Season : 1 [ End ]

2.4K 153 37
                                    

Unicode

"အလဲအထပ်လုပ်လာခဲ့တာ မင်းကြီး~"

ထယ်ယောင်းတစ်ကိုယ်လုံးခြောက်နက်ထဲ ဆွဲချခံလိုက်ရသလို လေဟာနယ်ထဲလွင့်သွားသလို ဗလာနတ္ထိအတိဖြစ်သွားရသည်။

"အဲ့နေ့က မင်းကြီးထွက်သွားတော့ အရမ်းငိုနေခဲ့တာ ~ ပြီးတော့ နတ်နန်းကိုလိုက်ပို့ခိုင်းတယ် ~ ကျွန်တော်မျိုးက ဝင်မရလို့ဘာပြောလဲမသိခဲ့ပေမယ့် နတ်နန်းအထွက်မှာ မေ့လဲသွားတာ ~ အသိမလွတ်ခင် ပြောခဲ့တာက မင်းကြီးရဲ့သွေးသားလေးကို သူ့မွေးပေးချင်တယ်တဲ့ ~ သူ့အသက်ပေးရလည်း အဆင်ပြေပါတယ်တဲ့"

"ဟာကွာ အကုန်မှားကုန်ပြီ !"

ကွဲအက်နေတဲ့အသံက မချိမဆန့်ဖြစ်နေသလို တင်းကြပ်လာတဲ့ရင်ဘက်က အသက်ရှူသံတွေမြန်လာကာ နိမ့်လိုက်မြင့်လိုက်။ငယ်က သူ့ကိုနန်းသွေးလေးမွေးပေးချင်လို့ အဲ့လောက်ထိကွာ!

"မင်းကြီး ဘယ်လိုလုပ်ဖို့စဉ်းစားထားပါလဲ~"

"ကိုယ်တော်က ဘာလုပ်နိုင်မှာလဲ နတ်ဘုရားတွေနဲ့လုပ်ထားတဲ့ကတိကို ကိုယ်တော်က ဘာများတတ်နိုင်မှာလဲ တောက် ! ခွပ် ! ခွပ် !"

နန်းဆောင်ဝတွင်ဘဲရှိကြသေးတာမို့ အုတ်တံတိုင်းကြီးအား ထပ်ခါထပ်ခါထိုးကြိတ်နေမိသည်။စီးပျလာတဲ့မျက်ရည်တွေက ယောကျ်ားတစ်ယောက်ရှေ့မှာ အရှက်မဲ့စွာ။ဘာအကူညီမှ မပေးနိုင်မိတဲ့ကိုယ့်ကိုယ်ကိုလည်း အပြစ်ပေးမိသည်။လက်ဆစ်တွေပေါက်ပြဲကာ သွေးချင်းချင်းနီနေတာတောက် မရပ်တန့်။

နာတယ်!

လက်ကမဟုတ်ဘူး !
ရင်ဘက်ထဲကသာ !

"မလုပ်ပါနဲ့ မင်းကြီး ~ မင်းကြီးကစပြီး စိတ်ဓာတ်ကျနေလို့မဖြစ်ဘူး ~ "

အဆက်မပျက်ထိုးနေတဲ့လက်ကို ယွန်းဂီက ဆွဲတားတော့ ထိုနံရံကို လက်ထောက်ကာ ငိုလာသည်။

"အစကနေအဆုံးထိ ကိုယ်တော် ငယ့်ကိုမကာကွယ်နိုင်ခဲ့ဘူး မင်ယွန်းဂီ~ ကိုယ်တော်က အသုံးမကျလိုက်တဲ့ကောင်သာသာပဲ!"

"ကျွန်တော်မျိုးတို့ နည်းလမ်းရှာတွေ့မှာပါ မင်းကြီး~"

နှစ်သိမ့်သူကတော့ အကောင်းဆုံးတွေပဲဖြစ်လာဖို့မျှော်လင်းပေမယ့် နတ်ဘုရားတွေအလဲအထပ်လုပ်ထားတဲ့အရာကို ထယ်ယောင်းက ဘယ်လိုတားနိုင်မှာတဲ့လဲ။

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now