Dear My King : 2

2.2K 227 58
                                    

Unicode

အမိုးက မလုံတဲ့အခါ နေရောင်ကျဲကျဲထိုးပေါက်သည်မို့ အလင်းတန်းတို့ကြောင့် အရိပ်အောက်တွင် ခိုလုံနေသူတို့အဖို့တော့ အဆင်ပြေပါသည်။လူသုံးယောက်မျှသာထိုင်လို့ကျယ်သည့် ကွတ်ပျစ်ထက်တွင် အိမ်ရှေ့စံမင်းသားကင်မ်ထယ်‌ယောင်းဟာ ကလေးငယ်အားချီထားသည့်အခါ ဦးစွာဝင်ထိုင်လိုက်သည်။ထို့နောက် အမည်မသိတဲ့သူလေးကတော့ ဘေးတွင်ဝင်ထိုင်လာရင်း အန်ရလွန်းလို့ နွမ်းကျနေပြီဖြစ်တဲ့ကလေးငယ်ရဲ့ နဖူးကို လိုက်လန်စမ်းနေပြန်သည်။ဆေးပညာအကြောင်းမသိရှာတဲ့သူကတော့ ယောင်လည်လည်ပေါ့။

အစောကအချိန်ထိ ထိုနားတစ်ဝိုက် အုပ်အုပ်ကြပ်ကြပ်ဖြင့် အသံတွေဆူညံသွားသော်လည်း ယခုတွင် ထိုသို့မဟုတ်။မဆိုင်သူလိုနေစွာ ကိုယ်လမ်းကိုယ်သွားကြကုန်တာချည်းသာ။

အိမ်ရှေ့စံဖြစ်သူထယ်ယောင်းကသာ ဟိုကြည့်ဒီကြည့်လုပ်လိုက်ဖြင့် အလုပ်များနေတာ ထိုအမည်မသိသူလေးကတော့ သူ့ကိုတစ်ချက်ပင်မော့မကြည့်။ခဏကြာတော့ ထိုသူလေးက တစ်ခုခုကိုသိဟန်ဖြင့် ထယ်ယောင်းအား လှည့်ကြည့်လာရင်း...

"အထက်လန်အောက်လျှောဖြစ်တာမို့ ကလေးမှာ ရေဓာတ်လိုတယ် ~ "

"အဲ့တော့ ?"

မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်ဖြေလာသည့်လူကြီးမင်းကြောင့် ဂျောင်ကုစိတ်မရှည်တော့။

ဘာကို ဘယ်လို အဲ့တော့တုန်း ?
ဒီလူကြီးမင်းက ကလေးနဲ့ပတ်သတ်တာပဲဟာ လိုအပ်တာတွေရှာပေးရမှာပေါ့။စမ်းတစ်ဝါးဝါးလုပ်ပြီး ကြီးကြီးကျယ်ကျယ်နိုင်လိုက်တာများ အမြင်ကတ်စရာ။

"အဲ့တော့ ရေဓာတ်ပြည့်အောင်လုပ်ရမှာပေါ့ ~ သကြားရယ် ဆားရယ် ရေသန့်ရယ် ရှာပေးနိုင်မလား ?"

"အခု ကိုယ်တော်ကို အမိန့်ပေးနေတာလား?"

တိုင်းပြည်ရဲ့ပြယုဂ်ဖြစ်လာမည့်သူအား အမိန့်ထပ်ပေးပြန်လာ‌တာမို့ ကိုယ့်မျက်နှာကို ကိုယ်လက်ညှိုးထိုးကာ ပြန်မေးလိုက်သည်။

ဒီအမည်မသိသူလေးက တကယ်ကို ဘာလေးမှန်းမသိ..!

လူအကဲခက်လည်း ညံ့ပါရဲ့!

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now