"ကိုကို ရယ် မဖြစ်နိုင်တာကြီးကို"
"ဖြစ်နိုင်တယ် ဖြစ်နိုင်ပါတယ်ဆို အလင်းလေးကလဲ"
"တခြား ဟာပြောနော် john ကိုကို့ကလိမ်မာပါတယ် johnတခြားဟာဆို ဖြည့်ဆည်းပေးမယ်နော်"
"မရဘူး ကလေး ကလေးပဲလိုချင်တာ"
ကိုကိုက အိမ်ထောင်ကျပြီးမှ ပိုပို ဆိုးပြီး ဂျီလည်းအရမ်းကျတတ်လာတယ် ငယ်ငယ်က johnနဲ့ တူတူကြီးလာတဲ့ ကြယ်စင်ရောင်ဝါဆိုတာ ပုံပြင်စာအုပ်ထဲမှာ လိုက်ရှာရတော့မလိုပဲ ကိုကိုဖေဖေတို့ပြောတာကတော့ ကိုကို အဲလောက်ဆိုးလာတာ johnအရမ်းအလိုလိုက်လို့တဲ့ အလို မလိုက်လို့လည်းရမှမရတာ johnက ကိုကို့ကို ချစ်တာကို
ခုလည်း Tv ကလာတဲ့ return of supermanဆိုလား အဲအစီအစဉ်ကြီးပြီးတော့ ကလေးလိုချင်တယ်တဲ့ ဘယ်လောက်ပဲနားလည်အောင်ရှင်းပြ ရှင်းပြ လိုချင်တယ် ဆိုတာချည်း ပဲ မရတော့ အိပ်ရာထဲမှာ စိတ်ကောက်နေပြန်ရော johnမှာ သူများကလေးပဲသွားခိုးပေးရမလို ကိုယ်ဝန်ပဲပြေးဆောင်ရမလိုနဲ့
ပြီးတော့ ကိုကိုဖတ်နေတဲ့ စာအုပ်တွေထဲမှာ ယောက်ကျားလေးကိုယ်ဝန်ဆောင်ဆိုလား အဲဒါတွေဖတ်ပြီး တနေ့တနေ့ သူကျတော့ ကိုယ်ဝန်မရှိလို့ဆိုပြီး johnကို အသေအကျေရစ်နေတာ
ဒုန်း
"ဒီနေ့ကစပြီး ကိုကို လိုချင်တဲ့ ကလေး မရမချင်း ကိုကို့နားကို အလင်းလေး ယောင်လို့တောင် မကပ်နဲ့"
"ဟာ ကိုကိုရာ"
"သခင်ကြီး"
"နေ"
"အစ်ကိုလေး စိတ်ကောက်နေပြန်ပြီလား"
"အင်း"
"ဒါဆို ဒီလိုလုပ်မလား သခင်ကြီး"
"ဘာကိုလဲ"
နေ တိုးတိုးနဲ့ သခင်ကြီးနားကပ်ပြီး ပြောလိုက်တော့ သခင်ကြီး ခေါင်းငြိမ့်ပြီး
"သွားစီစဉ်ထားလိုက်"
"ဟုတ်ကဲ့ သခင်ကြီး"

ESTÁS LEYENDO
ဖူးစာ
Romanceမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...