အခန်း(31)

9K 645 43
                                    

"လာ ဝင်​ခဲ့​လေ "

ရောင်​ဝါ တိုက်​ခန်းအတွင်း နည်းနည်းလှမ်းကြည့်​လိုက်​ပြီး အထဲကိုဝင်​လာလိုက်​တယ်

"ခနထိုင်​အုံး အစ်​ကို မင်းကို ​ရေခတ်​​ပေးမယ်​"

ရောင်​ဝါထိုင်​ခုံ​လေးမှာထိုင်​ရင်း အခန်းထဲကို လှည့်​ပါတ်​ကြည့်​လိုက်​​တော့ အခန်းထဲမှာဓာတ်​ပုံ​တော်​​တော်​များများကို ​တွေ့လိုက်​ရတယ်​ ဓာတ်​ပုံ​တွေက အများအားဖြင့်​ ​ရောင်​ဝါကို ​ခေါ်လာတဲ့ အစ်​ကိုနဲ့ ​နောက်​ထပ်​ အသားဖြူဖြူ ​ကောင်​​လေးတစ်​​ယောက်​တို့ တွဲရိုက်​ထားတဲ့ ပုံ​လေ​တွေချည်းပဲ

"အဲဒါ အစ်​ကို ခင်​ပွန်းပုံ​လေ သူက ဒီ​နေ့ night duty ကျလို့ မနက်​မှပြန်​​ရောက်​မှ"

အစ်​ကို က​ရေတခွက်​ချ​ပေးရင်း ​ရောင်​ဝါကို​ပြောလိုက်​တာ​ကြောင့်​ ​ရောင်​ဝါ ဓာတ်​ပုံ​လေးကိုချရင်း ထိုင်​ခုံမှာပြန်​ထိုင်​လိုက်​တယ်

"​တောက်​ ခုချိန်​ထိရှာမ​တွေ့​သေးဘူးလား မင်းတို့ ဘာ​တွေလုပ်​​နေတာလဲ"

"ကျွန်​​တော်​တို့လည်း လိုက်​ရှာ​နေပါတယ်​ သခင်​ကြီး စိတ်​​အေး​အေးထားပါ"

"ခွပ်​ ခွပ်​"

ရှေ့ကလာ​ပြော​နေတဲ့ ရဲရင့်​တို့ကို စိတ်​ဆိုးလို့ ပိတ်​ထိုးပစ်​လိုက်​တယ်

"​ပျောက်​​နေတာ 3နာရီရှိ​နေပြီ ဒါကို ငါက ဘယ်​လို စိတ်​​အေးရမှာလဲ ​စောက်​သုံးမကျတဲ့ ​ကောင်​​တွေ"

"သခင်​ကြီး အစ်​ကို​လေးက .....ကွန်​ဒိုအိမ်​ယာထဲဝင်​သွားတာကို မြင်​လိုက်​တဲ့လူ​တွေရှိပါတယ်​"

"သွားမယ်​"

John ​နေ ​ပြောတဲ့ အိမ်​ယာက johnပိုင်​ဆိုင်​မှု​တွေထဲက တခုဖြစ်​​နေတာ​ကြောင့်​ johnအဲ အိမ်​ယာရဲ့ cctv room ကတစ်​ဆင့်​ ကိုကို့ ကိုရှာ​ဖွေလိုက်​တယ်​ အမှိုက်​ပုံနား​လေးမှာထိုင်​​နေတဲ့ ကိုကို့ ပုံရိပ်​​လေးက johnနှလုံးသားကို ဆွဲစုပ်​လိုက်​သလိုပဲ ခန​နေ​တော့ လူတစ်​​ယောက်​နဲ့ စကား​ပြော​နေပြီး အဲလူက ကိုကို့ လက်​​မောင်းကိုလှမ်းဆွဲလိုက်​တာ​ကြောင့်​ john​ဒေါသထွက်​သွားမိတယ်

ဖူးစာDove le storie prendono vita. Scoprilo ora