Dear My King : 3

2K 209 76
                                    

Unicode

နီဆွေးဆွေးကောင်းကင်ယံထက် အစုလိုက်ဖြစ်သည့် ငှက်ငယ်တို့က ကိုယ်စီအသိုက်သို့ အတောင်ပံကိုဖြန့်ကျက်ကာ တလွင့်လွင့်ဖြင့်ရွက်လွှင့်ရှာသည်။အ‌နောက်ဘက်‌တောင်တန်းတွေဆီသို့နားခိုတော့မည့်သူရိန်နေမင်ကြီးက တိမ်တိုက်တွေရဲ့ ဖုံးကွယ်ခြင်းကို တဖြည်းဖြည်းခံလာရကာ သုံးရက်စလကွေးလေးက ပေါ်ထွက်လာသည်။မှောင်ရီပျိုးစ အလင်းဖျော့ဖျော့က သစ်ပင်တွေကြားဖြာထွက်နေပြီးညလေညင်းခပ်လွင်လွင်ကြောင့် ရွက်စိမ်းသစ်တို့ ဘယ်ညာယိမ်းကာ ရော်ရွက်ဝါတို့က မြေပြင်သို့ခစားသည်။ပန်းပေါင်းစုံရနံ့ကလည်း ဒိုဂယောင်းတောကြီးတစ်ခွင် သင်းပျံ့နေသည်မှာ ချိုမျှမျှရယ်။

လေးကိုလွယ်လို့ ဂိုဟန်ပြည်ရဲ့နာမည်ကြီးဗျက်စောင်း‌တေးသွားတစ်ပုဒ်ကို နှုတ်ခမ်းလှုပ်ရုံမျှ ဆိုညီးရင်း မြေစာပင်တွေထက်တရွေ့ရွေ့လှမ်းနေသည့် ဖိနပ်အနက်တစ်စုံ။လက်တစ်ဖက်တွင် ဓားတစ်လက်ကိုအဆင်သင့်ကိုင်ထားကာ ကျန်တစ်ဖက်က တောဝက်တစ်ကောင်ကို ပခုံးပေါ်ထမ်းရင်း ထိန်းကိုင်ထားသည့် အမျိုးသားတစ်ဦး။မှေးစင်းသော မျက်ဝန်းတစ်စုံက ပြေပြစ်သောမျက်နှာအချိုးစားကြောင့်ထိုသူနဲ့မှ ပိုကြည့်ကောင်းနေသည်။အနက်ရောင် ချည်ကြမ်းဝတ်စုံကလည်း ဖြူညက်သောအသားရည်ကြောင့် လရောင်ဖြာတွေကြား တစ်ကိုယ်တည်းတောက်ပနေသည်။

ခြေလှမ်းတွေရဲ့ဦးတည်ရာသည် ဒိုဂယောင်းတောစပ်ရှိ တဲအိမ်အိုလေးနှင့်နီးလာသည့်အခါ ပိုမိုတက်ကြွလာသည့် သွင်ပြင်ကိုဆောင်သည်။ဒီနေ့က ဂိုဟန်ပြည့်ရှင်နဲ့အိမ်ရှေ့စံတို့ရဲ့ မွေးနေ့မင်္ဂလာမို့ အားလပ်ရက်ရမည့် တစ်စုံတစ်ယောက်ကြောင့်သာ။မြေကွက်လပ်ရှိ ကွပ်ပျစ်တွင် ငုတ်တုတ်လေးထိုင်လို့ ငိုက်နေရှာမည့်သူလေးအကြောင်းတွေးရင်း ညီတန်းနေသည့် သွားဖြူဖြူလေးတွေပေါ်သည်အထိကို အသံတိတ်ရယ်မိသည်။

ဟုတ်ပါသည် ဒီနေ့သူ့ရဲ့တစ်ဦးတည်းသော အရင်းနှီးဆုံးသူလေး လာမှာဖြစ်သည်။ဒါကြောင့်လည်း နန်းတွင်းမှာ ဆေးအကူတွေမစားရသည့်အသားကိုကျွေးချင်လို့ တောနက်ထဲအထိသွားကာ အမဲလိုက်ခြင်းဖြစ်သည်။မနက်ကတည်းကထွက်လာတာ အခုမှောင်လာပြီမို့ စောင့်နေတော့မည့်သူကိုစိတ်မချစွာ ခပ်သွက်သွက်‌လျှောက်နေရသည်။ဝါးခြမ်းတွေစိတ်ခွဲကာ စည်းရိုးအဖြစ်ကာထားသည့် ခြံအဝရောက်တော့ ဟော တွေ့ပါပြီလေ !

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now