ပါတ်ဝန်းကျင်တခုလုံးရောင်စုံပန်းခင်းတွေ နဲ့ စိမ်းလန်းစိုပြေအောင်လှပနေပင်မယ့် တိတ်ဆိတ်မှုတွေက ကြီးစိုးနေတော့တယ် အရမ်းကိုလှပတဲ့နေရာရောက်နေပင်မယ့် ရောင်ဝါ စိတ်ထဲမှာ ကြောက်လန့်နေပြီး ပါတ်ဝန်းကျင်ကိုလိုက်ကြည့်ရင်း အလင်းလေးကို လိုက်ရှာနေမိတယ် အလင်းလေးသာရှိရင် သူ့ကိုမကြောက်ဖို့ ပြောပြီး ပွေ့ဖက်ထားမှာ
"အလင်းလေး"
"အလင်းလေး"
"ကိုကို"
"အလင်းလေး"
ရောင်ဝါ တခါမှမရောင်ဖူးတဲ့ နေရာတခုရောက်နေတုန်း အလင်းလေးရဲ့အသံကို ကြားလိုက်ရတော့ ဝမ်းသာအားရ ခေါ်လိုက်မိပြီး ရောင်ဝါ အလင်းလေးဆီ သွားဖိုအလုပ်မှာ အလင်းလေးက ရောင်ဝါကို လက်ကာပြပြီး
"ကိုကို မလာနဲ့ johnဆီမလာနဲ့ johnသွားရတော့မယ် johnဆီကိုကို လာလို့မရဘူး"
"ဘာလို့လဲ"
ရောင်ဝါ အလင်းလေးဆီ သွားမယ်အလုပ်မှာ ကြားထဲက မီးတွေထွက်ပေါ်လာပြီး
"အ"
"ကိုကို မလာနဲ့တော့ johnကိုကို့ ကိုလာနှုတ်ဆက်တာ"
"မသွားနဲ့ မသွားပါနဲ့ အလင်းလေး ကိုကို့ကိုမထားခဲ့နဲ့"
အလင်းလေးမျက်နှာက ဖြူဖျော့နေပြီး မျက်ရည်တွေကျရင်း ရောင်ဝါကို ငေးကြည့်နေတော့တယ်
"ကိုကို ဆီ johnလာလို့မရတော့ဘူး"
"အလင်းလေး လာလို့မရရင် ကိုကိုက အလင်းလေးဆီ လာခဲ့မယ်လေ ကိုကိုလာခဲ့မယ်နော်"
"ကိုကိုလည်း လာလို့မရဘူး"
"အလင်းလေးက ကိုကို့ကို ထားခဲ့တော့မလို့လား အလင်းလေးက ကိုကို့ကို မချစ်တော့ဘူးလား အလင်းလေးမရှိရင် ကိုကိုက ဘယ်လိုနေရမှာလဲ"
"Johnကိုကို့ကို ချစ်တယ် အရမ်းချစ်တယ် johnဘဝမှာ ကိုကို့ ကိုအချစ်ဆုံးပဲ ကိုကို က လိမ်မာပါတယ် johnစကားကိုနားထောင်ပြီး နေခဲ့တော့နော်"
YOU ARE READING
ဖူးစာ
Romanceမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...