"အလင်းလေး"
ရောင်ဝါခေါ်နေပင်မယ့် ရောင်ဝါကို တချက်လှည့်ကြည့်ပြီး.သူ့ရဲ့ computerကြီးထဲ ပေါက်ဝင်မတတ်ကြည့်နေတာကြောင့် အလင်းလေးဘယ်လောက်စိတ်ဆိုးနေလဲ ခန့်မှန်းမိလိုက်တော့တယ်
ရောင်ဝါ အလင်းလေးထိုင်နေတဲ့ ထိုင်ခုံဖက်လျှောက်သွားပြီး ဆုံလည်ထိုင်ခုံကိုလှည့်လိုက်တော့တယ် ထိုင်ခုံကလည်သွားပြီးအလင်းလေးကြည့်နေတဲ့ computerကို ကျောပေးလိုက်သလိုဖြစ်သွားတော့တယ်
"ဘာလုပ်တာလဲ ကိုကို johnအလုပ်လုပ်နေတယ်လေ"
"အလုပ်ကအရေးကြီးလား ကိုကို ကအရေးကြီးလား"
"ကိုကို ကလေးနဲ့ ကိုကိုနေလေ"
"ကိုကိုရဲ့ ကလေးက ဒီမှာလေ ကိုကို ကဘယ်မှာသွားနေရမှာလဲ"
ရောင်ဝါ အလင်းလေးပေါ်ခွထိုင်လိုက်ပြီး မေးလေးကို ကိုင်ပြီး ပြောလိုက်တော့ အလင်းလေးရဲ့နှုတ်ခမ်းထောင့်စွန်းက မသိမသာ တွန့်လိုက်တာကို ရောင်ဝါ မြင်လိုက်တာကြောင့် သူချော့တာ အောင်မြင်သွားမှန်းသိလိုက်တော့တယ်
"ကိုကို့ ကလေးလေးက ကိုကို့ကို စိတ်ကောက်နေတာပေါ့"
"Johnကလေးမဟုတ်ဘူး"
"ကိုကို့အတွက်ကတော့ johnက ကလေးလေး ကိုကိုရဲ့ ကလေးလေးပဲ"
"Johnကလေးမဟုတ်တာ ကိုကို ကပိုသိပါတယ်"
"ခုဆင်းလိုက်တော့ johnအလုပ်လုပ်ရအုံးမယ်"
"မဆင်းပါဘူး ကိုကို ကအလင်းလေးနဲ့ မခွဲနိုင်လို့ ဒီလိုလေးကပ်နေချင်တာ"
Johnကိုပြောပြီး johnခါးကိုဖက်ကာ ရင်ဘတ်နားကို တောက်တဲ့လေးလို ကပ်နေတာကြောင့် johnပြုံးလိုက်မိတော့တယ် ကိုကို ကတကယ်ကို အချွဲတုံးလေး အတတ်လေး johnမှာ စိတ်ဆိုးချင်ရင်တောင် ဘယ်လိုမှအကြာကြီး စိတ်မဆိုးနိုင်အောင် ကိုကို ကတတ်လွန်းတယ်
YOU ARE READING
ဖူးစာ
Romanceမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...