အခန်း(4)

12.8K 983 63
                                    

ရောင်​ဝါတို့ ည(9)နာရီ​လောက်​မှ အိမ်​ပြန်​​ရောက်​​တော့ ​ဖေ​ဖေနဲ့ ​မေ​မေ​တောင်​ ဖွားအိမ်​​ရောက်​​နေပြီ​လေ

"​မေ​မေနဲ့ ​ဖေ​ဖေ​ရောက်​​နေတာလား"

"ဟုတ်​တယ်​သား​ရေ လင်းမာန်​က အန်​တီကိုဖုန်းဆက်​မရလို့တဲ့ အရမ်းစိတ်​ပူ​နေလို့ ​ဖေ​ဖေတို့ ဒီဖက်​အိမ်​​ရောက်​​နေတာ"

"ယတြာပါ​ချေ​နေလို့ ​နောက်​ကျသွားတာ ​မောင်​​ရောင်​နီ​ရေ ဒါနဲ့ ​မြေးမ​လေးအ​ခြေအ​နေ သိရပြီလား"

"လည်​​ချောင်းခွဲစိတ်​မှုလုပ်​လိုက်​ရတယ်​​ပြောတယ်​ operationက​အောင်​မြင်​တယ်​တဲ့ အသံပိုင်းဆိုင်​ရာ ထိခိုက်​သွားတယ်​​ပြောတယ်​"

"အသက်​အန္တရာယ်​မရှိတာပဲ ​တော်​​သေးတယ်​​ပြောရမှာပဲ ဘုရားကယ်​တာပဲ"

"ဟုတ်​တယ်​ အန်​တီ ​တော်​​သေးတယ်​​ပြောရမယ်​"

"ဒါနဲ့ ​ဖေ​ဖေ"

"အလင်း​လေးတို့ ဒီကိုလာအုံးမှာလား"

"လာမယ်​တဲ့ တပါတ်​​လောက်​​တော့​နောက်​ကျမယ်​​ပြောတာပဲ"

"ဖွား ​မြေးက အလင်း​လေးကို ဖွားထက်​​တောင်​​မျှော်​​နေသလိုပဲ"

"ဟို သားက အလင်း​လေးကိုမ​တွေ့ရတာကြာလို့ သတိရ​နေလို့ပါ ဖွားရဲ့"

"ကြည့်​ရတာ​တော့ ​ရောင်​နီ​ရေ ငါတို့​တော့ အမျိုး​တော်​ရ​တော့မယ်​ထင်​တယ်​"

"ဟုတ်​တယ်​ အန်​တီ​ရေ"

"ဟားးးးး"

ဧည့်​ခန်းတ​လျှောက်​ ရီသံ​တွေဆူညံသွားသလို ကြယ်​စင်​​ရောင်​ဝါတစ်​​ယောက်​ မျက်​နှာကြီးရဲတွတ်​​နေ​တော့တယ်

"သား ခုချိန်​ထိအဝတ်​အစားလဲလို့ မပြီး​သေးဘူးလား သားဖွားက ခန​နေဆို သွား​တော့မှာ​လေ သားပဲ အလင်း​လေးကို သွားကြိုချင်​တယ်​ဆို"

"လာပြီ ​မေရဲ့ သားဘာဝတ်​ရမလဲ မသိဘူးဖြစ်​​နေလို့"

"​မေ့သားက​ချောပြီးသားပဲ ဘာဝတ်​ဝတ်​လိုက်​တယ်​ မြန်​မြန်​လုပ်​"

ရောင်​ဝါ ဟိုတ​နေ့ကမှညှပ်​ထားတဲ့ ​ရှေ့ဆံပင်​​လေးကို ခပ်​အုပ်​အုပ်​ချလိုက်​ပြီး စားပွဲ​ပေါ်တင်​ထားတဲ့ ဖူးစာကြိုး​လေးကို ​ဘောင်းဘီအိတ်​ထဲထည့်​လိုက်​တယ်

ဖူးစာOù les histoires vivent. Découvrez maintenant