အခန်း (41)

8.7K 582 67
                                    

"​တောက်​"

John ဝန်​ကြီးချုပ်​ဆီက ​ဒေါသတကြီးထွက်​လာလိုက်​တယ်

"​နေ​သော်​ ကိုကို့​ဘေးနားမှာလူထပ်​တိုးလိုက်​ ​သေချာဂရုစိုက်​ဖို့မှာထားလိုက်​ တခုခုဖြစ်​ရင်​ ကိုကို့​ဘေးနားလူ​တွေ​သေဖို့ပြင်​ထားလိုက်​"

"ဟုတ်​ကဲ့သခင်​ကြီး"

ဝန်​ကြီးချုပ်​ကြည့်​ရတာ johnဘယ်​သူလဲဆိုတာ သိ​နေတဲ့ ပုံပဲ ကိုကို့ ကိုတခုခုအန္တာရယ်​​ပေးမှာကို johnစိတ်​ပူ​နေမိတယ်​ ကိုကို့ ကို အပြင်​မသွားခိုင်းရင်​​ကောင်းမလားပဲ

"သခင်​ကြီး စစ်​​သွေးမာန်​ဆီက ဆက်​သွယ်​လာပါပြီ စမ်းသက်​ချက်​ ပထမအဆင့်​​အောင်​မြင်​တယ်​တဲ့"

"​ကောင်းပြီ သူတို့လိုတာမှန်​သမှစီစဉ်​​ပေးလိုက်​"

"ဟုတ်​ကဲ့ပါ သခင်​ကြီး

John စိတ်​ပူ​နေပင်​မယ့်​ ဒီရက်​ပိုင်းအတွင်း​တော့ ဘာမှထူးခြားတာဖြစ်​မလာပဲ အရာရာအားလုံး ပုံမှန်​အတိုင်းဖြစ်​​နေတယ်​ တခါတ​လေ ငြိမ်​သက်​​နေတာလဲ ​ကောင်းတဲ့အ​ခြေအ​နေမဟုတ်​တာ​ကြောင့်​ ကိုကို့ ကိာ မျက်​​ခြေမပြတ်​ ​စောင့်​ကြည့်​​နေမိတယ်

"အလင်း​လေး သွား​တော့မလား"

"ကိုကို ယူချင်​တာ​တွေပါပြီလား"

"ပါပြီ သွားမယ်​ ဟို​ရောက်​ရင်​ အလင်း​လေးအလုပ်​ပြီးရင်​ ​လျှောက်​လည်​ကြမယ်​​နော်​"

"ဟုတ်​ပါပြီ johnကလိုက်​ပို့​ပေးပါမယ်​"

အလင်း​လေးက ​နေပြည်​​တော်​ကိုသွားတာ ဘာလို့လဲမသိဘူး ကားသုံးစီး​တောင်​ပါတယ်​ ​ရောင်​ဝါတို့ကား​ရှေ့မှာ ​ရော​နောက်​မှာ​ရော ကားတစ်​စီးစီး ပါပြီး အဲကား​ပေါ်မှာလည်း ဇာတ်​ကား​တွေထဲကလို သက်​​တော်​​စောင့်​နဲ့ တူတဲ့ လူ​တွေ ပါ​နေတယ်​ ​ရောင်​ဝါတို့ကားမှာ​တော့ ​နေ​သော်​က ကား​မောင်းပြီး ​နေက​ဘေးက​နေပါလာတယ်​​လေ ခုတ​လော အလင်း​လေးက ​ရောင်​ဝါကို အပြင်​သိပ်​မထွက်​ခိုင်းလို့ ပျင်း​နေတာ

johnတို့ကားက အမြန်​လမ်း​ပေါ်​ရောက်​တာနဲ့ အရှိန်​ပိုမြန်​လာပြီး ကိုကိုက​တော့ john​ပေါ်မှီပြီး အိပ်​​ပျော်​သွား​တော့တယ်​ johnမနက်​ပိုင်း အလုပ်​မပျက်​လို့ ည​နေပိုင်းမှထွက်​ခဲ့တာဆို​တော့ အမြန်​လမ်း​ပေါ်​ရောက်​တဲ့အချိန်​ နည်းနည်း​တောင်​​မှောင်​​နေပြီ​လေ

ဖူးစာWhere stories live. Discover now