Dear My King : 1

6.1K 329 170
                                    

Unicode

ညအခင်းမှာ လောကတစ်ခွင်အလင်းဆောင်သည့် စန္ဒာလမင်းဟာ ပြည့်ပြည့်ဝဝထိန်သာလို့နေသည်။အခြွေအရံကြယ်စုဝေးတို့ဟာဆိုရင်လည်း ကောင်းကင်ကြီးရဲ့အလှတရားကိုပိုပြည့်စုံရန် ထုဆစ်ဖန်တီးထားသည်။ဖြာကြာလာသော အလင်းတန်းတွေက ဂိုဟန်တိုင်းပြည်ကြီးအား ဖုံးလွှမ်းကာ တောက်ပနေပြီး ဂိုဟန်ပြည်ကြီးရဲ့အလှက ညအခင်းမှာ ပိုသက်ဝင်နေသည်။

လေပြည်ညှင်းတစ်ချက်ဝေ့တိုင်း ပျံ့လွင့်လာသည့် ညမွှေးပန်းရနံ့က အဆောင်တွေအနှံ့ ထုံထုံသင်းနေသည်။ခပ်စူးအော်သံက မြောင်ဒိုနန်းဆောင်အပြင် အနောက်နန်းဆောင်တစ်ခုလုံးတွင် တစ်ချက်တစ်ချက်လေပြေနဲ့အတူပါလာတတ်သည်။အဆောင်တံခါးရှေ့‌တွင် လက်နှစ်ဖက်နောက်ပစ်ကာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည့်ဂိုဟန်ပြည့်ရှင်သည်လည်း အဆောင်အတွင်းဘက်သို့ မမြင်ရပေမယ့် ခဏခဏမျှော်ကြည့်နေရတာအမော။
အဆောင်ရှေ့လှေကားအောက်တွင် အစီအရီတန်းကာ စောင့်နေကြသော ခြွေရံတွေကလည်း စိတ်ပူနေကြဟန်ပင်။

နှစ်နာရီပင်ကြာမြင့်နေသော်ငြား ကြားချင်လှသည့်ကလေးငယ်ရဲ့အသံလေးက ခုထိမပေါ်လာသည့်အပြင် သားဦးဖြစ်တာကြောင့် ခက်ခက်ခဲခဲမွေးနေရရှာတဲ့ ဆူဘင်းမိဖုရားသည် အားအင်တွေလည်း ကုန်လုနီးပါးဖြစ်လို့နေပြီ။ဆေးကုသဆောင်နှင့် မြောင်ဒိုနန်းဆောင်သို့ ကူးပြောင်းနေရသည့် နန်းတွင်းသမားတော်အကူတွေကလည်း ပိုရှုပ်လို့လာသည်။

"အားးး..!"

"ခေါင်းထွက်နေပြီမို့ အားထပ်စိုက်ပေးပါဦး မယ်မယ်..!"

"ဟူးး..အွန်း..!အားးး..!"

"အူဝဲ! အူဝဲ! အူဝဲ!"

အမျိုးသမီးသမားတော်ရဲ့အားပေးစကားသံအဆုံး လက်ကျန်အင်အားတို့အား စုစည်းကာ အားကုန်ညစ်တော့ သူမရဲ့အသက်ကြိုးလေးဖြစ်သည့် ကလေးငယ်လေးရဲ့ ဝမ်းတွင်းအော်သံလေးဟာ ပေါ်ထွက်လာပြီဖြစ်သည်။ကြည်နူးပီတီဖြစ်ခြင်းရဲ့သက်သေ အပြုံးနုနုနဲ့အတူ ပုလဲဥလေး‌‌တစ်စက်သည် ပိတ်ကားချလုနီးနီးရှိသည့် အရောင်ဖျော့ဖျော့မျက်ဝန်းထောင့်မှ စီးဆင်းသွားသည်။

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now