Dear My King : 18

1.1K 121 13
                                    

Unicode

တည်တင်းနေသောဥပဓိရုပ်ရည်နှင့်အညီ ငြိမ်သက်နေတဲ့မျက်ဝန်းစူးစူးတွေနဲ့တွဲဖက်ထားသည့် ဂိုဟန်ပြည့်ရှင်သည် တင်းကြပ်လွန်းကာ အေးစက်သည်ဟု ထင်ပေါ်ကျော်ကြားသည်။သို့သော် ထိုအရာဟာ တစ်စုံတစ်ယောက်ထံတွင်တော့ ချွင်းချက်ဖြစ်သည်။အမြဲအရိပ်လို ကပ်ပါကာ မျက်စိဒေါက်ထောက်ကြည့်နေတတ်ပြီး မနားတမ်းပြောကာ ဂရုစိုက်တတ်သည်မှာ မြင်ရခဲသည်။ဩဇာတိကပ္ပပြည့်တဲ့အသံဟာ ကျောထဲစိမ့်သည်အထိဆိုပေမယ့် ထိုတစ်စုံတစ်‌ယောက်နှင့်ဆိုလျှင်တော့ သိသိသာသာပျော့ပျောင်းကာ အပြုအမူတစ်ခုချင်းဆီက နူးညံ့နေသည်။

ယခုလည်း ထိုအတူပင်။နေ့ထူးဖြစ်သည်မို့ ကိုယ်လုပ်တော်ရဲ့ဆန္ဒအရ နန်းတွင်းမှာတောင်မဟုတ်ဘဲ မြို့တော်အထိသွားကာ ရိက္ခာအချို့ဝေငှရန်ပင်။ဝေါယာဉ်စီးစဉ်ကအစ အတက်အဆင်းအဆုံး အရိပ်တကြည့်ကြည့်ဖြင့် ကြည့်ကာ လက်ချောင်းဖြူသွယ်သွယ်လေးတွေကို လွတ်ထွက်သွားမည့်အလား မလွတ်တမ်းကိုင်ထားသည်။

"ဖြည်းဖြည်းလျှောက် ~ ကိုယ်တော့်လက်ကို သေချာကိုင်ထား ~"

"ကလေးမဟုတ်ပါဘူးနော် ~"

"ကလေးမဟုတ်လို့ ပြောနေရတာပေါ့ ~ လွှတ်ထားကြည့်ပါလား လစ်ခနဲဆို ဘယ်ရှာရမလဲမသိတော့ဘူး ~"

ဆူပူသံလေးက အမြဲကြားရသည်။ပြစ်တင်တာမျိုးမဟုတ်ဘဲ စိတ်ပူခြင်းကြောင့်ဖြစ်လာတဲ့ ဂရုဏာဆူပူခြင်းသာ။သို့သော် အကဲပိုလွန်းတဲ့မင်းကြီးကြောင့် ဂျောင်ကုနှုတ်ခမ်းလေးဆူချင်လာသည်။ဂျောင်ကုလက်ကလေးတွေ ချွေးစို့ကာ ထုံကျင်လာသည့်တိုင်အောင် လွှတ်မပေးဘဲ စထွက်ကတည်းက တပူပူနဲ့ ဆူလာတာ ရောက်တဲ့အထိပင်။

တကယ့်အဖိုးကြီးလိုပဲ ! စကားသိပ်များတဲ့ မင်းကြီး !

သူ့လက်အား ဆွဲကိုင်ထားပြီး ဂိုဟန်ပြည်သူတွေဘက်မျက်နှာမူထားတဲ့ မင်းကြီးရဲ့ တစောင်းမျက်နှာအားကြည့်လို့ စိတ်ထဲကရေရွတ်လိုက်တာဖြစ်သည်။

အပြင်တွင်တော့ ထုတ်မပြောရဲပါဘူး !

တော်ကြာ ဂျောင်ကုသွားချင်တဲ့နေရာ လိုက်ပို့ဖို့ ပူဆာမရဘဲနေအုံးမယ် !

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now