အခန်း(40)

8.8K 614 32
                                    

"အာ ဗိုက်​ကို ပြည့်​သွားတာပဲ"

Hotpot ဆိုင်​ထဲကထွက်​လာပြီး ကား​ပေါ်တက်​လာတဲ့ ကိုကိုက သူ့ဗိုက်​​လေးကိုပုတ်​ပြီး ​ပြော​နေတာ​ကြောင့်​ johnပြုံးလိုက်​မိတယ်

"ရုပ်​ရှင်​ရုံသွားမယ်​​နော်​ကိုကို"

"အင်း"

ရုပ်​ရှင်​ရုံမှာ လက်​မှတ်​ဝယ်​ထားပြီးသားဆို​တော့ နှစ်​​ယောက်​သားရုံထဲဝင်​လိုက်​​တော့တယ်​ စုံတွဲခုံဆို​တော့ လွတ်​လွတ်​လပ်​လပ်​ပဲ ကိုကို့လက်​​လေးကို ဆုပ်​ကိုင်​ကြီး ကိုကို့မျက်​နှာ​လေးကို အ​မှောင်​ထဲမှာ​ငေးကြည့်​မိတယ်​ johnတို့ထိုင်​တဲ့ တတန်းလုံးအပြင်​ ​ရှေ့တန်း​ရော ​နောက်​တန်း​ရောပါ ဝယ်​ထားတာဆို​တော့ ကိုကိုနဲ့ johnက လွတ်​လွတ်​လပ်​လပ်​ကြည့်​လို့ရတယ်​​လေ johnသ​ဘောသာဆို တရုံလုံး ငှါးမယ်​လို့ စိတ်​ကူးထားပင်​မယ့်​ ကိုကိုကတခြားလူ​တွေနဲ့ပါ အတူကြည့်​ချင်​တာတဲ့​လေ အဲလိုဂျစ်​တူးတူး​လေးပါဆို

Johnခွံ့​ကျွေးတဲ့ ​ပေါက်​​ပေါက်​ဆုပ်​ကိုပါးစပ်​​လေးဟ ​ပေးပြီး ဝါး​နေတဲ့ အပြင်​ အ​အေးကိုလည်းအလွတ်​မ​ပေးပြန်​ဘူး

"ဟင်​ အလင်း​လေး ဘာလို့လက်​ကြီးလာ​ကျွေးတာလဲ"

"​ပေါက်​​ပေါက်​ဆုပ်​ ကုန်​သွားလို့​လေ johnလက်​​ကျွေးတာ"

"ကုန်​သွားပြီလား အလင်း​လေးစားပစ်တာမလား"

"Johnတခု​လေး​တောင်​မစားရပါဘူး ကိုကိုရယ်​"

"ဟုတ်​လို့လား"

ရုပ်​ရှင်​ရုံထဲဝင်​ကတည်းက အဆက်​မပြတ်​စား​နေပြီး​တော့ ကုန်​သွား​တော့ johnစားပစ်​လိုက်​တာလားတဲ့ ​မေးလည်း​မေးတတ်​ပါ ကြယ်​စင်​​ရောင်​ဝါရယ်

ပေါက်​​ပေါက်​ကုန်​သွား​တော့ အ​အေးဘူး​လေးကို ပိုက်​နဲ့ တပြွတ်​ပြွတ်​ စုပ်​​သောက်​​နေပြန်​တယ်​ တပြွတ်​ပြွတ်​နဲ့ နှုတ်​ခမ်း​လေး​ထော်​ပြီး ​သောက်​​နေတဲ့ ကိုကို့ကို အသဲယားလို့ johnဖက်​ဆွဲလှည့်​လိုက်​ပြီး နှုတ်​ခမ်း​လေး ကို ဖိကပ်​ပစ်​လိုက်​တယ်

ဖူးစာDonde viven las historias. Descúbrelo ahora