Unicode
ပတ်ပတ်လည်ကစိမ်းစိုနေသည်။နှင်းရည်စက်တို့က ရွက်စိမ်းနုတို့ပေါ် တဖြောက်ဖြောက်။တကျီကျီအသံလေးတွေကလည်း မြူးထူးလို့။ဝါးရုံပင်တွေကလည်း ရင့်လာလိုက်တာ။ခပ်နွမ်းနွမ်းတဲပုလေးဟာလေး အချိန်ကာလအပြောင်းလဲကြောင့် ပိုဟောင်းလို့နေသည်။သဘာဝအတိုင်းရှိစေတာမို့ မြေနီပြန့်ပြန့်ကလေးက မြက်ခင်းနုတို့ဖြင့် ပွနေသည်။မပြောင်းလဲသည်က အငွေ့အသက်တို့ပင်။
ဖေဖေရဲ့ဆူပူသံတွေ၊လုပ်ချင်ရာလုပ်ပြီး အဆူခံရတော့မှ အသံဆာဆာလေးအော်ငိုခဲ့တဲ့ ဂျောင်ကုရဲ့အသံတွေက တစ်ရစ်ချင်းတိုးဝင်လာသည်။ထို့ပြင် မဖိတ်ဘဲ ရောက်လာခဲ့တဲ့ တစ်စုံတစ်ယောက်ရဲ့ပုံရိပ်ငယ်တွေဟာလည်း အခုထိ မြင်ကွင်းထဲ ပြတ်သားစွာပေါ်လာတော့ ရွေ့လျားနေတဲ့မျက်ဆံနက်ကလေးက ငြိမ်ကျကာ ဝန်းအိမ်လေးက တလက်လက်ဖြစ်လာသည်။
"ဒီနေရာက !"
"မှတ်မိလား ?"
"ဒါ ကျွန်တော်မျိုး ငယ်ငယ်ကနေခဲ့တဲ့နေရာ ~ "
ဂျောင်ကုက တဲအိမ်လေးရှေ့တွင် ငူငူကလေးရပ်ရင်းဖြေသည်။အပန်းဖြေဖို့ဆိုပြီး အတူလာခဲ့တဲ့နေရာက ဒီနေရာတဲ့လား။ထူးဆန်းတဲ့အတွေးတွေကလည်း ဝင်လာတော့ မေးခွန်းတွေလည်း ထပ်လာသည်။
အခုမင်းကြီးက ဒီနေရာကိုသိနေတယ်တဲ့လား။
သူနဲ့ဖေဖေရယ်၊အစ်ကိုယွန်းရယ်ကလွဲပြီး မသိတဲ့နေရာကိုလေ။ဂျောင်ကုအနောက်တွင်ရပ်နေတဲ့မင်းကြီးနဲ့ မျက်နှာချင်းဆိုင်ဖို့ လှည့်လိုက်ရင်း တစက်တည်းမေးခွန်းထုတ်လိုက်သည်က..."မင်းကြီးက ဘယ်လိုသိလဲ?"
"ပေါက်စီလေး ~"
"ဟင် ~"
မင်းကြီးကအတန်ကြာသည်အထိမဖြေေဂျာင်ကုကိုသာ ပြုံးလို့ကြည့်နေသည်။ထိုအပြုံးတွေက ဘာသဘောဆောင်လည်းသူမသိ။ထိုအပြုံးတွေကို ငေးကြည့်မိတဲ့အခိုက်မှာ မင်းကြီးက နှုတ်တော်ဖွင့်လာတော့ ဂျောင်ကုရင်အစုံဝုန်းခနဲ မြည်ဟီးသွားရသည်။
အသံငယ်လေးနဲ့အတူ ပြိုကျလာပြီဖြစ်တဲ့ အရည်စီးကြောင်းကြားမှ ဝန်းကျင်တစ်ခုလုံး ဆိတ်ငြိမ်သွားသည်။
![](https://img.wattpad.com/cover/301425195-288-k626814.jpg)
YOU ARE READING
Dear My King ( Taekook ) [ SEASON 1 ] ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22 . 6 . 2022 End date - 27 . 8 . 2023 ‼️ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်အားလုံးသည် အတာရဲ့စိတ်ကူးသက်သက်သာ ဖြစ်တာမို့ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါဘူးနော်။အကယ်လို့ တစ်ခုခုတူ...