသော်"
"တသက်တကျွန်းတဲ့"
"အဲဒါဆိုတော့လည်း ငါတို့အစီအစဉ်အတိုင်းစလိုက်တော့"
"ဟုတ်ကဲ့ပါ သခင်ကြီး"
"ကိုကို့ ကို ဒုက္ခပေးခဲ့တဲ့ လူကိုအဲလောက်ပြစ်ဒဏ်လေးနဲ့ ကျေနပ်ပေးလို့ ဘယ်ဖြစ်မလဲနော်ကိုကို ကိုကိုက john လက်ကို သွေးစွန်းတာမကြိုက်ပင်မယ့် johnလက်တော့ ထက်သွေးစွန်းရတော့မယ် ကိုကို မကြိုက်တာကို ထပ်လုပ်မိတဲ့အတွက် ပြီးမှ johnကို ဆူချင်ဆူပါတော့ ကိုကို"
ESTÁS LEYENDO
ဖူးစာ
Romanceမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...