Dear My King : 10

1.8K 153 47
                                    

Unicode

လူနှစ်ယောက်မျှသာသွားလို့ရရန်ပြုလုပ်ထားသည့် စင်တွေထက်တွင် မှတ်တမ်းစာအုပ်များ၊စည်းမျဉ်းစာအုပ်များ၊စစ်ရေးဗျူဟာစာအုပ်များ စသည့် မျိုးစုံသောစာအုပ်များက သူ့ကဏ္ဍနဲ့သူ အစီအရီရှိနေသည်။

ပကတိငြိမ်သက်တိတ်ဆိတ်နေပြီး ခပ်ညှင်းညှင်းအသက်ရှူသံနှင် စာရွက်လှန်သံအချို့က စမ်းရေပမာ တစ်ဖြောင့်တည်းစီးနေသည်။မျက်ဆံနက်တို့က မျက်ဝန်းထောင့်တွေဆီ ပုံမှန်ရွေ့လျားနေသည်မှလွဲလို ရုပ်ထုပမာငြိမ်နေသည့်မင်းကြီး။

"ကိုယ်လုပ်တော်ဂျွန် နေကောင်းသွားပါပြီတဲ့ မင်းကြီး ~"

"ကိုယ်တော် မမေးဘူး !"

အလိုက်မသိထွက်လာသည့် အထိန်းတော်ကြီးရဲ့အသံသည် မင်းကြီးစာဖတ်ရာတွင် အနှောင့်အယှက်ဖြစ်စေသည်မို့ ပြစ်ဒဏ်ပေးသင့်ပါသော်လည်း အကြောင်းအရာကိုတော့ မင်းကြီးသိချင်နေလိမ့်မယ်ဆိုတာ အသေအချာပင်။

မင်းကြီးကို ငယ်ငယ်ကတည်းက ခစားခဲ့သူပီပီ မင်းကြီးရဲ့ စိတ်နေစိတ်ထားအဝဝကို အသိဆုံးလူဆိုတာလည်း မမှားတာမို့ အခုလည်း မင်းကြီးရဲ့ကလေးဆန်မှုကြောင့် အထိန်းတော်ကြီးခမျာ ပြုံးရိပ်သန်းလာသည်။

မသိချင်တာလည်းမဟုတ်ဘဲ မမေးဘူးဆိုဘဲ !

"နန်းဆောင်ဝန်းထဲမှာ ပန်းပင်လေးတွေပဲ စိုက်နေပါတယ် ~"

"ကိုယ်တော်မမေးဘူးလို့ပြောနေတယ်လေ !"

"နည်းနည်းတော့ ပိန်သွားပါတယ် ~"

တစ်စတစ်စကျယ်လာတဲ့အသံသည် အော်ငေါက်တာမျိုးမဟုတ် အလိုမကျတာလည်းမမည်ပေ။ခေါင်းမာလွန်းတဲ့ ဘောက်ဆက်ဆက်အသံသာဖြစ်တယ်ဆိုတာ အထိန်းတော်ကြီးက ကောင်းကောင်းသိသည်။စာရွက်တွေဆီက အကြည့်မခွာတဲ့မင်းကြီးအား နောက်ဆုံးလက်နက်ထုတ်သုံးလိုက်တဲ့အခါ မျက်မှောင်ကျုံ့လို့ အထိန်းတော်ကြီးအား မော့ကြည့်လာသည်။

"မင်းကြီး အမိန့်ကိုဖယ်ရှားမပေးတော့ဘူးလား ?"

"သွားမယ် !"

စာပွဲမှ ထရပ်လိုက်သည့်ထယ်ယောင်းမှာ ဆက်ပြီးတောင့်မခံနိုင်တော့ပါ။မသိချင်ဘူးဘဲ ဘယ်လောက်ဆိုဆို လူခြေတိတ်ချိန်တိုင်း အနောက်လျှို့ဝှက်ပေါက်ကနေ မည်သူမှမသိအောင်ထွက်ရင်း ဟယ်ယန်းနန်းဆောင်ကို သွားတတ်တာဖြစ်သည်။အဝေးကနေလည်းဖြစ်သလို မှောင်ရိပ်ကျသည့် အပင်ကွယ်မှ ညတိုင်းငေးကြည့်နေကျမို့ အမြဲလိုလို တံတားတွင် ခြေဆင်းထိုင်ကာ လစန္ဒာအားငေးနေတတ်သူရဲ့ မျက်နှာနုနုကို အများကြီးအကဲမခက်နိုင်ပေ။

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now