"မင်းမျိုး လာကြည့် လာကြည့် ဒါအရမ်းမိုက်တယ်"
ရောင်ဝါ အသံကြောင့် မင်းမျိုးနဲ့ထွန်းဝေ ရောင်ဝါ့ computerကိုကြည့်လိုက်ကြတယ်
"Wow မိုက်လှချည်လား ဘာလဲ ဒါလဲ မင်းဘဲကြီးကို ကြည့်ပြီး design ဆွဲထားတာမလား"
"ဒါပေါ့ ငါ့ဆီက designတွေမှန်သမျှ အလင်းလေး တယောက်ထဲကို မြင်ယောင်ပြီး ဆွဲထားတာ"
"Wow ကြယ်စင်ရောင်ဝါ တို့ ကro တယ်ကွာ"
"ဒီနားလေးကို shade နည်းနည်းလေး ထည့်ရင်ကောင်းမယ် ထင်တယ်"
မင်းမျိုး ရောင်ဝါရဲ့ computerကို ထောက်ပြီး ပြနေတုန်း ကျောထဲစိမ့်ခနဲဖြစ်သွားတဲ့ ခံစားချက် ကိုရလိုက်တယ် တခန်းလုံးလည်း တိတ်ဆိတ်သွားတာကြောင့် မင်းမျိုးလည်း အခန်းအပေါက်ဝကို ကြည့်မိလိုက်တော့ မင်းမျိုး မျက်လုံးပြာပြာတွေ နဲ့ ကြည့်နေတာကြောင့် ရောင်ဝါ့ပခုံးပေါ်တင်ထားတဲ့ လက်ကို အမြန် ချလိုက်မိတယ် အကြည့်တွေက အဲ့လက်ကို ခုချလိုက် မချရင် သေမယ်လို့ပြောနေသလိုပဲ
"ဒီနားလေးလား ဟုတ်လား မင်းမျိုး"
ရောင်ဝါက သူ့ဘဲကြီးရောက်နေတာမသိပဲ မင်းမျိုးလက်ကိုလှမ်းဆွဲရင်းမေးနေတာကြောင့် မင်းမျိုး ရောင်ဝါ့ လက်ကိုဆွဲဖြုတ်ပြီး
"သူဌေးရောက်နေတယ်"
"ဟင်"
"အလင်းလေး"
ရောင်ဝါ ထလိုက်ပြီး အလင်းလေးဆီ လျှောက်သွားလိုက်မိတယ်
"ဘယ်တုန်းကရောက်နေတာလဲ"
"ခင်ဗျားလေး သူများရင်ခွင်ထဲ ရောက်နေကတည်းက"
"သူများရင်ခွင်ထဲ ဟုတ်လား ကိုကိုက အလင်းလေး ရင်ခွင်ထဲကလွဲရင် ဘယ်သူရင်ခွင်ထဲမှမဝင်ပါဘူးနော်"
မျက်လုံးလေး ကလဲကလဲ နဲ့ မော့ကြည့်ပြီး ပြောနေတဲ့ ကိုကို့ကို ကြည့်ပြီး အသဲယားတာကြောင့် နှုတ်ခမ်းလေးကို နမ်းလိုက်မိတယ်
![](https://img.wattpad.com/cover/300244111-288-k460546.jpg)
KAMU SEDANG MEMBACA
ဖူးစာ
Romansaမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...