အခန်း(13)

13.1K 989 14
                                    

ရောင်​ဝါနဲ့ ​မေ​မေတို့ ​ဖေ​ဖေဆီလိုက်​သွားပြန်​​တော့လည်း ​ဖေ​ဖေက အာမခံ​တောင်​မရပဲ အချုပ်​ထဲ ထည့်​ထားတာ​ကြောင့်​ ​ရောင်​ဝါပိုဝမ်းနည်းမိတယ်

မေ​မေလက်​ကိုဆွဲပြီး ​ရဲစခန်းထဲက​နေထွက်​လာ​တော့ ​ရောင်​ဝါဘယ်​ကိုသွားရမှန်းမသိ ဖြစ်​​နေမိတယ်​ အိမ်​ကလည်း ချိတ်​ပိတ်​ခံထားရတယ်​ ဘဏ်​မှာရှိတဲ့ ပိုက်​ဆံ​တွေကလည်း ​ဖေ​ဖေ ဘယ်​အချိန်​ကတည်းက ထုတ်​သွားမှန်းမသိတာ​ကြောင့်​ တပြားမှာမရှိ​တော့ဘူး ​ရောင်​ဝါ လစာ​လေး5သိန်း​လောက်​သာ လက်​ထဲမှာရှိ​နေတယ်

"သား သား​ဖေ​ဖေကို ဘယ်​လိုလုပ်​ကြမလဲ ပိုက်​ဆံ​တွေမရှိ​တော့တာ ဘာမှမဖြစ်​ဘူး ​မေ​မေတို့နယ်​က သားအဖွားအိမ်​မှာ ​ဆေးခန်း​လေးဖွင့်​ပြီး​နေလို့ရတယ်​ သား​ဖေ​ဖေကို ဘယ်​လို ဘယ်​လိုလုပ်​ကြမလဲ"

"ကိုကို"

"ဟင်​ အလင်း​လေး"

ရောင်​ဝါကို ​ခေါ်သံကြားလို့ လှမ်းကြည့်​လိုက်​​တော့ ကားကိုမှီပြီး ရပ်​​နေတဲ့ အနက်​​ရောင်​ ​ဘောင်းဘီတိုနဲ့ စွပ်​ကျယ်​ပုံစံ အင်္ကျီနဲ့ အလင်း​လေးကို ​တွေ့လိုက်​ရတယ်

မေ​မေက အလင်းဆီ ​ပြေးသွားပြီး လှမ်းရိုက်​လိုက်​တာ​ကြောင့်​ ​ရောင်​ဝါအမြန်​​ပြေးဆွဲလိုက်​ရတယ်

"​မေ​မေ"

"မင်း မင်း ငါ့တို့မိသားစုကို ဒုက္ခ​ရောက်​​အောင်​ လုပ်​တာမင်းမလား"

"အမှန်​အတိုင်း​ပြောရရင်​ ကျွန်​​တော်​ ဘာမှမလုပ်​ရ​သေးဘူး အန်​ကယ်​က သူရှုပ်​ထားတဲ့ အရှုပ်​​တွေ​ကြောင့်​ ဖြစ်​သွားတာပဲ အန်​တီ အန်​ကယ်​ကိုကျွန်​​တော်​ လာကမ်းလှမ်းထားသားပဲ အန်​ကယ်​က လက်​မှမခံတာ"

"ဒါဆို ဒီကိစ္စမှ မင်းမပါဘူးလို့​ပြောချင်​တာလား"

"ခုကိစ္စမှ ကျွန်​​တော်​ မပါရ​သေးဘူး ဒါပင်​မယ့်​ ကျွန်​​တော်​ ကူညီ​ပေးနိုင်​တယ်​ ဥပမာ အန်​ကယ်​ အချုပ်​ထဲက ပြန်​ထွက်​လာ​အောင်​​ပေါ့"

"တကယ်​လား အလင်း​လေး တကယ်​ကူညီ​ပေးနိုင်​လား"

"ကူညီ​ပေးနိုင်​တယ်​ ခုချက်​ခြင်းပြန်​လွတ်​​အောင်​​တောင်​ လုပ်​​ပေးနိုင်​တယ်​"

ဖူးစာDonde viven las historias. Descúbrelo ahora