Unicode
ခပ်မတ်မတ်ထိုင်ကာ တည်ငြိမ်နေတဲ့အသွင်နဲ့ အနီရောင်နဂါးဝတ်ရုံပိုင်ရှင် ဂိုဟန်ပြည့်ရှင်သည် ရှေ့ရှိထိုင်ခုံတွင် နောက်ပြန်ကြိုးတုတ်ခံရပြီး ခေါင်းငိုက်စိုက်ကျနေသည့်သူအား ဆွေးမြေ့စွာကြည့်သည်။အယုံကြည်ဆုံးလူရဲ့ သစ္စာဖောက်ခြင်းခံရတဲ့ ခံစားချက်က ပြောမပြတတ်အောင် စို့နစ်နေသည်။
ဘယ်လိုအကြောင်းရာတွေကများ ထိုသို့ပြုမူစေသလဲ ?
တစ်လျှောက်လုံးသူ့အပေါ် မုန်းတီးနေခဲ့တာလား ဒါမှမဟုတ်....
"ဘာလို့ လုပ်ရတာလဲ ဗြော ! ကိုယ်တော့်ကို သစ္စာဖောက်ပြီး လုပ်ရတဲ့အကြောင်းရင်းက ဘာလဲ ?"
"တောင်းပန်ပါတယ် မင်းကြီး~"
ဘယ်သူခိုင်းလို့လုပ်ရတာပါဆိုတဲ့ အကြောင်းတွေမသိချင်ဘူး။ဘာလို့လဲဆိုတဲ့ မေးခွန်းရဲ့အဖြေပဲလိုချင်တယ်။သို့သော်ပြန်ရသည်က ရေငုံနှုတ်ပိတ်ခြင်းနဲ့ တောင်းပန်စကားသာ !
ထယ်ယောင်းသိချင်တာမဟုတ်ဘူး။တောင်းပန်တာလည်းမလိုချင်ဘူး။မျက်နှာတွေက အားမရမှုကြောင့် ရဲတက်လာကာ ရှေ့ရှိစားပွဲကြီးကို အားပြင်းပြင်ရရိုက်ချရင်း ထရပ်လိုက်ပြီး...
ဒုန်း !
"မင်းကိုတောင်းပန်ခိုင်းနေတာမဟုတ်ဘူး ! တောင်းပန်တိုင်းသာ အရင်လိုပြန်ဖြစ်ရင် အစကတည်းဒါတွေဖြစ်လာမှာမဟုတ်ဘူး !"
"သတ်လိုက်ပါ မင်းကြီး !"
ချွင်!
အမုန်းဆုံးပဲ။လုပ်ချင်ရာလုပ်ပြီး အဲ့ဒီအသတ်ကိုပေးလျော်လိုက်တဲ့သဘော။
ချက်ချင်းဆိုသလို ဘေးနားတွင်ရပ်နေတဲ့ မင်ယွန်းဂီရဲ့ လက်ထဲရှိဓားအိမ်မှ ဓားကိုဆွဲထုတ်ပြီး ဗြောရှေ့ကို ခြေလှမ်းကျဲများဖြင့်ရောက်လာကာ လည်ပင်းအား ချိန်ရွယ်လိုက်သည်။
"ငယ်ငယ်တည်းက ကိုယ်တော် မင်းကိုဘဲယုံခဲ့တာ!ခမည်းတော်ထက်ကို ပိုယုံခဲ့တာ မင်းကတော့ ကိုယ်တော့်ဘက်အမြဲရှိနေမှာပါဆိုတဲ့ စိတ်နဲ့ လွယ်လွယ်လက်မခံခဲ့ဘူး ! ကိုယ်တော်ရဲ့သွေးသားကိုရန်ပြုတဲ့အထိ လုပ်ရက်တယ် ဗြော !"
YOU ARE READING
Dear My King ( Taekook ) [ SEASON 1 ] ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22 . 6 . 2022 End date - 27 . 8 . 2023 ‼️ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်အားလုံးသည် အတာရဲ့စိတ်ကူးသက်သက်သာ ဖြစ်တာမို့ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါဘူးနော်။အကယ်လို့ တစ်ခုခုတူ...