အခန်း(12)

13K 965 6
                                    

ဒီ​နေ့ ​ရောင်​ဝါတို့​စေ့စပ်​​ကြောင်းလမ်းဖို့ သတို့သမီးအိမ်​ကိုသွားဖို့ စိတ်​မပါတပါနဲ့ ပြင်​​နေလိုက်​တယ်

"သား မြန်​မြန်​လုပ်​ ​မေ​မေတို့ ​နောက်​ကျမယ်​"

"ဟုတ်​ကဲ့ ​မေ​မေ သားလာပါပြီ"

ရောင်​ဝါ တိုက်​ပုံအင်္ကျီ အဖြူ​ရောင်​​လေးကို ယူပြီး ​အောက်​ထပ်​ကို ဆင်းလာလိုက်​တယ်​ ​ရောင်​ဝါ ​လှေကားထိပ်​အ​ရောက်​မှာ ကြားလိုက်​ရတဲ့ အသံ​အောအောလေး​ကြောင့်​ ဧည့်​ခန်းကို အမြန်​ ကြည့်​မိလိုက်​​တယ်

တကိုယ်​လုံးနက်​​ဆွေး​နေ​အောင်​ဝတ်​ထားတဲ့ အလင်း​လေးက ​ရွှေအို​ရောင်​ဆံပင်​​လေးကို ဆံထုံးပုံစံထုံးထားတာ​ကြောင့်​ မျက်​နှာတခုလုံးရှင်းလင်း​နေတယ်​ နားနှစ်​ဖက်​မှာလည်း နားကပ်​တဖက်​နဲ့ နားဆွဲအရှည်​ တဖက်​ဆီ ဆွဲထား​သေးတယ်​ 

"အန်​ကယ်​ ကိုကျွန်​​တော်​​ပြောသားပဲ ကိုကို့ ကို ဘယ်​သူနဲ့မှ လက်​ထပ်​​ပေးလို့မဖြစ်​ဘူးလို့ ကျွန်​​တော်​က ကိုကို လွတ်​လွတ်​လပ်​လပ်​​နေရ​အောင်​ လက်​မထပ်​ချင်​ဘူး လို့ ​ပြောထားတာ ခုလို တခြားတစ်​​ယောက်​ကို လက်​ထပ်​ဖို့တို့ ​စေ့စပ်​ဖို့တို့ ခွင့်​ပြုဖို့ မဟုတ်​ဘူး"

"မင်း ငါ့အိမ်​ထဲက ခုချက်​ခြင်း ထွက်​သွားစမ်း"

"ခန​လေး ​နေပါအုံးအန်​ကယ်​ရဲ့ ကျွန်​​တော်​​ပြောစရာ​လေးရှိလို့ပါ အန်​ကယ်​တို့ ဟိုတစ်​ပါတ်​က ​ဆေးရုံအသစ်​​ဆောက်​တာ တဝက်​တပြတ်​ နဲ့ ရပ်​​နေတယ်​ဆို အဲ​ဆေးရုံအတွက်​ အန်​ကယ်​မှာ ရှိသမျှ ပုံ​အောထားတယ်​လို့ ကြားတယ်​ ဥပမာ ဒီအိမ်​ အပါအဝင်​​ပေါ့ တကယ်​လို့ shareရှင်​သာ မ​တွေ့ရင်​ ဒီလကုန်​တာနဲ့ လက်​ရှိ​နေတဲ့ အိမ်​ကဆင်း​ပေးရမယ့်​အပြင်​ လက်​ရှိ​ဆေးရုံက ပိုက်​ဆံ​တွေပါ ယူသုံးထား​တော့ ​ထောင်​ပါ ကျနိုင်​တယ်​လို့ ကျွန်​​တော့်​သိထားတယ်​"

"ကို ​ဖေ​ဖေ"

မေ​မေနဲ့ ​ရောင်​ဝါ အလင်း​လေး စကား​ကြောင့်​ အလန့်​ တကြား ​ဖေ​ဖေကို ​ခေါ်လိုက်​မိတယ်

ဖူးစာOnde histórias criam vida. Descubra agora