သခင်ကြီးတို့ထွက်သွားတာကို ကြည့်ရင်း စစ်သွေးမာန် ကွန်းဖက်ကိုလှည့်ကြည့်လိုက်ရင်း
"ကွန်း ကွန်းရော ဘာစားချင်လဲ"
"မင်းက ငါစားချင်တာကို တကယ်ကျွေးမှာလဲ"
"အင်း သွေးက ကွန်းစားချင်တာ ဘာမဆို ကျွေးမှာပေါ့"
ကွန်း သွေးနားနားလေးကို ကပ်ပြီး
"ကွန်းက သွေးကို စားချင်တာလေ ကျွေးမှာလား"
နားလေးကို ကိုက်ပြီးပြောလိုက်တော့
"ငါတို့ရှိသေးတယ်နော် သခင်ကြီးတို့အတွဲမရှိလို့များ ခွေးစားစားရတာ လွတ်မလား အောင်မေ့တယ် မင်းတို့ ကလာကျွေးနေပြန်ပြီ"
"ဟုတ်ပါ့ နေသော် ငါတို့လည်း သွားရအောင် ဒီထဲမှာ ဆက်မနေနိုင်တော့ဘူး"
"အလင်းလေး"
"ဟင် ကိုကို ပြောလေ"
John ကားနောက်ခန်းမှာ ကိုကိုနဲ့ အတူတူထိုင်ရင်း ကိုကို့ လက်လေးကို ဆုပ်ကိုင်ပြီး မေးလိုက်မိတယ်
"ဒီတပါတ် ကိုကိုဆွဲထားတဲ့ ဝတ်စုံ design ကို နှစ်ထည်ပဲထုတ်နော်"
"ဘာလို့လဲ ကိုကိုရဲ့"
"ကိုကိုနဲ့ အလင်းလေးအတွက် limited editionလေ ကိုကို အလင်းလေးကို ရည်ရွယ်ပြီး ဆွဲထားတာမလို့ တခြားသူကို မဝတ်စေချင်ဘူး"
"ဟုတ်ပါပြီ ကိုကို့သဘော johnမှာထားလိုက်မယ်"
"ကိုကို johnအတွက်ပဲ သီးသန့် designerလုပ်ပါလား ကိုကို ဆွဲတဲ့ designတွေကို သူများတွေ မဝတ်စေချင်တော့ဘူး"
"အဲလို တကယ်လုပ်ပေးရမှာလား"
"ကိုကိုက ဆန္ဒရှိမှပါ"
"ကိုကိုက ဒီအလုပ်လုပ်ကတည်းက အလင်းလေးတယောက်တည်းအတွက်ရည်ရွယ်ပြီး လုပ်ခဲ့တာ အလင်းလေးသာဆန္ဒရှိရင် အလင်းလေးရဲ့ သီးသန့်designerလည်း ဖြစ်ပေးနိုင်သလို အလင်းလေးတစ်ယောက်တည်းအတွက်ပဲ ဖြစ်တည်ပေးနိုင်တယ်"

VOCÊ ESTÁ LENDO
ဖူးစာ
Romanceမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...