"သခင်ကြီး"
Johnဘယ်လောက်တောင်တွေးနေမိလဲမသိဘူး နေသော်အသံကြားမှ ကြည့်လိုက်တော့ ရုံးချုပ်ရှေ့မှာ ကားရပ်ထားပြီလေ မြန်မာနိုင်ငံက Golden tigerရုံးချုပ်ကို johnခုမှပထမဆုံးအကြိမ်ခြေ ချဖူးတာ အရင်က ဒီရုံးချုပ်ကို နေသော်နဲ့ ရဲရင့်ကပဲ အုပ်ချုပ်ကြတာ တကယ်တော့ ဒီရုံးချုပ်က golden tigerရဲ့ တရားဝင်လုပ်ငန်းတွေဖြစ်တဲ့ hotel လုပ်ငန်းတွေ ခရီးသွားလာရေး လုပ်ငန်းတွေနဲ့ shopping centerတွေကို အုပ်ချုပ်တဲ့နေရာဖြစ်သလို လျိုဝှက်လုပ်ငန်းလုပ်ဆောင်တဲ့ ဌာနချုပ်လည်းဖြစ်တယ် ဒီမှာခန့်ထားတဲ့ ဝန်ထမ်းတွေအကုန်လုံးက Golden Tigerအဖွဲ့ရဲ့ အဖွဲ့ဝင်တွေချည်းပဲ
"သခင်ကြီး အစ်ကိုလေးရဲ့အဖေ ခုပဲလွတ်သွားပြီး ဦးသိဒ္ဓိက စံအိမ်ကို လိုက်ပို့ပေးနေတယ်ပြောပါတယ် ပြီးတော့ သခင်ကြီးမိဘတွေလည်း စံအိမ်မှာရောက်နေပြီလို့ နေနန္ဒက ပြောကာတယ်"
"အင်း နေနန္ဒကို သေချာမှာလိုက် ကိုကိုစားချင်တာ ကိုကို လုပ်ချင်တာတွေကို သေချာလုပ်ပေးလိုက်လို့ "
"ဟုတ်ကဲ့ပါ သခင်ကြီး"
Johnကားပေါ်က ဆင်းပြီး companyထဲလှမ်းဝင်လိုက်တယ် johnပုံစံက အနက်ရောင်ဘောင်းဘီတိုနဲ့ စွပ်ကျယ်ပုံစံ အင်္ကျီတို့ကို ဝတ်ထားတာကြောင့် လုံခြုံရေးက တားမလို လုပ်လိုက်ပင်မယ့် johnရင်ဘတ်က ရွှေရောင် ကျားပုံစံ ရင်ထိုးလေးကို တွေ့လိုက်တာနဲ့ လုံခြုံရေးက ရပ်တန့်သွားတော့တယ် နောက်ကပါလာတဲ့ နေသော်ကိုမြင်လိုက်တာနဲ့ လုံခြုံရေးနှစ်ယောက်က အလန့်တကြား ခေါင်းကို ငုံ့ချလိုက်ပြီး
"သခင်ကြီး"
"ရဲရင့် အဖွဲ့မှူးတွေနဲ့ အစည်းအဝေးလုပ်မယ် ဆယ်မိနစ်အတွင်းပြင်လိုက် နေသော် အဝတ်အစားလဲဖို့ လုပ်ပေး"
"ဟုတ်ကဲ့ပါ သခင်ကြီး"
ရုံးချုပ်မှာ johnရဲ့ရုံးခန်းကို အစောကတည်းကစီစဉ်ထားတာကြောင့် နေသော်က johnကို အခန်းထဲလိုက်ပို့ပြီးမှ အစည်းအဝေးလုပ်ဖို့ စီစဉ်ကြတယ်
![](https://img.wattpad.com/cover/300244111-288-k460546.jpg)
VOCÊ ESTÁ LENDO
ဖူးစာ
Romanceမိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Unicode မိန်းကလေးထင်ပြီများ ယောက်ကျားလေးကို ဖူးစာကြိုးမှားချည်ရတယ်လို့ Start date:1.2.2022 End date:28.3.2022 (ဒီ ficထဲက ပုံတွေသည် internet က ယူသုံးထားတာကြောင့် crdပေ...