Dear My King : 17

1.3K 139 59
                                    

Unicode

"ဂိုဟန်ဘုရင်ရဲ့အမိန့်ဆိုရင်ရော ငြင်းမှာလား ?"

"အင်း !"

"ဂျောင် ! ကု !"

အသံဟိန်းဟိန်းက ကျယ်လောင်စွာပင်။တိတ်ဆိတ်တဲ့ညနက်မှာမို့ အနားရှိရံခြွေတွေ တုန်လှုပ်သွားသလို ဂျောင်ကုသည်ပင်လျှင် မျက်ရည်တွေဝဲတက်လာသည်။ဤမျှလောက် တစ်ခါမှဒေါသမထွက်ဖူးတဲ့ မင်းကြီးက ယခုတော့ ဂျောင်ကုကြောင့် ဒေါသထွက်စေသည်။သို့သော် ဂျောင်ကုနောင်တမရမိ။မျက်နှာကို တစ်ဖက်သို့စောင့်ငဲ့ချကာ လွဲရင်း ကျောက်ရုပ်ပမာ ရပ်နေလိုက်သည်။တုန်ယင်နေတဲ့အောက်နှုတ်ခမ်းကို ဖိကိုက်ထားကာ ဥပေက္ခာပြုပလိုက်သည်။

"တောက် ! ကိုယ်တော့်ရဲ့ဆန္ဒထက် သူစိမ်းရဲ့သိက္ခာကို အလေးထားတာပဲ !"

တကယ်ကို ရက်စက်ပါဘိ ဂျွန်ဂျောင်ကု !
ချစ်ပါတယ်ဆိုတဲ့ ထယ်ယောင်းရဲ့ဆန္ဒကိုတော့ ထည့်မတွေး ကိုယ့်အပေါ်အမြဲမကောင်းကြံတဲ့လူအတွက်တော့ ထည့်တွေးသည်တဲ့။

ခံရခက်လွန်းလို့ အားလုံးကိုဖျက်စီးပစ်ချင်သည်။အခုလည်း ဟားးး ! တစ်စက်ကလေးမှ မတုန်လှုပ် !

"အဟက် ! "

ထယ်ယောင်းက သူ့ရှေ့က နေစိမ့်သူအားကြည့်လို့ ခပ်မဲ့မဲ့ရယ်လိုက်ရင်း...

"ကောင်းပြီလေ ! မင်းအလိုကျတိုင်းပဲပေါ့ ! အထိန်းတော်ကြီး ! မိဖုရားဆီသွားဖို့ပြင်တော့ !"

တစ်ဆက်တည်း မိန့်ဆိုကာ နောက်ကိုတစ်ချက်ပင်လှည့်မကြည့်ဘဲ ကျောခိုင်းလိုက်သည်။

အရင်လို သူ့ဝတ်ရုံစကို ဆွဲပြီး ချွဲတတ်တဲ့ကောင်လေးကို မျှော်လင့်ကာ ခေတ္တရပ်နေမိသော်လည်း တစ်ဖက်ကကြားရတဲ့ တရှပ်ရှပ်ခြေသံကြောင့် သိလိုက်ပါပြီ။

ဒီတစ်ခါလည်း ထယ်ယောင်းတို့ မျှော်လင့်လွန်းအားကြီးသွားပြီ !

ယောက်ျားတန်မဲ့ မျက်ရည်စက်က ပါးပြင်ထက်ကျလာတော့ အပြုံးမမည်တဲ့အပြုံးကိုဖန်ဆင်းကာ တစ်နေရာသို့သာ ဦးတည်လိုက်သည်။

"အဟင့် ! အင့် ! တောင်းပန်ပါတယ် ~"

ဆွဲထားချင်သောစိတ်ကို အားတင်းကာ တရွေ့ရွေ့လှမ်းလာခဲ့သော်လည်း နောက်ဆုံးမှာပြိုလဲရပြန်သည်။နေရာမှာတင် ငုတ်တုတ်ကလေးထိုင်ချရင်း ရင်ဘက်အားထုကာ ‌ငိုကြွေးမိသည်။

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now