ရောင်ဝါအခန်းထဲကို ဝင်လာတဲ့ အလင်းလေးကိုကြည့်ပြီး မျက်တောင် တောင်မခတ်နိုင်ဘူး အနက်စင်းတွေပါတဲ့ အနောက်တိုင်းဝတ်စုံ ကိုဝတ်ထားပြီး ရွှေအိုရောင်ဆံပင်တွေကို အမြင့်စီးထား တဲ့ အလင်းလေးက အရမ်းကိုလှပနေတယ် မဟုတ်ဘူး ခန့်ညားနေတာ ပုံမှန် ဘောင်းဘီတိုနဲ့ လူငယ်ဒီဇိုင်းကလည်းလှပင်မယ့် ခုပုံစံလေးက ပိုပြီး smart ကျနေသလိုပဲ အလင်းလေးလို့ ခပ်တိုးတိုးလေး ရေရွတ်လိုက်ရင်း
"ဂလု"
ရောင်ဝါ တံတွေးတောင်မျိုချလိုက်မိတယ် ပါးစပ်ကြီးဟပြီး ဘယ်လောက်တောင်ငမ်းနေမိလဲမသိဘူး အလင်းလေးက နှုတ်ခမ်းကိုလာနမ်းတော့မှ ရောင်ဝါသတိပြန်ဝင်လာတော့တယ်
Johnဝင်လာကတည်းက မျက်လုံးတွေကတဖျက်ဖျက်လက်ပြီး ပါးစပ်လေး ဟပြီး ငေးနေတဲ့ ကိုကိုကြောင့် johnတချက်ရီလိုက်ပြီး ဟနေတဲ့ နှုတ်ခမ်းလေးကို အသာလေးထိလိုက်တယ် ပြွတ်ဆိုတဲ့ အသံကြားမှ သတိဝင်လာတဲ့ ကိုကို က မျက်နှာတခုလုံးရဲတွတ်နေအောင် ရှက်သွားတော့တယ်
"အလင်းလေး"
ကိုကိုရဲ့ မျက်နှာရဲရဲလေးကြောင့် ပွေ့ချီလိုက်ပြီး ဘေးကအလုပ်စားပွဲပေါ်တင်လိုက်တယ် ကိုကိုက လန့်သွားတယ်ထင်တယ် johnလည်ပင်းကို လှမ်းဖက်လာတယ်လေ
"ကိုကို johnကိုကြည့်ပါအုံး"
ပခုံးပေါ်မျက်နှာအပ်ထားတဲ့ ကိုကိုက johnကိုမော့ကြည့်တာကြောင့် နှုတ်ခမ်းရဲရဲလေးကို နောက်တကြိမ်နမ်းလိုက်တယ် johnနမ်းတာကို ပြန်နမ်းရမှန်းမသိတဲ့ ကိုကို မျက်လုံးကြီးပိတ်ပြီး အနမ်းခံနေလေရဲ့ အနမ်းတောင် ဘာမှန်းသေချာမသိတဲ့ ကိုကိုက johnကိုတောင် ခိုးပြေးသေးတယ်တဲ့ အိမ်ထောင်ကလည်းကျချင်ပါ့
Johnအောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွကိုက်ပြီးလွှတ်ပေးလိုက်တော့ johnကို မျက်လုံးတောက်တောက်လေးတွေနဲ့ လိုက်ကြည့်နေပြန်တယ်
ESTÁS LEYENDO
ဖူးစာ
Romanceမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...