"မေမေ ဒါသားဆယ်တန်းတုန်းက သူငယ်ချင်းလေ ရောင်နီရိပ်လေ မေမေ မှတ်မိတယ်မလား"
"မှတ်မိတာပေါ့ သားကို အန်တီကသတိရနေတာ ခု သားဘာတွေလုပ်နေလဲ"
"ရောင်နီက သားတို့ခြံဘေးကို မနေ့ကပြောင်းလာတာ ခုသူကဆရာဝန်ကြီးဖြစ်နေပြီ"
"ဟုတ်လား အဲဒါဆို အတော်ပဲ သား အန်တီတို့မိသားစု ဆရာဝန်လုပ်ပေးပါလား အန်တီက ရင်းနှီးတဲ့သူထားချင်တာ အရင်ဆရာဝန်က နိုင်ငံခြားပညာတော်သင်ထွက်သွားတော့ အန်တီတို့ ဒုက္ခရောက်နေတာ"
"ဟုတ်ကဲ့ အန်တီရပါတယ်"
"ကျေးဇူးပါ သားရယ် ဒါနဲ့ အိမ်ထောင်ရော ကျပြီလား"
"ဟုတ် အန်တီ ဒါ ကျွန်တော်ဇနီး ဒေါက်တာမေလရောင်တဲ့ ဒါက ကျွန်တော်သား ကြယ်စင်ရောင်ဝါတဲ့"
"အော် မြေးကလူချောပဲ"
"ကျေးဇူးတင်ပါတယ် ဖွား"
"ကြည့်စမ်း လူလိမ်မာလေးပဲ အိမ်ကမြေးမနဲ့ အသက်တူတူလောက်ပဲရှိမယ်ထင်တယ်"
"သားက johnထက် နှစ်နှစ် ကြီးတယ် မေမေရဲ့"
"ဟုတ်လား အလင်းလေး နောက်ဆို ရန်ကုန်လာလည်ရင် ပျင်းစရာမလိုတော့ဘူး ကိုကိုနဲ့ ဆော့လို့ရပြီပေါ့"
"အလင်းလေး ကိုကို ကိုနှုတ်ဆက်လိုက်အုံးလေ"
"ချောကလက်တုံးကို ကိုကိုလို့ခေါ်ချင်ပါဘူး ချောကလက်တုံးက အလင်းထက်လည်း ပုသေးတယ် လူကောင်ကလည်း သေးသေးလေး အလင်းထက်တောင် ငယ်မယ်ထင်ထားတာ"
"John"
"daddyကလည်း john ပြောတာမှားလို့လား ပုပုညိုညိုလေး johnစားနေကြ ချောကလက်လေးကြနေတာပဲ"
ဘိုမရုပ်လေး ပြောမှပဲ ရောင်ဝါ့ ကိုယ့်ဘာသာ ပြန်ငုံ့ကြည့်မိတယ် ရောင်ဝါ ဖေရော မေရောက မြန်မာလူမျိုးအနေနဲ့ဆိုရင် အရပ်ရှည်တဲ့ထဲ ပါတယ်ဆိုပင်မယ့် ဘိုမရုပ်လေးတို့ daddyတို့ မာမီတို့နဲ ယှဉ်ရင်တော့ ပုတယ်လို့ပြောရမှာပေါ့ ဘိုမရုပ်လေးက မျိုးရိုးလိုက်ပြီး ကျွန်တော့ထက်အရပ်နည်းနည်းရှည်ပြီး နည်းနည်းလည်းထွားတယ်ပြောရမယ်
![](https://img.wattpad.com/cover/300244111-288-k460546.jpg)
KAMU SEDANG MEMBACA
ဖူးစာ
Romansaမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...